CNI Sport News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂

ဘာစီလိုနာအသင်းဟာ ဆိုစီဒက်အသင်းကို အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့တာနဲ့ ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ထံ ဖြေရှင်းချက် တောင်းဆိုထားပါတယ်။ 

ဘာစီလိုနာအသင်းဟာ ဆိုစီဒက်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီ လာလီဂါပြိုင်ပွဲမှာ ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ သွင်းဂိုးကို ခွင့်မပြုခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

လီဝန်ဒေါစကီး ဂိုးသွင်းယူချိန်မှာ သူ့ရဲ့ခြေချောင်းဟာ ပြိုင်ဘက်ကစားသမားရဲ့ ခြေထောက်ထက် စည်းကျော်နေ တယ်ဆိုပြီး VAR က လူကျွံဘောအဖြစ် သတ်မှတ်ကာ သွင်းဂိုးကို ခွင့်မပြုခဲ့တာပါ။ 

လီဝန်ဒေါစကီးကို တွေ့ရစဉ်

ဘာစီလိုနာအသင်းက VAR အမှားအယွင်း ပြုလုပ်ခဲ့တယ်လို့ ယူဆထားပြီး သွင်းဂိုး ခွင့်မပြုခဲ့တဲ့အပေါ် ဖြေရှင်း ချက် လိုချင်နေတယ်လို့ Relevo က ဖော်ပြထားပါတယ်။ 

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ဒါက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတာ ပုံတွေမှာ ရှင်းရှင်းလင်းလင်း မြင်တွေ့ရတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။ 

ဘာစီလိုနာအသင်းဟာ ဒီရှုံးပွဲကြောင့် လာလီဂါ အမှတ်ပေးဇယားကို ၉ မှတ်ဖြတ်ပြီး ဦးဆောင်နိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပွဲစဉ် ၁၃ ပွဲ ကစားအပြီးမှာ ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၂ နေရာက ရီးရယ်လ်အသင်းထက် ၁ ပွဲပိုကစားကာ ၆ မှတ် အသာရထားတာပါ။ 

ဘာစီလိုနာအသင်းဟာ လာမယ့် လာလီဂါပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၃ ရက်မှာ ဆဲလ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။  

Source: Goal