CNI Sport News

 ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆

ဘာစီလိုနာအသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ပေါ်တိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ  ခြေကျင်း ဝတ် အဆစ်လွဲတဲ့ ဒဏ်ရာရရှိခဲ့တာကြောင့် အသင်းရဲ့ ပွဲစဉ်အများအပြားကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးရဲ့ ဒဏ်ရာကို အတည်ပြုထားပေမယ့် ပြန်ကစားနိုင်မယ့် အချိန်ကို ဖော်ပြ ထားခြင်း မရှိတာပါ။ 

ကနဦး သတင်းတွေမှာ ပိုလန် လက်ရွေးစင် တိုက်စစ်မှူးဟာ ဒဏ်ရာကြောင့် တစ်လကျော်ကြာ အနားယူဖွယ် ရှိတယ်လို့ ဖော်ပြထားလို့ ရီးရယ်လ်အသင်းနဲ့ ကစားမယ့် အယ်လ်ကလက်ဆီကို ပွဲစဉ်မှာ ဘာစီလိုနာ အသင်း အတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

ဒါပေမယ့် လီဝန်ဒေါစကီးရဲ့ ဒဏ်ရာဟာ ပိုပြီးဆိုးရွားခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းဟာ အဓိက တိုက်စစ်မှူး မပါဝင်ဘဲ ပွဲစဉ် ၈ ပွဲအထိ ယှဉ်ပြိုင်ရနိုင်တာပါ။

အဲ့ဒါကြောင့် လီဝန်ဒေါစကီးဟာ လာလီဂါပွဲစဉ်တွေဖြစ်တဲ့ ဂရန်နာဒါ၊ ဘီလ်ဘာအို၊ ဆိုစီဒက်၊ အလာဗတ်စ်တို့နဲ့ ပွဲစဉ်တွေအပြင် ရှက်တာဒိုးနက်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် နှစ်ကျော့စလုံးကို ဘာစီလိုနာအသင်းအတွက် ပါဝင်နိုင်ဖွယ် မရှိပါဘူး။ 

လီဝန်ဒေါစကီးကို တွေ့ရစဉ်

ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူးဟောင်းဟာ ဒဏ်ရာကြောင့် ပိုလန်လက်ရွေးစင် အသင်းရဲ့ အခုလ ထဲ ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေကိုလည်း လွဲချော်သွားပြီ ဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၁၀ ပွဲ ပါဝင်ကစားထားပြီး ၆ ဂိုး သွင်းယူကာ ၄ ဂိုး ဖန်တီးထားတာပါ။ 

ဘာစီလိုနာအသင်းဟာ ပိုလန်တိုက်စစ်မှူး မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ ဖာရန်တောရက်စ်၊ ဂျာအိုဖီးလစ်နဲ့ ယာမဲလ် တို့ကို တိုက်စစ်ပိုင်းမှာ အသုံးပြုပြီး ပွဲထွက်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိချန်ပီယံ ဘာစီလိုနာအသင်းဟာ အခုနှစ် ဘောလုံးရာသီ လာလီဂါပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက ရီးရယ်လ် အသင်းနဲ့ ၁ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အုပ်စုပွဲစဉ် ၂ ပွဲစလုံး အနိုင်ရပြီး အုပ်စုတွင်းကို ဦးဆောင်နေ တာ ဖြစ်ပါတယ်။ 

Source: Daily Mail