
- By CNI
- Category: ဖျော်ဖြေရေး
- Hits: 4227
CNI Entertainment News
၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၂၉
ထိုင်းမင်းသမီး Baifern ကို ချစ်တယ်လို့ ဖွင့်ပြောလိုက်ပြီး Friend zone ကနေ ထွက်လိုက်ပြီလို့ မင်းသား Nine Naphat က နိုဝင်ဘာ ၂၉ရက်နေ့က ပွဲတစ်ခုမှာ သတင်းထောက်တွေကို ဝန်ခံခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ သူငယ်ချင်းလိုပဲ နှစ်တွေအကြာကြီးရှိခဲ့ရာကနေ မီလန်ခရီးစဉ်က ပြန်လာပြီးနောက်မှာ Baiferm ကို ချစ်နေပြီဖြစ်ကြောင်း သေချာသိလိုက်ရတဲ့အတွက် အခုလိုမျိုး ဖွင့်ပြောလိုက်တာဖြစ်တယ်လို့ သူက ပြောပါတယ်။
Nine Naphatက "ဘာဖြစ်လာမလဲ ကျနော်မသိဘူး။ ဒါပေမယ့် ကျနော်အခု သူ့ကိုချစ်တယ်။ သူ့ကိုလည်း ပြောလိုက်ပြီ။ Friend zone ကနေ မနေချင်တော့ဘူး။ ကျန်တာတော့ သူအပေါ်ပဲမူတည်တယ်။ ပြီးတော့ ကျနော့်ကို အားပေးကြပါဦး။ သူ့ကိုဖွင့်ပြောတာ ဦးနှောက်နဲ့စဉ်းစားပြီးပြောတာ နည်းနည်းမှမပါပါဘူး။ ခံစားချက်အပြည့်နဲ့ ဖွင့်ပြောခဲ့တာပါ" ဆိုပြီး ပြောပါတယ်။
Baifern နဲ့ Nine Naphatတို့ကတော့ သူငယ်ချင်းဖြစ်နေတာ ၄၊ ၅ နှစ်လောက်ရှိပြီဖြစ်ပြီး Friend zone ဆိုတဲ့ ဇာတ်ကားမှာစပြီး ပရိသတ်တွေက သူတို့နှစ်ယောက်ကို လိုက်ဖက်တာကြောင့် တွဲစေချင်ခဲ့ကြတာပါ။
Nine Naphat ရဲ့ မိခင်ဖြစ်သူကလည်း သူတို့နှစ်ယောက်ကို သဘောတူနေတာဖြစ်ပြီးတော့ Baifernနဲ့ သူငယ်ချင်းပဲဖြစ်နေသေးတဲ့ သူ့သားကို အားမရဘူးလို့လည်းပြောဖူးပါတယ်။
Source-Thailand Posts

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 4151
CNI Entertainment News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၅
Harry Potter ဇာတ်ကားတွေထဲမှာ Rubeus Hagrid အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဝါရင့် စကော့တလန် မင်းသား Robbie Coltrane ဟာ အောက်တိုဘာ ၁၄ ရက် နေ့က စကော့တလန်နိုင်ငံ၊ Larbert မှာ ကွယ်လွန်သွားခဲ့ပါတယ်။
မစ္စတာ Coltrane ကွယ်လွန်သွားချိန်မှာတော့ သူ့ရဲ့အသက်ဟာ ၇၂ နှစ် ရှိနေပါပြီ။
သူ့ရဲ့သေဆုံးမှုကို ဆေးရုံတစ်ခုမှာ ဗြိတိန်အေးဂျင့် မစ္စ Belinda Wright က အတည်ပြုခဲ့ပြီး မစ္စတာ Coltrane ရဲ့ မိသားစုကတော့ သေဆုံးတဲ့အကြောင်းရင်းကို မဖော်ပြပေမယ့်လည်း သူဟာ “အချိန်အတန်ကြာ နေမကောင်း ဖြစ်နေတယ်” လို့ မစ္စ Wrightက ပြောကြောင်း The New York Times သတင်းမှာ ဖော်ပြထားပါတယ်။
Harry Potter ဇာတ်ကားထဲက Rubeus Hagrid
မစ္စတာ Coltrane ဟာ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားတို့မှာ အနှစ် ၄၀ ကြာ အသက်မွေးဝမ်းကြောင်းပြုခဲ့သူပါ။
အဲဒီနောက် Harry Potter ဇာတ်ကားထဲမှာ Hagrid နေရာက ပါဝင်သရုပ်ဆောင်ဖို့ ဖြစ်ခဲ့ပြီး ပထမဆုံးရုပ်ရှင် "Harry Potter and the Sorcerer's Stone" ကို ၂၀၀၁ ခုနှစ် နိုဝင်ဘာမှ စတင်ပြသခဲ့ကာ ကမ္ဘာတစ်ဝှမ်းမှာ ဝင်ငွေဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့တာပါ။
Harry Potter ဇာတ်ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် နှစ် ၂၀ ကျော်ကြာ အပတ်တိုင်း fan letters တွေကို လက်ခံရရှိရတယ်လို့ မစ္စ Wright က ပြောပါတယ်။
