CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဗန်းမောက် PDF တို့ ပူးပေါင်း၍ ယနေ့ (နိုဝင်ဘာ ၁၄ ရက်)နံနက်ပိုင်းမှ စတင်ကာ တိုက်ခိုက်လျက်ရှိသည်။

KIA-PDF ပူးပေါင်းတပ်ဖွဲ့သည် ဗန်းမောက်မြို့ သိမ်းပိုက်နိုင်ရေးအတွက် တိုက်ခိုက်လာခြင်းကြောင့် ရှမ်းနီအမျိုး သားများတပ်မတော်(SNA)နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။

ဗန်းမောက်မြို့ လုံခြုံရေးအတွက် ဆောင်ရွက်နေသော SNA တပ်ဖွဲ့ကို KIA-PDF ပူးပေါင်းတပ်ဖွဲ့က အင်အား ၂၀၀ ကျော်ဖြင့် ဗန်းမောက်မြို့ အနောက်မြောက်ဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ဗန်းမောက်မြို့ တောင်ပိုင်း မြစ်သေးချင်းရွာဘက်မှ စစ်ကြောင်း တစ်ကြောင်း၊ ဗန်းမောက်အရှေ့မြောက် ကိုင်းကြီးတုံးလှော်ဘက်မှ စစ် ကြောင်း တစ်ကြောင်း စသည့် စစ်ကြောင်း သုံးကြောင်းဖြင့် တိုက်ခိုက်လျက်ရှိနေကြောင်း ဒေသခံများက ပြော သည်။

SNA   ရဲဘော်ကိုတွေ့ရစဉ်

KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဗန်းမောက်မြို့ကို ဗဟိုပြု၍ စစ်ရေး ဖော်ဆောင်ရေး၊ ထီးချိုင့်မြို့ အား ဗဟိုပြုပြီး စစ်ရေးဖော်ဆောင်ရေး၊ ကသုံးလုံး (ကသာ-ကောလင်း-ကန့်ဘလူ) စစ်ဆင်ရေး စသည့် စစ်ဆင် ရေး သုံးခုကို ရက္ခိုင့်တပ်တော်(AA)၊ PDF၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABDSF)၊ ကူးကီးအမျိုးသားတပ်မတော်-မြန်မာ(KNA Burma)တို့ဖြင့် ပူးပေါင်းပြီး ဖော်ဆောင်နေသည်။

အဆိုပါ စစ်ဆင်ရေး သုံးခု အောင်မြင်ပါက ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တို့မှာ တဆက်တည်း စစ်ရေး ဖော်ဆောင်နိုင်ရန်အတွက် AA၊ CNF ၊ CNDF၊ PDF စသည့် လက်နက်ကိုင်များဖြင့် ချိတ်ဆက်ထားသည်။

ထို့ကြောင့် KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်၊ ဟုမ္မလင်း၊ ကောလင်း၊ ကသာ၊ ပင်လည်ဘူး၊ ထီးချိုင့်၊ ကန့်ဘလူ စသည့် ဒေသများကို သိမ်းပိုက်နိုင်ရေး အပြင်းအထန် ကြိုးပမ်းလျက်ရှိနေ သည်။