- By CNI
- Category: လူမှုဘဝ
- Hits: 1339
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ သောင်သွပ်စံပြကျေးရွာတွင် နေထိုင်သော ရှမ်းနီတိုင်းရင်းသူ ဖလောရင့်နိုက်တင်ဂေးဆုရှင် သူနာပြုဆရာမကြီး ဒေါ်သိန်းရည်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၆ ရက်က ကွယ်လွန် သွားပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေါ်သိန်းရည်သည် ကွယ်လွန်ချိန်တွင် အသက် ၇၄ နှစ်ရှိပြီး ဖြစ်သည်။
ဖလောရင့်နိုက်တင်ဂေးဆုရှင် သူနာပြုဆရာမကြီး ဒေါ်သိန်းရည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မောင်းခမ်းစံပြကျေးရွာနေ အဖ ဦးထွန်းစိန်နှင့် အမိ ဒေါ်နန်းလိတ်တို့က ၁၉၅၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်တွင် မွေးဖွားခဲ့သည်။
ထို့နောက် ကွယ်လွန်ချိန်ထိ သောင်သွပ်စံပြကျေးရွာမှာ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

သူနာပြုဆရာမကြီး ဒေါ်သိန်းရည်သည် မြန်မာနိုင်ငံမှာ ဖလောရင့်နိုက်တက်ဂေးဆုကို ရရှိသည့် ၃ ဦးထဲက တစ်ဦး ဖြစ်သည်။
ဒေါ်သိန်းရည်သည် မီးလောင်နေသည့် နေအိမ်တစ်အိမ်အတွင်းက အသက် ၈ နှစ်အရွယ် ကလေးငယ်ကို အသက် စွန့်၍ ကြိုးပမ်းကယ်ထုတ်ခဲ့ခြင်းကြောင့် ၂၀၀၁ ခုနှစ်တွင် ဖလောရင့်နိုက်တင်ဂေးဆုကို ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1051
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းနှင့် ချောက်မြို့နယ်တွင် မြို့နယ်အလိုက်၊ ရပ်ကွက်/ကျေးရွာ အလိုက် အိမ်တစ် အိမ်လျှင် သစ်ပင်တစ်ပင်နှုန်းဖြင့် နှစ်စဉ်စိုက်ပျိုးသွားမည်ဆိုပါက သဘာဝပတ်ဝန်းကျင် စိန်းလန်းစိုပြေမှုကို များစွာ အထောက်အကူပြုနိုင်မည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။
ချောင်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉ ရက် တွင် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးစဉ် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစို့ ဆိုသည့် ဆောင်ပုဒ်အတိုင်း ချောက်ဒေသနှင့် ရေနံချောင်း ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်း နေထိုင်သူများကလည်း မဖြစ်မနေ ပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက “ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာအလိုက် အိမ်တစ်အိမ်လျှင် သစ်ပင်တစ်ပင်နှုန်းဖြင့် နှစ်စဉ် စိုက်ပျိုး သွားမည်ဆိုပါက သစ်ပင်များ ထူထပ်များပြားလာပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုကို များစွာ အထောက် အကူပြုနိုင်မည်၊ ထိုသို့ သစ်ပင်များ စိုက်ပျိုးမှုကြောင့် အရိပ်အာဝါသများ ရရှိနိုင်မည်ဖြစ်ပြီး အပူဒဏ်ကို ထိုက်သင့် သလောက် လျှော့ချပေးနိုင်မည်၊ မိုးရာသီ မကုန်ဆုံးမီ ကာလအတွင်း ရပ်ကွက်အလိုက်၊ လမ်းအလိုက် သစ်ပင်များ ကို ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြစေလိုတယ်”ဟု ပြောသည်။
စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် စီမံကိန်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ထို့နောက် ကျေးရွာများ၌ တစ်ရွာလျှင် ထင်းစိုက်ခင်း ၂ ဧကစိုက်ပျိုးရန် သတ်မှတ်ထားပြီး ဆက်လက်တိုးချဲ့ စိုက်ပျိုးသွားကြရန်လိုကြောင်း ၎င်းက ပြောသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 992
CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉
မြန်မာနိုင်ငံအတွင်းတွင် အကြောင်းအမျိုးမျိုးကြောင့် မိမိ၏ နေရပ်ကိုစွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသူများ အား တရားဥပဒေစိုးမိုးရေးလုပ်၍ အကာအကွယ်ပေးသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင် မျိုးက ပြောသည်။
မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့်လည်းကောင်း၊ ငလျင်ဘေးနှင့်ရေဘေးကြောင့်လည်းကောင်း ပြည်တွင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၃ ဒသမ ၆ သန်းနီးပါး ရှိလာကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA Myanmar)က သြဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နေရပ်စွန့်ခွာ နေထိုင်သူများအတွက် တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးအား မြန်မြန်ထူထောင်ပေး၍ ကာကွယ်ပေးသင့်သလို စားနပ်ရိက္ခာများလည်း ထောက်ပံ့ပေးသင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

မန္တလေးက ငလျင်ဘေးကို တွေ့ရစဉ်
၎င်းက “နယ်စပ်ကို ဟုတ်လား လက်နက်ကိုင်ပဋိပက္ခ လွတ်ကင်းတဲ့နေရာကို ရောက်သွားလို့ ကုလသမဂ္ဂက ထောက်ပံ့တယ် ပေးတယ်ဆိုတာမျိုးကိုလည်း ဘာမှ ကန့်ကွက်စရာ မရှိပါဘူး။ ပြည်တွင်းမှာကျတော့ အဲကိစ္စက လုပ်ရခက်တဲ့ အနေအထား ဖြစ်နေတာပေါ့။ ဒီမြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး အနေအထားနဲ့ တတ်နိုင်တယ်တော့ မဟုတ်ဘူး။ အဓိက,ကတော့ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေး မြန်မြန် ထူထောင်ပေးလိုက်တယ် ဆိုရင် ဖြင့် သူတို့ ပြန်လည် ဝင်ရောက်လာမှာပေါ့။ ပြန်လည် ဝင်ရောက် လာတယ်ဆိုရင်တော့ လူတွေက ကိုယ်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်ဖို့ လှုပ်ရှားကြမှာပါပဲ။ ကျန်တဲ့အပိုင်းက လက်တွေ့မကျဘူး။ ဒီတရားဥပဒေစိုးမိုးတဲ့ ပတ်ဝန်းကျင်တစ်ခုကို အမြန်ဆုံး တည်ဆောက်နိုင်ဖို့လိုတယ်။ အဲလို တည်ဆောက်နိုင်ဖို့ ဆိုတာကလည်း တရား ဥပဒေမဲ့ သတ်တာဖြတ်တာတွေ လုပ်နေတဲ့လူတွေ မရှိမှဖြစ်မှာပေါ့။ အကြမ်းဖက်တွေ မရှိမှဖြစ်မှာ အရင်ဆုံးက တော့ စားသောက်ရေးကို လတစ်ခုစာပေါ့။ သုံးလစာလောက်တော့ ကျနော်တို့ လုပ်ထားပေးသင့်တာပေါ့။ ကျန်တာကတော့ ကျနော်တို့က အစိုးရက သိပ်မတတ်နိုင်ဘူးလေ။ အဲအတွက် တစ်ခုတော့ရှိတယ်။ ချေးငွေတော့ ပေးသင့်တာပေါ့။ စားသုံးမှု ယာယီစားသုံးမှု၊ ချေးငွေ နောက်ပြီးတော့ စက်သုံးဆီပေါ့။ အဲဒါ ပြည့်စုံသွားရင်တော့ ကျန်တာ သူဘာသာသူ အဆင်ပြေလာမှာပါ”ဟု ပြောသည်။