မစ္စတာ Coltrane ကတော့ Harry Potter ဇာတ်ကားတွေအပြင် Cracker, National Treasure, From Hell, Nuns on the Run, Murderland, Danny, the Champion of the World စတဲ့ ဇာတ်ကားတွေသာမက တခြား ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။
Source - The New York Times

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 3996
CNI International News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇
တစ်ချိန်က ကမ္ဘာတလွှား နှုတ်ခမ်းနီမလေးများရဲ့ အသည်းစွဲ အိုင်းရစ်ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Westlife အဖွဲ့ဟာ သူတို့ရဲ့ The Wild Dreams Tour အာရှခရီးစဉ်ကို အခုအောက်တိုဘာ ၆ ရက်မှာ ကြေညာခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ လာမယ့်နှစ်ဆန်းပိုင်းကျရင် မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်နဲ့ ထိုင်းနိုင်ငံတို့ကို လှည့်လှည် ဖျော်ဖြေရင်း ပရိသတ်နဲ့ မိတ်ဆက်ကြပါလိမ့်မယ်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကို ရောက်ရှိမှာဖြစ်ပြီး ခရီးစဉ်အတိုင်း အထမြောက်အောင်မြင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အဖွဲ့ဝင် ၄ ယောက်ဖြစ်ကြတဲ့ Mark Feehily, Nicky Byrne, Kian Egan နှင့် Shane Filan တို့ဟာ ဘန်ကောက်မြောက်ပိုင်း၊ မြောင်သုန်ဌာနီမှာရှိတဲ့ Impact Arena ကွန်ဗင်းရှင်းစင်တာမှာ ၂၀၁၉ ခုနှစ်က သူတို့ရဲ့ The Twenty Tour ခရီးစဉ်အဖြစ် နောက်ဆုံးဖျော်ဖြေခဲ့ကြဖူးပါတယ်။ အခုတစ်ခါမှာလည်း ကိုဗစ်အလွန်ကာလမို့ သူတို့အဖွဲ့ဟာ ဘန်ကောက်ရဲ့ အဲဒီစင်တာနေရာကို တဖန် ရောက်လာကြဦးမှာပါ။
ကမ္ဘာကျော် Westlife အဖွဲ့ဝင်များ
အစတုန်းက ဒီဖျော်ဖြေရေးခရီးစဉ်ကို သူတို့နောက်ဆုံးထွက်ထားတဲ့ တေးအယ်လ်ဘမ်ရဲ့အမည်ဖြစ်တဲ့ The Wild Dreams လို့ ပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအယ်လ်ဘမ်ထဲမှာ သူတို့ကျော်ကြားခဲ့စဉ် ခပ်စောစောအချိန်တွေတုန်းက အပေါက်ဆုံး၊ အအောင်မြင်ဆုံး hits ဖြစ်ခဲ့တဲ့ သီချင်းတွေ ထည့်သွင်းထားပါတယ်။
Fool Again, If I Let You Go, Flying Without Wings နဲ့ သူတို့ပွဲဦးထွက် Swear It Again သီချင်းလိုမျိုး Westlife ရဲ့ တေးသရုပ်ဖော်တင်ဆက်မှုတွေကို ပရိသတ်တွေနဲ့အတူ သီဆိုကြဖို့ မျှော်လင့်ထားပါတယ်။
လက်မှတ် ရောင်းချ မယ့်ရက်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးဘူးလို့ ဘန်ကောက်ပို့စ်ရဲ့ ဂုရုမဂ္ဂဇင်းကဏ္ဍမှာ ဖော်ပြထားပါ တယ်။
Source: Guru Magazine by Bangkok Post

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 4678
CNI International News
၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၅
စပိန်နိုင်ငံမြောက်ပိုင်း၊ ပမ်ပလိုမြို့အနီး နာဗရီးဒေသတွင် နှစ်စဉ်ကျင်းပနေကျ ရိုးရာပွဲတော်ကို ဇူလိုင် ၁၅ ရက်က ရိုက်ကူး မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။
ရက်သတ္တပတ် တစ်ပတ်ကြာခဲ့သည့် အဆိုပါ ဆန်ဖာမင် (San Fermin) ပွဲတော် ပြီးဆုံးခြင်း အထိမ်းအမှတ်လည်း ဖြစ်သည်။ “Pobre de Mi” အမည်ရှိ စပိန်ဘာသာဖြင့် သီချင်းကို သီဆိုနေစဉ် အနီရောင် ဝတ်စုံများနှင့် ဖယောင်းတိုင်များ ကိုင်ဆောင် ထား ကြသည်ကို ပုံများတွင် မြင်တွေ့နိုင်သည်။
