CNI News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ 

ရှမ်းနှစ်သစ် ၂၁၁၈ ခုနှစ်အတွက် ရှမ်းနှစ်သစ်ကြိုဆိုခြင်း၊ ဆွမ်းကပ်လှူဒါန်းခြင်းနှင့် ကောက်သစ်စားပွဲကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း(ရန်ကုန်)မှ ဦးဆောင်၍ ရန်ကုန်မြို့မှာ ကျင်းပခဲ့သည်။

အဆိုပါ နှစ်သစ်ကူးဆွမ်းကပ်လှူ ကောက်သစ်စားပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၉ မိုင်(နှီးဘုရားကျောင်း) ၊ အောင်မြေဘုံသာ ရှမ်းဘုန်းတော်ကြီးကျောင်းမှာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုကောက်သစ်စားပွဲသို့ ရန်ကုန်သို့ ရောက်ရှိ နေထိုင်လျက်ရှိသော ရှမ်းမျိုးနွယ်စု အသီးသီးမှ တက်ရောက်ခဲ့ကြ သည်။