CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံရှိ ပစ္စည်းများကို ကချင်လွတ်လပ်ရေးတပ် မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက ကားများဖြင့် ယူသွားကြောင်း ဒေသခံများက ပြော သည်။
KIA-PDF များသည် ဗန်းမောက်ပြည်သူ့ဆေးရုံရှိ မီးစက်၊ ဓါတ်မှန်စက်၊ ကုတင်၊ ဘက်ထရီ၊ အင်ဗာတာ၊ ခွဲစိတ်ခန်း သုံး ပစ္စည်းများ၊ ဆေးဝါးများကို ယူဆောင်သွားကြခြင်းဖြစ်သည်။
ဗန်းမောက်မြို့ကို KIA-PDF များပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ပြီးနောက် စက်တင်ဘာ ၂၀ ရက်တွင် သိမ်းပိုက်ခဲ့သည်။
ထို့နောက် ဗန်းမောက်မြို့ပြည်သူ့ဆေးရုံရှိ ဆေးရုံသုံး ပစ္စည်းများနှင့် ဆေးဝါးများကို ယူဆောင်သွားကြသည်။
အလားတူ ဗန်းမောက်မြို့ပေါ်ရှိ အငြိမ်းစား ဝန်ထမ်းများနှင့် အစိုးရဝန်ထမ်း ၆၀ ဝန်းကျင်ကို KIA-PDF က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။