ပွဲတော်ရက်တိုင်းတွင် ၈၅၀ မီတာရှည်လျားသော ကျဉ်းမြောင်းသော အစပ်လမ်းများမှတစ်ဆင့် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် နွားခြောက်ကောင် လွှတ်ပေးခဲ့ရာ ၎င်းတို့ရှေ့တွင် လဲကျခြင်း (သို့မဟုတ်) ထိခိုက်ခြင်းမရှိဘဲ နွားများနှင့် အနီးကပ် စေရန် အပြေးသမားများက ကြိုးစားကြရသည်။

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 4817
CNI Entertainment News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၁
မိန်းကလေးတွေရဲ့အသည်းစွဲ အဆိုတော် ဂျက်စတင်ဘီဘာ ကတော့ Ramsay Hunt အမည်ရှိတဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာကြောင့် သူ့ရဲ့ ဘယ်ဘက်မျက်နှာတစ်ခြမ်းဟာ အကြောဆွဲသလို ဖြစ်သွားတဲ့အတွက် ဖျော်ဖြေပွဲတွေကို ခေတ္တရပ်နားလိုက်ပါတယ်။
ဒီအကြောင်းကိုတော့ ဇွန်လ ၁၁ ရက်နေ့က သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ပရိသတ်တွေကို အသိပေးပြောကြားခဲ့တာပါ။
အသက်(၂၈)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂျက်စတင် ဟာ Ramsay Hunt ဆိုတဲ့ ရှားပါးအာရုံကြောရောဂါတစ်ခုကို ခံစားနေရပြီး ဒီရောဂါကြောင့် မျက်နှာတစ်ခြမ်း အကြောသေသလို ဖြစ်သွားတဲ့အတွက် နေ့စဉ် စားသောက်တဲ့အခါမှာတောင် အခက်အခဲများစွာ ဖြစ်နေရတယ်လို့ဆိုပါတယ်။
“ ဒီမျက်လုံး က မျက်တောင်ခတ်လို့ မရသလိုပဲ ဒီဘက်ခြမ်းက ကျနော့်မျက်နှာကလည်း ပြုံးလို့မရပါဘူး။ မျက်နှာတစ်ခြမ်းလုံး အကြောဆွဲသွားတာပါ” လို့ ဘီဘာ က သူ့ရဲ့ ဘယ်ဘက်မျက်နှာကို ပြသပြီးတော့ ပရိသတ်တွေကို ပြောဆိုခဲ့တာပါ။
ဂျက်စတင်က “အခုကျွန်တော့်မျက်နှာကို အားလုံးမြင်ရတဲ့အတိုင်းပါပဲ။ ကျွန်တော်ဟာ Ramsay Hunt Syndrome လို့ခေါ်တဲ့ ရောဂါတစ်ခုကို ခံစားနေရပါတယ်။ ဒီဗိုင်းရပ်စ်က ကျွန်တော့်နားထဲက အာရုံကြောနဲ့ မျက်နှာပေါ်က အာရုံကြောတွေကို တိုက်ခိုက်တဲ့အတွက် မျက်နှာက အကြောသေသလို ဖြစ်သွားပါတယ်” လို့ ပြောပါတယ်။
သူဟာ အခုတစ်ပတ်တည်းမှာတင် ဖျော်ဖြေပွဲသုံးခုကို ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဒါ့အပြင် သူပြန်ကောင်းလာမှာဖြစ်ကြောင်း၊ မျက်နှာ ပုံမှန် ပြန်ဖြစ်အောင်လို့ မျက်နှာလေ့ကျင့်ခန်းတွေ လုပ်နေကြောင်း၊ အချိန်ကာလ ဘယ်လောက်ကြာမယ်ဆိုတာ မပြောနိုင်သေးပေမယ့်လည်း အဆင်ပြေမယ်လို့ ယုံကြည်ကြောင်း သူ့ရဲ့ပရိသတ်တွေကို စိတ်မပူအောင် ပြောခဲ့ပါသေးတယ်။
ဂျက်စတင်ရဲ့ဇနီးဖြစ်တဲ့ Hailey ဟာလည်း ပြီးခဲ့တဲ့ မတ်လတုန်းက လေဖြန်းသလို ဖြစ်သွားတာကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။
Source-CNA

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 3701
CNI Entertainment News
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀
အက်ဒ်ရှီးရန်ဟာ အစ်စဝှစ်ချ်တောင်း ဘောလုံးအသင်းနဲ့ နောက်ထပ် စပွန်ဆာ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ ဘီဘီစီ အင်္ဂလိပ်ပိုင်း က ဖော်ပြထားပါတယ်။
အက်ဒ်ရှီးရန်ဟာ ဗြိတိန် အဆိုတော်နဲ့ သီချင်းရေးသူဖြစ်ပြီး သူ့ရဲ့ လိုဂိုဟာ ပြီးခဲ့တဲ့ရာသီက အစ်စဝှစ်ချ်တောင်း အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးအသင်းတွေရဲ့ ဂျာစီပေါ်မှာ ပထမဆုံး ပါဝင်လာခဲ့ပါတယ်။
