CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၃
 
ထိုင်းဝန်ကြီးချုပ် ပေတုန်တန်နှင့် သူ၏ မိသားစုသည် ထိုင်းနိုင်ငံမှာ ကျင်းပနေသည့် ဆွန်ခရမ်(သင်္ကြရန်)ရေကစား ပွဲတော်ကို ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း ဖြူးထိုင်းပါတီက ထုတ်ပြန်ခဲ့သည်။
 
ထိုင်းနိုင်ငံတွင် ဆွန်ခရမ်ပွဲတော်ကို ဧပြီ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပလျက်ရှိပြီး ဝန်ကြီးချုပ် ပေတုန်တန်နှင့် မိသားစုသည် ဧပြီ ၁၃ ရက်၌ ပြည်သူများနှင့်အတူ ရေကစားပွဲတော်ကို ဆင်နွှဲလျက်ရှိသည်။