မြန်မာမှ အကူအညီ လိုအပ်နေသူ သန်းနှင့်ချီအတွက် ကုလသမဂ္ဂ အပါအဝင် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းများတွင် ရန်ပုံငွေ မလုံလောက်သည့်ပြဿနာ ဆိုးဆိုးရွားရွား ကြုံနေရသည်ဟု UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နေရပ်စွန့်ခွာ နေထိုင်သူများတွင် သဘာဝဘေးအန္တရယ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရသူများ သို့မဟုတ် တခြား ဒေသတွင် အခွင့်အရေး ကောင်းမွန်သောကြောင့် သွားရောက် အလုပ် လုပ်ကိုင်သူများ စသဖြင့် မတူညီမှုများ ရှိနိုင်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အခွင့်အလမ်းကောင်းများ ဖန်တီးပေးရမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ(NDF)မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

စစ်ဘေးဒုက္ခသည်များကိုတွေ့ရစဉ်
၎င်းက “ဒီနေရပ်စွန့်ခွာ နေထိုင်သူတွေမှာ အုပ်စုခွဲရမှာပေါ့၊ အချို့က ကျတော့ မိမိ မူလဒေသမှာက စစ်ဘေး သို့မဟုတ် သဘာဝဘေး အန္တရာယ်ကြောင့် တိုက်ပွဲတွေဖြစ်လို့ပဲဖြစ်ဖြစ် သဘာဝဘေးကြောင့်ဖြစ်ဖြစ် အဲဒေသ တွေမှာရှိတဲ့ အခြေခံ အဆောက်အအုံတွေ ပျက်ဆီးသွားတာပေါ့။ အရင်ဆုံး အဲနေရာမှာ အဲဒေသကို ပြန်လည် ပြင်ဆင်ပြီး ပြတ်အောင်လုပ်ရမယ်၊ ပုဂ္ဂလိက အဆောက်အဦတွေ ဆောက်နိုင်ဖို့ကြတော့ စနစ်တွေ ချပေးရမှာပေါ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တည်ထောင်ပေးတာမျိုးတွေ ဒါတွေလုပ်ရမှာပေါ့။ တချို့သူတွေကြတော့လည်း တခြားဒေသမှာ ပိုပြီးတော့မှ အခွင့်အရေး ကောင်းမွန်တယ်။ ဥပမာ နယ်အရပ်သွား အလုပ်လုပ်တဲ့ သူတွေရှိပါ တယ်။ အဓိက,က နယ်အရပ်ရပ်မှာ အိမ်ထက် ပိုကောင်းတယ်။ အိမ်ကို ပြန်ပို့လို့လည်း ရတယ်။ ဒါကြောင့်မို့ နယ်ရပ်မှာ သွားအလုပ်လုပ်တယ် အဲလိုပဲ ဒါက နယ်အရပ် ပြည်ပကို သွားဖို့ ပြည်တွင်းမှာ ဆိုရင်လည်းပဲ နယ်ဘက် မှာ လယ်ယာမြေတွေ လုပ်ကိုင်စားသောက်လို့ မရတဲ့အတွက် ရန်ကုန်ကို ပြောင်းတယ်။ ဧရာဝတီတိုင်းကို ပြောင်း တယ် စသည်ဖြင့်ပေါ့။ ပိုပိုကောင်းမွန်တဲ့ အခွင့်အလမ်းအတွက် ပြောင်းရွှေ့ နေထိုင်တာမျိုးဆိုရင်တော့ပေါ့။ အဲလိုမှ မဟုတ်ရင် သူတို့က ပြန်လာမှာ မဟုတ်ဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း သုံးလအကြာမှာ စတင်ခဲ့သော ပြည်တွင်းစစ်သည် ယနေ့ထိတိုင် ဖြစ်ပွားနေသည်။