အက်ဒ်ရှီးရန် က “နောက်ထပ် ရာသီအတွက် အစ်ဝဝှစ်ချ်တောင်းကို စပွန်ဆာပေးရလို့ ကျနော်အလွန် ဝမ်းသာတယ်”လို့ ကြေညာချက် ထုတ်ခဲ့ ပါတယ်။
လိဂ်ဝမ်း ကလပ်ဖြစ်တဲ့ အစ်စဝှစ်ချ်တောင်းရဲ့ CEO မာခ့်အက်ရှ်တန်က အက်ဒ်ရှီးရန် ဆက်လက် ထောက်ခံမှု ပြသခဲ့တာဟာ အံ့သြစရာ ကောင်းတယ်လို့ ပြောပါတယ်။
မာခ့်အက်ရှ်တန် က “သူ့ရဲ့ ဆက်လက် ထောက်ခံ အားပေးမှုအတွက် အလွန် ကျေးဇူးတင်ပါတယ်။ မကြာခင်မှာ သူ့ကို အိမ်ကွင်း ပေါ့တ်မန်းရုတ်မှာ ထပ်မံကြိုဆိုဖို့ မျှော်လင့်ကြောင်း” ပြောပါတယ်။
အစ်စဝှစ်ချ်တောင်းအသင်း ကိုတွေ့ရစဉ် (BBC)
အစ်စဝှစ်ချ်တောင်းအသင်းဟာ ထုတ်လုပ်သူ အပြောင်းအလဲနဲ့အတူ အခုလကုန်ပိုင်းမှာ ကလပ်အသင်းရဲ့ ဂျာစီအသစ်တွေကို ထပ်မံပြသဖို့ ရှိနေပြီး အက်ဒ်ရှီးရန်ဟာဆိုရင် ပြီးခဲ့တဲ့ရာသီက အသင်းရဲ့ အိမ်ကွင်းကို ပုံမှန် လာရောက် လည်ပတ်တယ်လို့ လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
အစ်စဝှစ်ချ်တောင်းအသင်းဟာ ပြီးခဲ့တဲ့ ရာသီက လိဂ်ဝမ်းပြိုင်ပွဲမှာ ရမှတ် ၇၀ နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်တာကြောင့် လာမယ့်ရာသီ လိဂ်ဝမ်းမှာ ဆက်လက် ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။
ဒီလိဂ်ဝမ်းအသင်းကို မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြအဖွဲ့အဝင် အဖြစ် ဆောင်ရွက်ခဲ့တဲ့ မက်ကန်နာက ကိုင်တွယ် နေပါတယ်။ အစ်စဝှစ်ချ်တောင်းအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၂၀၀၁-၀၂ ရာသီက နောက်ဆုံး ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါ တယ်။
အဆိုပါ ရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ပြီးနောက် အစ်စဝှစ်ချ်တောင်းအသင်းဟာ ချန်ပီယံရှစ်နဲ့ လိဂ်ဝမ်းပြိုင်ပွဲ တွေမှာသာ ကျင်လည်နေခဲ့ရပါတယ်။
အစ်စဝှစ်ချ်တောင်းအသင်းဟာ ပရီးမီးယားလိဂ်လို့ နာမည်မပြောင်းခင် ၁၉၆၁-၆၂ ရာသီက ပထမတန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ၁၉၇၇-၇၈ က အက်ဖ်အေဖလားနဲ့ ၁၉၈၀-၈၁ ရာသီမှာ ယူအီးအက်ဖ်အေ ဖလားကို ရယူနိုင်ခဲ့တဲ့ အသင်း လည်း ဖြစ်ပါတယ်။
Source: BBC

- By CNI News
- Category: ဖျော်ဖြေရေး
- Hits: 3722
CNI International News
မွမ်ဘိုင်း၊ ဇွန်လ ၆
အိန္ဒိယနိုင်ငံမှ ဘောလိဝုဒ် အကျော်အမော် သရုပ်ဆောင် ဆဲလ်မန်ခန်း (Salman Khan) နှင့် ၎င်း၏ဖခင် စာရေးဆရာ ဆာလင်ခန်း (Salim Khan) တို့အား သတ်ဖြတ်ခံရမည်ဟု ခြိမ်းခြောက်စာ လက်ခံရရှိပြီး တစ်ရက်အကြာတွင် မွန်ဘိုင်းရဲ အဖွဲ့က ၎င်းတို့၏ ဗန်ဒရာဒေသ (Bandra) အနောက်ဘက်ရှိ နေအိမ်ကို ဇွန်လ ၆ ရက် (ယနေ့) တွင် စုံစမ်းစစ်ဆေးပြီး လုံခြုံရေးတိုးမြှင့်ရန် ရောက်ရှိလာခဲ့သည်။
ရဲတပ်ဖွဲ့၏ ပူးတွဲရဲမှူးဖြစ်သူ ဗစ်ဝပ်နန် ဂရီပတေးလ် (Vishwas Nangre-Patil) နှင့် အခြားလုံခြုံရေး အရာရှိများ ဦးဆောင် သော အဖွဲ့သည် ဆဲလ်မန်ခန်း မိသားစုကို ဇွန်လ ၅ ရက်က ၎င်းတို့နေထိုင်ရာ ဂလက်စီတိုက်ခန်း (Galaxy Apartments) အနီးတွင် လက်ခံရရှိသည့် တိုင်တန်းစာဖြင့် စုံစမ်းမေးမြန်းခဲ့သည်။
၎င်းမိသားစု၏ နေအိမ်တွင် အရန်လုံခြုံရေး ဝန်ထမ်းများကို ဖြန့်ကြက် ချထားသော်လည်း "အမှုကို ပဏာမ အချက်အလက် အားလုံး စုံလင်မှသာ မှတ်ချက်ပေးမည်" ဟု ဗစ်ဝပ်နန် ဂရီပတေးလ်က ပြောကြားခဲ့သည်။
