CNI News

၂၀၂၃ ခုနှစ၊ ဒီဇင်ဘာ ၁၈

ဗုံးပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေသော ရန်ကုန်တွင် ပြည်သူလူထုများအနေဖြင့် သတိထားသွားလာကြရန် စီးပွားရေး လုပ်ငန်းရှင် ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိကာလမှာ ပြည်သူလူထုအများစု အကျပ်အတည်းဖြင့် ရင်ဆိုင်နေရကြောင်း ပေါက်ကွဲမှု ဖြစ်စဉ်များကို လည်း ပြည်သူများ မထိခိုက်ရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောသည်။

ဦးသက်ဇော်က “သတိထားသင့်တာပေါ့ဗျာ၊ အတတ်နိုင်ဆုံးတော့ မသိတဲ့ ပစ္စည်းတွေ မကိုင်စေချင်ဘူး။ ဖြစ်ရင်‌ တော့ သက်ဆိုင်ရာကို သတင်းပေးပေါ့၊ ဘာလို့လဲဆိုတော့ ပစ္စည်းတွေ့တိုင်း အခုချိန်မှာလည်း ရှားပါးနေတဲ့ အခါကြတော့ ဘာလေးများလဲ ဆိုပြီးတော့ စူးစမ်းစိတ်နဲ့ ဖွင့်လိုက်လို့ရှိရင် ဒီပြဿနာတွေ ရှိတာပေါ့၊ ပေါက်ကွဲ တဲ့ဟာတွေက ဒီပေါက်ကွဲတဲ့ ဖြစ်စဉ်တွေက ပြည်သူတွေကို အထိအခိုက် မရှိနိုင်အောင်လို့ပဲ ကျနော်တို့က Knowledge ပေးစေချင်တာပေါ့ဗျာ ဘာဖြစ်လို့လဲဆိုရင် မရှိဆင်းရဲသားမှာမှ ဖြစ်ခါမှ ထိခိုက်ဒဏ်ရာ ဖြစ်လို့ရှိရင် ဆေးကုရတာတွေရော သူ့ရဲ့ recovery ဖြစ်ရမယ့် အခြေအနေရော ပေးဆပ်ရမယ့် မိသားစုရဲ့ တာဝန်တွေက မသေးဘူးလေ၊ ဒါကြောင့်မို့လို့ ဒီလိုတော့ ဖြစ်တာတော့ ကျနော်တို့က သိပ်ပြီးတော့ အားမပေးဘူးပေါ့ဗျာ၊ ဘာပဲ ပြောပြော အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ ပြည်သူတွေရဲ့ စားဝတ်နေရေးကိုတော့ အထိအခိုက်တော့ မခံစေချင် ဘူးပေါ့ဗျာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်မြို့တွင်း တစ်နေရာကိုတွေ့ရစဉ်

လက်ရှိတွင် ရန်ကုန်မြို့နှင့် အခြားမြို့နယ်များမှာ စစ်ဆင်ရေးများ ဆောင်ရွက်နေကြောင်း ပြည်သူများအနေဖြင့် မိမိနှင့် မသက်ဆိုင်သော ပစ္စည်းများကို ကောက်ယူကိုင်တွယ်ခြင်းများ မပြုလုပ်ရန် တော်လှန်ရေးအင်အားစု များက ထုတ်ပြန်ထားသည်။

ထို့အတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်၊ ၁၆ ရက်များတွင် Bluetooth ဆောင်းဘောက်ဖြင့် တွဲထားသော မိုင်း ထောင်တိုက်ခိုက်မှုမှာ အရပ်သား နှစ်ဦး ဆောင်းဘောက်တစ်လုံးကို ကောက်ယူစမ်းသပ်မိရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ပြည်သူလူထုများအနေဖြင့် အပြင်သွားလာပါက သတိထားသွားလာသင့်ပြီး သတင်းကိစ္စများအား နားစွင့်ကာ အချင်းချင်း အသိပေးနေထိုင်သင့်ကြောင်း ပလောင်နိုင်ငံရေးသမား မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြော သည်။

ဈေး၀ယ်များကို တွေ့ရစဉ်

၎င်းက “ဒီလို အချိန်မျိုးမှာတော့ သွားလာတဲ့အချိန်မှာ သတိအမြဲတမ်း လိုအပ်တယ်၊ ပြီးတော့ မသွားခင်မှာ သတင်းလေးဘာလေး စုံစမ်းပြီးမှ သွားသင့်တာပေါ့၊ သွားတဲ့နေရာမှာလည်း ခုနလို တစ်ယောက်နဲ့ တစ်ယောက် အသိပေးပြီးမှ သတိပေးပြီးမှ သွားလာသင့်တာပေါ့၊ ဒီအချိန်မှာ ပြီးတော့ ကိုယ်မသင်္ကာစရာတို့ ဘာတို့တွေ တွေ့ပြီဆိုရင်လည်း သတိထားပြီးနေတတ်ဖို့ သတိထားပြီး သွားလာတတ်ဖို့ လိုတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့၊ မန္တလေးမြို့တို့ အပါအဝင် မြို့ကြီးများတွင် မကြာခဏ လုပ်ကြံသတ်ဖြတ်မှုများ၊ မိုင်းထောင်ဖောက်ခွဲမှုများ ဖြစ်ပွားလျက်ရှိနေပြီး အရပ်သားများ ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။