အဆိုပါ ပြည်တွင်းစစ်ကာလအတွင်းမှာ မုန်တိုင်းဘေး၊ ရေဘေး၊ ငလျင်ဘေး၊ ရောဂါဘေး စသည့် ဘေးအန္တရာယ် များစွာလည်း မြန်မာနိုင်ငံသူ/သားများ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။
ထို့ကြောင့် ဘေးအန္တရာယ်များ ကြုံတွေ့ရသော ဒေသများရှိ ပြည်သူများသည် နေရပ်စွန့်ခွာ တိမ်းရှောင်လာခဲ့ကြ ရာမှာ စုစုပေါင်း မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းကျော်အနက် ၃ ဒသမ ၆ သန်းနီးပါး ရှိကြောင်း သိရသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 1565
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၇ ရက်နေ့က ကွယ်လွန်သွားခဲ့သော မြန်မာနိုင်ငံ၏ ယာယီသမ္မတ ဦးမြင့်ဆွေ၏ နိုင်ငံတော် စျာပနကို ယနေ့(ဩဂုတ် ၁၁ ရက်) နေ့လယ်ပိုင်းက နေပြည်တော်ရှိ တပ်မတော်စစ်သင်္ချိုင်းကို ပို့ဆောင် မီးသင်္ဂြိုဟ်ခဲ့သည်။
ဩဂုတ် ၁၁ ရက်က ယာယီသမ္မတ ဦးမြင့်ဆွေ၏ ရုပ်ကလာပ်ကို နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံ ကနေ သယ်ဆောင်၍ တပ်မတော်စစ်သင်္ချိုင်းသို့ ပို့ဆောင် မီးသင်္ဂြိုဟ်ခဲ့ခြင်း ဖြစ်သည်။

ဦးမြင့်ဆွေသည် DSA အပတ်စဉ် ၁၅ ဆင်းဖြစ်ပြီး တပ်မတော်တွင် အမှတ် ၁၁ ခြေမြန်တပ်မမှူး၊ အရှေ့တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး၊ တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် စသဖြင့် ရာထူးအသီးသီးကို တာဝန်ယူခဲ့ပြီး ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် အနားယူခဲ့သည်။
ထို့နောက် အရပ်ဖက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုသမ္မတ(၁)၊ ယာယီသမ္မတ စသည့် တာဝန်များကိုလည်း ထမ်း ဆောင်ခဲ့သည်။
- By CNI
- Category: လူမှုဘဝ
- Hits: 963
CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁
မြန်မာနိုင်ငံအတွင်းရှိ လူငယ်များသည် အနာဂတ်ဘဝ တည်ဆောက်ရေးအတွက် ပြည်ပနိုင်ငံများသို့ အကြောင်း အမျိုးမျိုးဖြင့် ထွက်ခွာနေကြရာမှာ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့(Passport)ရရှိရေးနှင့် ပြောင်းလဲရေးတွင် နည်းလမ်း မျိုးစုံဖြင့် တင်းကြပ်လာခြင်းက လူငယ်များ၏ အနာဂတ်ကို ပိတ်ပင်နေခြင်းလားဟု မေးခွန်းထုတ်မှုများ ရှိလာသည်။
သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများ၏ ပိတ်ပင်ကန့်သတ်မှု တချို့ကြောင့် လူငယ်များ ထွက်ပေါက်မရှိ ဖြစ်နေ သည်မှာ အမှန်ကြုံတွေ့နေရသည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)၏ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လက်ရှိ နိုင်ငံရေးဖြစ်စဉ် ဖြစ်သွားတဲ့ အချိန်မှာ ရှေ့မှာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့ကိစ္စ ရှိခဲ့တယ်ပေါ့။ မြန်မာနိုင်ငံမှာ ကျောင်းနေတဲ့ ကျောင်းသားတွေ ပညာသင်ရမဲ့အရွယ် အကုန်လုံးထဲမှာမှ အများစုက ကျောင်းတက်ရခက်တဲ့ကိစ္စတွေ ဖြစ်ပြီး နှစ်အောက်သွား ကြတာတွေရှိတယ် သူတို့အနေနဲ့ GED ကျောင်းမျိုးတွေ ဖြေပြီးတော့ အပြင်မှာ ကျောင်းသွား တက်ကြတယ်၊ ဘဝမှာ ပညာရေးက အရေးကြီးတဲ့အတွက်ကြောင့် လုပ်နိုင်တဲ့သူတွေကို ပိတ်တဲ့အတွက် သိပ် အဆင် မပြေပါဘူး” ဟု ပြောသည်။