မွမ်ဘိုင်း ရဲမှုခင်းဌာနခွဲက စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် ဗန်ဒရာဒေသ ရဲတပ်ဖွဲ့ (Bandra Police) ကလည်း အမည်မသိ သူများထံမှ ပေးပို့သည့် သေစေမည့် ခြိမ်းခြောက်စာ ပေးပို့ခြင်းအတွက် ပထမ သတင်းပေးတိုင်ကြားချက် (FIR) ကို အလေးထား၍ စုံစမ်းစစ်ဆေးခဲ့သည်။
ဆဲလ်မန်ခန်း၏ ဖခင်ဖြစ်သူ အသက် ၈၇ နှစ်ရှိ ဆာလင်ခန်းသည် ဇွန်လ ၆ ရက် (ယနေ့) နံနက် ၇ နာရီ ၃၀ မိနစ်တွင် ဗန်ဒရာ ဘန်းစတန်း (Bandra Bandstand) လမ်း၌ ကာယလေ့ကျင့်ခန်း လုပ်ပြီးနောက် အနားယူနေကျ ခုံတန်းလျားတစ်ခုပေါ် လဲလျောင်းနေစဉ် အမည်မသိ လူတစ်ဦးထံမှ လက်မှတ် မထိုးထားသည့် လက်ရေးဖြင့် ရေးသားထားသော ခြိမ်းခြောက်စာ တစ်စောင်ကို ရရှိခဲ့သဖြင့် သက်ဆိုင်ရာသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ စာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး စာသား အတိုကောက် အချို့နှင့် ရေးသားထားပြီး ဆဲလ်မန်ခန်းကို ပစ်မှတ် ထားသည့် အတိတ် ဖြစ်ရပ်များနှင့် ဆက်နွှယ်ခြင်းရှိပါက ထိုမှုခင်း ဖော်ထုတ်ရန် ကြိုးပမ်းနေသည်။ ထို့ပြင် ရဲတပ်ဖွဲ့က အဆိုပါ ဧရိယာအတွင်း CCTV မှတ်တမ်းများကို သဲလွန်စ ရှာဖွေနေပြီး ခြိမ်းခြောက်စာဖြင့် စပ်လျဉ်း၍ ဒေသခံများကို စစ်ဆေးမေးမြန်း လျက်ရှိသည်။
Source: wionews.com

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 3835
CNI International News
၂၀၂၂ ခုနှစ်၊ မေ ၂၃
အင်စတာဂရမ်လူမှုကွန်ရက်ပေါ်တွင် မကြာသေးမီကမှ podcast အသွင်အပြင်ကို OnlyFans အဖြစ် တင်ဆက်နေသူအမျိုးသမီးသည် ၎င်း၏အင်စတာဂရမ် account ပြန်လည်ရရှိရေးအတွက် Meta ကုမ္ပဏီဝန်ထမ်းများနှင့် လိင်ဆက်ဆံခဲ့ကြောင်း သိရသည်။
Podcast ဆိုသည်မှာ အင်တာနက်ပေါ်တွင် ဒေါင်းလုတ်ချရာ၌ လွယ်ကူစေရန် ဒစ်ဂျစ်တယ်ပုံစံဖြင့် အားဖြည့် ပရိုဂရမ်တစ်ခုဖြစ်ပြီး OnlyFans ဆိုသည်မှာ account ပိုင်ရှင်ကို အားပေးထောက်ခံသူများသာ သီးသန့်ကြည့်နိုင်ရန် စီစဉ်ထားခြင်းကိုခေါ်သည်။
အင်တာဂရမ်တွင် follower တိုးပွားနေသူ ကစ်တီလီဇို (Kitty Lixo) ဟုခေါ်သည့် အဆိုပါအမျိုးသမီးသည် No Jumper podcast တွင် အံ့အားသင့်စရာ စွပ်စွဲချက်တစ်ရပ်ကို ပြုလုပ်ခဲ့သည်။
၎င်းစွပ်စွဲချက်အစိတ်အပိုင်းနှင့်ပတ်သက်၍ Podcast ဒိုင်ခံတင်ဆက်သူ အဒမ်ဂျွန်ဂရင်းမေဆင်က “ခင်ဗျားက အင်စတာဂရမ်ကို ဖျက်လိုက်ရင် ဘယ်လိုပြန်ဆယ်မှာလဲ” ဟု စာတန်းထိုး၍ တွစ်တာတွင် လွှင့်တင်ခဲ့သည်။
ကစ်တီလီဇို၏အဆိုအရ သူမ၏ အင်စတာဂရမ် account သည် ၃ ကြိမ်၊ ၄ ကြိမ်ခန့် အပိတ်ခံရသဖြင့် အင်စတာဂရမ်၊ ဖေ့စ်ဘွတ်ခ်နှင့် အခြားလူမှုကွန်ရက်များမှာ လုပ်ကိုင်နေကြသည့် ကုမ္ပဏီ၀န်ထမ်းများစွာနှင့် အိပ်ခဲ့ကြောင်း သိရသည်။
အင်စတာဂရမ်တွင် လီဇိုသည် အရွယ်ရောက်ပြီးများသာ ကြည့်ရှုခွင့်ရှိသည့် အကြောင်းအရာများ(မဖွယ်မရာများ) ပါရှိသော ၎င်း၏ OnlyFans account ကို မကြာခဏ ချိတ်ဆက်နေခဲ့သည်။ ၎င်း၏ account သည် မည်သို့မည်ပုံ ပိတ်ဆို့ခံထားရကြောင်း တိတိကျကျမသိရသော်လည်း Meta ကုမ္ပဏီကတော့ ၎င်း၏မဖွယ်မရာကြော်ငြာနေမှုကို တားမြစ်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် လီဇို၏ account အတွက် စည်းကမ်းသတ်မှတ်ချက်များကို update လုပ်၍ အကြောင်းကြားခဲ့သည်။
