CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့သို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီကျော်တွင် ထိုးစစ်ဆင် တိုက်ခိုက်လာ ကြောင်း ဒေသခံများက ပြောသည်။
KIA-PDF ပူးပေါင်း၍ ဗန်းမောက်မြို့ အောင်ကမ္ဘာသိန်းဟိုတယ်ဘက်သို့ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် တိုက်ပွဲ ဖြစ်ပွားနေသည်။
KIA-PDF ပူးပေါင်း အင်အား ၈၀ ဝန်းကျင်ဖြင့် SNA လုံခြုံရေးယူထားသော နေရာကို ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်း ဒေသခံများက ပြောသည်။
SNA တပ်ဖွဲ့ကို တွေ့ရစဉ်
အဆိုပါ တိုက်ပွဲဖြစ်ပွားနေခြင်းနှင့်အတူ အင်းတော်(ပကဖ)က အင်းတော်-ဗန်းမောက် ဗျူဟာလမ်း အပါအဝင် တခြားသော လမ်းများအားလုံးကို စက်တင်ဘာ ၁၅ ရက်မှစတင်၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု ယနေ့ (စက်တင်ဘာ ၁၅ ရက်)ထုတ်ပြန်ခဲ့သည်။
KIA-PDF သည် ကချင်ပြည်နယ်သို့ ဝင်ပေါက်ဖြစ်သော အင်းတော်နှင့် ဗန်းမောက်မြို့ကို သိမ်းပိုက်ရန် ကြိုးပမ်းလာ သည်မှာ ၂ နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း အင်းတော်မြို့ကိုတော့ ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်က သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဗန်းမောက်မြို့ကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေသည်။