ယေဘုယျအားဖြင့် မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သည် Passport for Visit (PV) အလည်အပတ် သွားရန်၊ Passport for Business(PB) ကုမ္ပဏီလုပ်ငန်းများနှင့်ပတ်သက်၍ လေ့လာရန်နှင့် အစည်းအဝေးများ တက်ရောက်ရန်၊ Passport for Education(PE) သင်တန်းများနှင့် ကျောင်းများ တက်ရောက်ရန်အတွက် ထုတ်ပေး လျက်ရှိသည်။

မြန်မာနိုင်ငံကူး လက်မှတ်ကို တွေ့ရစဉ်
ထို့ပြင် Passport for Job (PJ) ကုန်းပေါ်၌ အလုပ်လုပ်ရန်နှင့် သက်ဆိုင်ရာနိုင်ငံများ၏ အလုပ်သမား အခွင့်အရေး များရရှိရန်၊ Passport for Seaman (PS) သင်္ဘောပေါ်တွင် အလုပ်လုပ်ရန်၊ Passport for Religious (PR) ပြည်ပ နိုင်ငံများတွင် သာသနာပြု လုပ်ငန်းများ ဆောင်ရွက်ရန်၊ Passport for Dependent (PT) ပြည်ပထွက် အလုပ်လုပ် ကိုင်နေသူအား မှီခိုနေထိုင်ရန်တို့အတွက် နိုင်ငံကူးလက်မှတ်များ ထုတ်ပေးလျက်ရှိပါသည်။
သို့သော် မြန်မာနိုင်ငံတွင် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစု များက လူငယ်များအား စစ်မှုထမ်းရန် ဆင့်ခေါ်မှုများကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များသည် ပြည်ပနိုင်ငံများသို့ အလုပ်နှင့်ဖြစ်စေ၊ ကျောင်းတက်ရန် ဖြစ်စေ၊ ပညာသင်ကြားခွင့်ဖြင့် ဖြစ်စေ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာလာခဲ့ကြ သည်။
ထို့နောက် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ရရှိရေး အသဲအသန် ကြိုးပမ်းကြရာမှာ ပုံမှန် ၃၅၀၀၀ ကျပ်သာ ကျသင့်ရာ တရားမဝင် လမ်းကြောင်းများကနေ သိန်းဆယ်ချီ ပေးရာ လုပ်လာကြရကြောင်း၊ အလားတူ ပတ်စ်ပို့ အသစ် လျှောက် သည်ဖြစ်စေ၊ သက်တမ်းတိုးသည်ဖြစ်စေ၊ PJ မှ PV ပြောင်းသည်ဖြစ်စေ အနည်းဆုံး ၁ လမှ ၇ လလောက်ထိ ကြိုတင် ဘိုကင်တင်ရသော QR စနစ်ကို အာဏာပိုင်အဖွဲ့အစည်းများဘက်က ကျင့်သုံးလာခဲ့ကြောင်း၊ PJ ပတ်စ်ပို့ ကိုင်ဆောင် ထားသူများကိုလည်း ပြည်ပ ထွက်ခွာခွင့် တင်းကြပ်လာကြောင်း သိရသည်။
ဦးထက်အောင်ကျော်က “လက်ရှိ အကြောင်းအမျိုးမျိုးကြောင့် Drop out ဖြစ်သွားတဲ့ ကိစ္စဖြစ်ပြီး နိုင်ငံခြား ကျောင်းသွားတက်မဲ့ကိစ္စတွေမှာ ကိုယ့်ဘာသာ ကိုယ်တတ်နိုင်လို့ ကမ်းလှမ်းတာရှိလို့ သွားတဲ့ဟာတွေမှာလည်း ခွင့်ပြုသင့်တယ်၊ အသက် ၃၅ မပြည့်တဲ့ အရာတွေကတော့ နိုင်ငံတော် အစိုးရဘက်က စဉ်းစားရမဲ့အပိုင်းပေါ့၊ ပညာသင်ရမဲ့ အရွယ်ကာလဖြစ်တဲ့ အတွက်ကြောင့် ပညာသင်ဖို့အတွက် သွားခွင့်ပြုသင့်တယ်၊ Drop out ဖြစ်သွားတဲ့ လူငယ်ထုကြီးကို ဘယ်လိုပုံစံမျိုးနဲ့ လူငယ်တွေကို ဘဝတစ်သက်တာအတွက် ကျနော်တို့ ဘာတွေ ပြန်လုပ်ပေးမလဲပေါ့ ဥပမာ Training တွေ လုပ်ပေးတာမျိုး၊ သူတို့အတွက် သေသေချာချာ ပေါ်လစီတစ်ခုကို ချမှတ်ပြီး စဉ်းစားသင့်နေတဲ့ အချိန်မှာ ရှိသမျှ အပေါက်တွေ လိုက်ပိတ်နေတာက အစိုးရကို အဆိုးမြင်ခံရနိုင်တာလွှဲလို့ ကျန်တာက သိပ်ပြီး ရလဒ် မကောင်းနိုင်ဘူး ဒီအတွက်ကြောင့် အစိုးရအနေနဲ့ ဖြေလျှော့သင့်တယ်လို့ ကျနော်မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သည် ပြည်နယ်/တိုင်းဒေသကြီးများရှိ ရုံး/ရုံးခွဲများတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားမှုများနှင့်ပတ်သက်၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ သတ်မှတ်လုပ်ငန်းစဉ်အတိုင်း စိစစ် လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။
PJ မှ PV သို့ ပြောင်းလဲ လျှောက်ထားမှုများနှင့်ပတ်သက်၍ သက်တမ်းရှိသော PJ နိုင်ငံကူးလက်မှတ် စာအုပ်များအား PV သို့ ပြောင်းလဲ ဆောင်ရွက်ပေးခြင်းအား (၆.၆.၂၀၂၄) ရက်နေ့မှစ၍ လုံးဝပြောင်းလဲဆောင်ရွက်ပေးခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံကူး လက်မှတ်ကို တွေ့ရစဉ်
ယခုကာလမှာ နိုင်ငံခြားပညာတော်သင် သွားရန်အတွက် ယခင်လက်ဝယ် ကိုင်ဆောင်ထားသော PJ ပတ်စ်ပို့ မှ PE သို့ ပြောင်းလဲ လျှောက်ထားခွင့်အပေါ် ပိတ်ပင်ခံနေရသဖြင့် လူငယ်များနစ်နာ ထိခိုက်နေသည်ဟု ပြည်ပသို့ ပညာတော် သင် သွားမည့် လူငယ်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမတော့ N3 တက်နေတာပါ၊ ဘိုးဘွားစောင့်ရှောက်ရေး အလုပ်ကိုသွားမလို့ အခုတော့ စကော်လားရှစ် ကျောင်းတစ်ကျောင်းနဲ့ ချိတ်ဆက်မိတော့ ညီမက အလုပ် မလုပ်တော့ဘဲနဲ့ ကျောင်းပဲ သွားတက်မလို့ပေါ့၊ Passport က PJ ဖြစ်နေတယ် PE ပြောင်းဖို့ ဟိုးတစ်နေ့က ရုံးမှာ သွားစုံစမ်းတဲ့ အချိန်ကျတော့ Passport သက်တမ်းကုန်မှ ပြန်ပြောင်း လို့ ရမယ်လို့ပြောတယ်။ဒီနှစ် ၂၀၂၅ မှာမှ Passport က လုပ်ထားတာဆိုတော့ ၂၀၂၉ လောက်မှ သက်တမ်းပြန်တိုးပြီးမှ ပြန်ပြောင်းလို့ ရမယ်ဆိုပြီး ပြောတယ်၊ ၂၀၂၉ ဆိုတော့ စောင့်ရမှာက ၅ နှစ်လောက် ဖြစ်နေတယ်၊ အခု မိဘတွေက လည်း ငွေကြေး ကုန်ထားတယ်၊ နိုင်ငံခြားပဲ သွားရတော့မလိုလို၊ ဒီနိုင်ငံမှာပဲ အလုပ်ပြန်ပြီး လုပ်ရတော့မလိုလိုနဲ့ အဆင် မပြေတာလေး ဖြစ်နေတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် PJ Passport ကိုင်ဆောင်ထားသူများမှာ PV သို့ ပြောင်းလဲရန် အများအပြား ရှိလာသဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က PJ မှ PV သို့ ပြောင်းလဲခွင့် မရှိကြောင်း ၂၀၂၄ ခုနှစ်မှာ ကန့်သတ်ခဲ့ဖူး သည်ဟု ပတ်စ်ပို့လုပ်လိုသူများအား ဝန်ဆောင်မှု ပေးသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လူငယ်တော်တော်များများက PE နဲ့ ထွက်ကြတာများတယ်၊ ဒါပေမယ့် အခုရက်ပိုင်အတွင်း ရုံးက PE ပါ ပိတ်ပစ်လိုက်တယ်၊ ရုံးမှာ စာတော့ ထွက်လိမ့်မယ်၊ စာက ရုံးမှာ မကပ်ထားဘူး ပေးမချိန်းတဲ့အပြင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ဝင်နေသူတွေကို စာအုပ်သက်တမ်း ၅ နှစ်ပြည့်မှ ချိန်းလို့ရတယ်၊ သက်တမ်း ၅ နှစ် မပြည့်မချင်း ထွက်လို့လည်းမရ ချိန်းလို့လည်းမရ ဖြစ်နေတာ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ အား ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အငြင်းပွားမှုကို မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ အာဏာရယူခဲ့သည်။
ထို့နောက် နိုင်ငံတစ်ဝန်း ဆန့်ကျင် ဆန္ဒပြမှုများ ပေါ်ပေါက်လာသလို လက်နက်ကိုင် တော်လှန်မှုများ ဖြစ်ပွားကာ လူငယ်အများအပြားကို နှစ်ဖက်စလုံးက စစ်မှုထမ်းရန် ဥပဒေများထုတ်ပြန်၍ ခေါ်ဆောင်လာသည့်အတွက် လူငယ် များသည် အနာဂတ်ကို စိုးရိမ်လာပြီး ပြည်ပနိုင်ငံများသို့ အကြောင်းမျိုးစုံဖြင့် ထွက်ခွာနေကြသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 630
CNI International News
နယူးဒေလီ၊ ဩဂုတ် ၇
အိန္ဒိယနှင့် X လူမှုမီဒီယာကုမ္ပဏီကြား တရားရေးဆိုင်ရာ အမှုအခင်းများ ဆက်လက် ဖြစ်ပွားနေကြောင်း ရိုက်တာ မှ ဖော်ပြခဲ့သည်။
မတ်လအတွင်းက X ကုမ္ပဏီသည် အွန်လိုင်းဆင်ဆာ ဖြတ်မှုနှင့်ပတ်သက်ပြီး အိန္ဒိယအစိုးရကို ကာနာတာကာ အထက်တရားရုံးတွင် စွဲချက်တင်ခဲ့သည်။
အိန္ဒိယအစိုးရသည် တရားရုံး၏ ခွင့်ပြုချက်မရှိပဲ သို့မဟုတ် လုံလောက်သည့် လေ့လာစစ်ဆေးမှုများ မပြုလုပ်ဘဲ X လူမှုမီဒီယာတွင် တင်သော အကြောင်းအရာများကို ဖျက်ချရန် တရားရေးစနစ်အား အသုံးပြုနေကြောင်း X ကုမ္ပဏီက စွပ်စွဲခဲ့သည်။
ထိုလုပ်ဆောင်ချက်သည် အိန္ဒိယ၏ အခြေခံဥပဒေ၊ အထူးသဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက် နေကြောင်း X ကုမ္ပဏီက ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက Sahyog Portal (ဆာယောင် ပို့စ်တန်)အမည်ရှိ ဒစ်ဂျစ်တယ် ပလက်ဖောင်း တစ်ခုကို ထူထောင်ခဲ့ပြီး ဒေသခံရဲတပ်ဖွဲ့နှင့် အရာရှိများအား လူမှုမီဒီယာများပေါ်မှ ပို့စ်များကို တိုက်ရိုက် ဖျက်ချခွင့်ပြုခဲ့သည်။
ဥပမာအားဖြင့် X လူမှုမီဒီယာတွင် နိုင်ငံရေးသမားများကို လှောင်ပြောင်သည့် ကာတွန်းများ၊ နိုင်ငံရေးသမားများ အား အသုံးမကျကြောင်း ရေးသားသည့် ပို့စ်များ၊ နိုင်ငံရေးဟာသများ အစရှိသည့် ပို့စ်များကို တာဝန်ရှိသူများက တိုက်ရိုက် ဖျက်ချနိုင်ခြင်းဖြစ်သည်။