“OnlyFans သည် ညစ်ညမ်းဝက်ဘ်ဆိုက်မဟုတ်သော်လည်း အခြားလိင်အသားပေးအကြောင်းအရာ ချိတ်ဆက်၍ link တွဲလျှင် ထို account များကို ကျွန်ုပ်တို့ အရေးယူပါသည်” ဟု Meta က လီဇိုထံ အကြောင်းကြားခဲ့သည်။
“ကျမရဲ့ အင်တာစတာဂရမ်ကို ပထမဆုံးအပိတ်ခံရတဲ့အချိန်မှာ ကျမသူငယ်ချင်းတစ်ယောက် အင်စတာဂရမ်မှာ အလုပ်လုပ်နေတာ သွားသတိရမိတယ်။ သူက ယောက်ျားလေးပါ။ အဲဒါနဲ့ account ပြန်ရဖို့ သူနဲ့အတူ အိပ်ခဲ့ပါတယ်။ ပြီးတော့ သူလုပ်ခဲ့တာက သူ့အတွက် တကယ့်ကို ကောင်းပါတယ်” ဟု လီဇိုက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
လီဇိုသည် အင်စတာဂရမ်မှ သူငယ်ချင်းဖြစ်သူကို “အင်စတာဂရမ်အပိတ်ခံရသည့်အခါ ပြန်လည်သုံးသပ်သည့် လုပ်ငန်းစဉ် မည်သို့လုပ်ဆောင်ရကြောင်း” ထုတ်ဖော်ရန် မေးမြန်းခဲ့သည်။
“ဒါကြောင့် ဆိုလိုချင်တာ သမာသမတ်ရှိတဲ့အနေအထားကို ဒီကုမ္ပဏီတွေ ပြန်လည်ပြင်ဆင်ဖို့ လိုနေပြီဆိုတာ ပြောချင်တာပါ” ဟု လူမှုကွန်ရက်သုံးစွဲနေဆဲဖြစ်သည့် လီဇိုက မှတ်ချက်ချခဲ့သည်။
Source: Yahoo News

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 3227
CNI Entertainment News
၂၀၂၂ ခုနှစ်၊ မေ ၁၈
ကိုဗစ်ကပ်ရောဂါလျော့ပါးသွားချိန်မို့ ကမ္ဘာတလွှားက ရုပ်ရှင်ချစ်သူတွေလည်း ယခုနှစ် ၂၀၂၂ ကိန်းရုပ်ရှင်ပွဲတော် မှာ ဘာတွေများထူးထူးခြားခြား ထွက်ပေါ်လာမလဲတွေးရင်း ရင်ခုန်စိတ်လှုပ်ရှားနေကြမယ်လို့ ထင်ပါတယ်။ ပွဲတော်ကာလကနေ ဒီကနေ့ မေလ ၁၇ ရက်ကနေ မေလ ၂၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
အခုလောလောဆယ် ကိန်းရုပ်ရှင်ပွဲတော်ကာလအတွင်း ထိပ်တန်းရောက်နေတဲ့ ရုပ်ရှင်ဇာတ်ကားတချို့ကို ပရိသတ်တွေ အကဲခတ်လို့ရအောင် တင်ဆက်ပေးပါရစေ။
ပထမဆုံးမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ အဲလ်ဗစ် (Elvis) ဖြစ်ပါတယ်။
(၁) Elvis
ဘေ့ဇ်လူဟာမန်း (Baz Luhrmann) ရဲ့ ထူးထူးခြားခြား ရိုက်ကူးပြသလိုက်တဲ့ ရော့ခ်အင်ရိုးဘုရင်ကြီး အဲလ်ဗစ်ပရက်စလေရဲ့ အတ္ထုပ္ပတ္တိဇာတ်ကားဖြစ်ပါတယ်။ ရော့ခ်အင်ရိုးဘုရင်ကြီးအကြောင်း ရောင်စုံစီခြယ် အကွက်လည်အောင် ရိုက်ကူးထားတဲ့ ဒီဇာတ်ကြားမှာ အော်စတင်ဘတ်တာနဲ့ အိုလီဗီးယားဒီဂျုံဂီ (Olivia) စတဲ့ အနုပညာကြယ်ပွင့်တွေ ပါဝင်ထားကြပါတယ်။ဒေါသူပုန်ထလို့ စိတ်လှုပ်ရှားမှုတချို့ဖော်ကျူးထားတဲ့ တေးဂီတ အစိတ်အပိုင်းများနဲ့အတူ မန်နေဂျာ ကာနယ်တွမ်ပက်ကာရဲ့ဇာတ်ကောင်နေရာမှာတော့ တွမ်ဟင့်စ် (Tom Hanks) က အသုံးတော်ခံထားပါတယ်။
(၂) The Stars at Noon
‘မွန်းတည့်ချိန်မှ ကြယ်စင်များ’ ရယ်လို့ မြန်မာပြန်နိုင်တဲ့ ဒီ ဇာတ်ကားကတော့ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက မြောက်အမေရိကတိုက်၊ နီကာရာဂွါနိုင်ငံမှာ အမေရိကန်သတင်းထောက်တစ်ယောက်နဲ့ ဗြိတိန်စီးပွားရေးသမား တစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒင်းနစ်ဂျွန်ဆင်ရဲ့ဝတ္ထုဇာတ်အိမ်ကို ပြင်သစ်အမျိုးသမီးဒါရိုက်တာ ကလယ်ယာဒင်းနစ်က စီစဉ်ညွှန်ကြားထားတဲ့ဇာတ်ကားလို့ သိရပါတယ်။
(၃) Showing Up
အမေရိကန်ရုပ်ရှင်ဒါရိုက်တာ ကယ်လီရိုင်ကာ့ဒ် (Kelly Reichardt) က သရုပ်ဆောင် မီရှဲလ်ဝီလျံစ်ကို ပန်းပုဆရာမ လစ်ဇီ (Lizzie) အဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ပန်းပုဆရာမရဲ့ ဘဝကောက်ကြောင်း အတက်အကျကို ဒီဇာတ်ကားရဲ့ မူလဇာတ်အိမ်အဖြစ် အခြေတည်ထားပါတယ်။ ပါဝင်ထားကြတဲ့ တခြားကြယ်ပွင့် တွေကတော့ အင်ဒရီးသရီးသောင်ဇင်(André 3000)၊ဂျက်ဒ်ဟီရာ့ချ်(Judd Hirsch)နဲ့ အမ်ဒါပလန်မာ(Amanda Plummer)တို့ဖြစ်ကြပါတယ်။
(၄) Crimes of the Future
ကိန်းရုပ်ရှင်ပွဲတော်မှာ ပါဝင်ဆင်နွှဲနေကျဖြစ်တဲ့ ကနေဒါဒါရိုက်တာ ဒေးဗစ်ခရိုနင်ဘတ်ချ်က သူ့ရဲ့ကိုယ်ပိုင် ဇာတ်ညွှန်းနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အနာဂတ်ရာဇဝတ်မှုများလို့ အဓိပ္ပါယ်ရတဲ့ ဒီဇာတ်ကားဟာ မနုဿပြောင်းလဲမှုဖြစ်စဉ်နဲ့အတူ တစ်ချိန်ချိန်မှာပေါ်ပေါက်လာမယ့် ကမ္ဘာတစ်ခုအကြောင်း စိတ်ကူးယဉ် တင်ဆက်ထားတာပါ။ ဆင့်ကဲ့ဖြစ်သီအိုရီအတိုင်း သည်းထိတ်ရင်ဖိုဖြစ်စရာ လူ့ခန္ဓာကိုယ်ထဲက အညှောင့်ထွက် လာတာတွေကို ထူးထူးဆန်းဆန်း ပုံဖော်ရိုက်ကူးထားတယ်လို့ သိရပါတယ်။
(၅) Three Thousand Years of Longing
ဒီဇာတ်ကားကလည်း စိတ်ကူးယဉ်ဇာတ်အိမ်ဖွဲ့ထားတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဩစတြေးလျမှ ဇာတ်ကားကောင်း၊ ဇာတ်ကားသန့်တွေကို ဖန်တီးတင်ဆက်နေကျဖြစ်တဲ့ ဂျော့မေလာက ရိုက်ကူးထားပါတယ်။ အထီးကျန်ဆန်တဲ့ ပညာရှင်တစ်ဦးအဖြစ် ဗြိတိန်မင်းသမီး ကက်သရင်းတယ်လ်ဒါစဝင်တန် (Katherine Matilda Swinton)နဲ့ အဲဒီပညာရှင်ရဲ့စိတ်ဆန္ဒဖြည့်ဆည်းပေးရသူ သဘာဝလွန်လူသား (ဒီဂျင်း-Djinn) အဖြစ် ဗြိတိန် မင်းသား အစ်ဒရစ်အယ်လ်ဘာတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။အမျိုးသမီးပညာရှင် လိုချင်တဲ့ဆန္ဒ ၃ ခု ကို သဘာဝလွန်လူသားက ဖြည့်ဆည်းပေးနိုင်ခြင်း ရှိ/မရှိ ကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုရမှာဖြစ်ပါတယ်။
(၆) Broker
ဂျပန်ဒါရိုက်တာ ဟီရိုခဇုခိုရေအယ်ဒါက သူ့ရဲ့ပထမဆုံး ထူးထူးခြားခြား ဇာတ်ကားအနေနဲ့ ကိုရီးယား ဘာသာ စကားသုံးပြီး ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ကိုရီးယားမင်းသား Song Kang-ho ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်းပြင်းရှရှ ခံစားချက်နဲ့ ဒရမ်မာဇာတ်ကားအမျိုးအစားပါ။ လူသားဖြစ်ပေမယ့် တချို့လူတွေက သူတို့မလိုချင်တဲ့ မွေးကင်းစကလေးတွေကို စွန့်ပစ်ထားရက်တဲ့ “ကလေးသေတ္တာများ” (baby boxes) တွေနဲ့ပတ်သက်ပြီး တကယ့် ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံဇာတ်အိမ်တည်ထားတယ်လို့ သိရပါတယ်။
(၇) One Fine Morning
ပြင်သစ်အမျိုးသမီးဒါရိုက်တာ မီယာဟာဆန်လက်ဖ် (Mia Hansen-Løve) ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ သမီးငယ်တစ်ဦးရှိတဲ့ တကိုယ်တော်မိခင် (Single Mum) စန္ဒရားအဖြစ် ပြင်သစ်မင်းသမီး လီယာဆေဒေါ့က်စ်က အဓိကဇာတ်လိုက်နေရာကနေ သရုပ်ဆောင်ထားပါတယ်။ သက်ကြီးရွယ်အိုဖခင်ကို ပြုစုစောင့်ရှောက်ဖို့ ကြိုးစား ရင်း မိတ်ဆွေဟောင်းတစ်ဦးနဲ့ တင်းမာတဲ့ဆက်ဆံရေး စတင်လာပုံကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုကြရမှာပါ။
Source: The Guardian, Vogue

- By CNI
- Category: ဖျော်ဖြေရေး
- Hits: 1697
CNI International News
ရစ်ချ်မွန် (ဗာဂျီးနီးယား)၊ မေလ ၅
ခင်ပွန်းဟောင်း ဂျွန်နီဒက်သည် မူးယစ်ဆေးဝါးနှင့်အရက်သေစာ သောက်သုံးပြီး မိမိကို ဒေါသတကြီးဖြင့် အကြိမ်ကြိမ် ညှင်းပန်းရိုက်နှက်ခဲ့ကြောင်း အန်ဘာဟာ့ဒ်ဆိုသူ အမျိုးသမီးက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ အမေရိကန်ရုပ်ရှင် သရုပ်ဆောင် ဂျွန်နီဒက်အတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။
တရားခွင် သီတင်းပတ် ၄ ပတ်မြောက်၌ သက်သေအဖြစ် မစ္စဟာ့ဒ်က ထွက်ဆိုရာတွင် ဂျွန်နီဒက်၏ အကြမ်းဖက်မှုသည် ၂၀၁၂ ခုနှစ် ကတည်းကဖြစ်ကြောင်း စွပ်စွဲချက်လည်း ပါဝင်ခဲ့သည်။
အိမ်တွင်း အကြမ်းဖက်မှုခံရကြောင်း စွပ်စွဲတိုင်တန်းခဲ့မှုသည် လုပ်ကြံလိုခြင်းသာဖြစ်ကြောင်း ဂျွန်နီဒက်က တုံ့ပြန်သည့် အနေ ဖြင့် အန်ဘာဟာ့ဒ်ကို ပြန်လည် တရားစွဲခဲ့သည်။
တရားခွင်၌ ထွက်ဆိုချက်တွင် ဂျွန်နီဒက်သည် မည်သည့် အမှားအယွင်းမှ မရှိဆိုသည့်အချက်ကို အန်ဘာဟာ့ဒ်က ငြင်းခဲ့သည်။
“ဘယ်လောက် နာကျင်ခဲ့ရတယ်ဆိုတာ ပြောပြဖို့ ကျမမှာ စကားလုံး မနည်းရှာနေရတယ်။ ဒီကိစ္စတွေ ဒီလောက်ကြာအောင် ပြန်ပြောဖို့က အင်မတန် ကြောက်စရာကောင်းခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
မေလ ၄ ရက်၌ အမေရိကန်နိုင်ငံ၊ ဗားဂျီးနီးယားပြည်နယ် တရားရုံးတွင် နာရီအတန်ကြာ သက်သေထွက်ဆိုခဲ့သည့် မစ္စဟာ့ဒ် သည် အမေရိကန်၏ အစိတ်အပိုင်းဖြစ်သော ပေါ်တီရီကိုဒေသတွင် The Rum Diary ဇာတ်ကူးရိုက်ကူးရင်း ဂျွန်နီဒက်နှင့် မိမိ တို့၏ ပထမဆုံး အပြန်အလှန် ဆက်ဆံရေးကို တဖန်အောက်မေ့နေခဲ့သည်။
ဂျွန်နီဒက်ကိုတွေ့ရစဉ်(GETTY IMAGES)
၂၀၁၁ ခုနှစ်တွင် ထွက်ရှိခဲ့သော ရုပ်ရှင်ဇာတ်ကားအတွက် စာနယ်ဇင်း ခရီးစဉ်တွင် ဂျွန်နီဒက်ကို မေတ္တာတုံ့ပြန်ခဲ့မိကြောင်း ၎င်းက ပြောကြားခဲ့သည်။
၎င်းတို့၏ အစောပိုင်းကာလ ဆက်ဆံရေးအပြီး ဂျွန်နီဒက်သည် ၂၀၁၂ ခုနှစ်မှစတင်၍ ၎င်းအပေါ် ကဲ့ရဲ့ရှုတ်ချသော သဘော ထား မှတ်ချက်များ ထုတ်ဖော်လာခဲ့ကြောင်း ၎င်းက စွပ်စွဲခဲ့သည်။
စိတ်ခံစားမှုဆိုင်ရာ ထွက်ဆိုချက်တွင် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် ဝင်အိုနာရိုက်ဒါနှင့် တွဲခဲ့စဉ်က ဂျွန်နီဒက် ထိုးခဲ့သည့် တက်တူးကို မိမိအား ပြသချိန်တွင် ရယ်မောမိခဲ့ကြောင်း အန်ဘာဟာ့ဒ်က ပြောကြားခဲ့သည်။
“အစက သူ စ,နေ၊ နောက်နေတယ်လို့ ထင်ပြီး ကျမ ရယ်လိုက်မိတာ။ နောက်တော့မှ သူက ကျမကို ပါးရိုက်တော့တာပဲ” ဟု ၎င်းက ထွက်ဆိုခဲ့သည်။
“သူက ကျမကို ထပ်တလဲလဲ ရိုက်ခဲ့ပါတယ်။ ကျမ အဲဒါတွေ ဘယ်တော့မှ မေ့လို့မရပါဘူး” ဟု အန်ဘာဟာ့ဒ်က ဆက်လက် ထွက်ဆိုခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကို သရုပ်ဆောင် ဂျွန်နီဒက်က ငြင်းခဲ့ပြီး အဓိပ္ပါယ်မရှိကြောင်း ကိုယ်တိုင် လျှောက်လဲချက်တွင် ထည့်သွင်းပြော ကြားခဲ့သည်။
မေလ ၄ ရက် ထွက်ဆိုချက်ထဲတွင် အန်ဘာဟာ့ဒ်က “ဂျွန်နီဒက်ကို နွေးထွေးကြင်နာ တတ်သူအဖြစ် ပုံဖော်ရန် မိမိကြိုးစား ခဲ့သော်လည်း အရက် (သို့မဟုတ်) မူးယစ်ဆေးဝါး သုံးစွဲပြီးသည့်အခါ ရံဖန်ရံဖန် စိတ်ဖောက်ပြန် (သို့မဟုတ်) ဒေါသကြီးလေ့ ရှိသူဖြစ်ကြောင်း” စွပ်စွဲခဲ့သည်။
ဂျွန်နီဒက်သည် အရက်သောက်သည့်အပြင် ကိုကင်း အများအပြား သုံးစွဲသည်အထိ ပြုလေ့ရှိသော်လည်း ယင်းသို့ သုံးစွဲတတ်ခြင်းကို ဖုံးဖိဖို့ ကြိုးစားခဲ့ကြောင်း အန်ဘာဟာ့ဒ်က ပြောကြားခဲ့သည်။
Source: BBC