ထိုစနစ်သည် လူမှုမီဒီယာ၌ တင်သည့် အကြောင်းအရာများအား ဖျက်ချရန် အရာရှိ အများအပြားကို လုပ်ပိုင်ခွင့် ပေးထားခြင်းဖြစ်ပြီး အလွဲသုံးစားလုပ်မှုများ ရှိနိုင်ကြောင်း X ကုမ္ပဏီက ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရကမူ လူမှုမီဒီယာများပေးတွင် သတင်းအမှားများနှင့် အမုန်းစကားများကို ဟန့်တားရန် စည်းကမ်း များ လိုအပ်ကြောင်း၊ ၎င်းတို့၏ စနစ်သည် အွန်လိုင်းပေါ်မှ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖြေရှင်းရာတွင် အထောက်အကူ ရရှိကြောင်း ခုခံကာကွယ်ခဲ့သည်။
ထိုအမှုအခင်းနှင့် ပတ်သက်ပြီး တရားရုံးက စီရင်ချက် မချမှတ်ရသေးသဖြင့် X ကုမ္ပဏီနှင့် အိန္ဒိယ၏ နည်းပညာ ဝန်ကြီးဌာနတို့က ရိုက်တာသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။
Source: ရိုက်တာ
- By CNI
- Category: လူမှုဘဝ
- Hits: 1066
CNI New
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀
မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်-မန္တလေး အပါအဝင် မြို့ကြီးများတွင် မီးပွိုင့်စနစ် ၂ မျိုးဖြစ်နေခြင်းကြောင့် မော်တော် ယာဉ်မောင်းသူများအတွက် အခက်အခဲများဖြစ်နေသလို အောက်ခြေ၌ စည်းကမ်းချိုးဖောက်သူဟုဆိုကာ ငွေကြေး တောင်းခံရမှုများ ကြုံတွေ့နေကြရသည်။
မြန်မာနိုင်ငံတွင် မီးပွိုင့်စနစ်ကို ကျင့်သုံးရာမှာ စနစ်တစ်မျိုးတည်းသာ ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိက,ကတော့ မီးပွိုင့်စနစ်က ဘယ်ဟာပဲလုပ်လုပ်ပါ၊ တစ်မျိုးတည်း တိတိကျကျ သေသေချာချာ အစဥ်တစိုက်ပေါ့နော် ဘယ်မီးပွိုင့်မှာမဆို ဤသို့ဤနယ် လုပ်ဆိုတဲ့ဟာမျိုး ဖြစ်ဖို့လိုအပ်တာပေါ့။ ဒီမီးပွိုင့်မှာက ဂဏန်းတွေနဲ့ပြပြီး ဟိုမီးပွိုင့်က ဂဏန်းနဲ့ မပြလို့ဆိုတဲ့ ဟာမျိုးကျရင် လိုက်နာရတဲ့လူက မီးပွိုင့်စနစ်မှာ တချို့ဟာ တွေဆိုရင် အကွေ့အတွက်ကို အဝါပေးတယ် နောက်တစ်နေရာရောက်ရင် အဝါသည် ကွေ့လို့မရဘူးဆိုတဲ့ဟာ ဖြစ်ပြန်ရော၊ အဲလိုမျိုးပေါ့နော်။ (အ)ကွေ့ကြောကို မီးစိမ်းပြမှသာသွားရတဲ့ မီးပွိုင့်ရှိသလို (အ)ကွေ့ကြောကို အဲလို အကွေ့အတွက် မီးပွိုင့် သီးသန့်မရှိပဲနဲ့ အဲလိုကြည့်ထွက်ရတဲ့ဟာမျိုးလည်း ရှိတတ်တယ်။ လူတွေက လိုက်နာတဲ့ အခါမှာ ဘယ်ဟာသည် ဘာဆိုတာ တိတိကျကျ ဖြစ်မှာပေါ့နော်။ ဘယ်ဟာပဲဖြစ်ဖြစ်ပါ လူထုက အဲဟာတစ်ခုကို သတ်သတ်မှတ်မှတ် နားလည်ပြီးတော့မှ သေသေချာချာ တစ်ပြေးညီ လိုက်နာကျင့်သုံးသွားရင် အဆင်ပြေတာပေါ့ နော်။ မီးပွိုင့်နဲ့ မှတ်တိုင်နဲ့ဆိုတဲ့ဟာ မျိုးတွေပေါ့”ဟု ပြောသည်။

ယာဉ်ထိန်းရဲများကို တွေ့ရစဉ်
လက်ရှိ ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ကြီးများတွင် ဝါ-စိမ်း-နီ အရောင်လိုက် အချိန်းအပြောင်းစနစ်ဖြင့် မီးပွိုင့် ကို ကျင့်သုံးနေသလို ဝါ-စိမ်း-နီ အရောင်လိုက် ဂဏန်း(နံပါတ်)ဖြင့် အချိန်းအပြောင်းစနစ်ဖြင့် မီးပွိုင့်အား ကျင့်သုံးမှု များလည်း ရှိနေသည်။
ထိုသို့ မီးပွိုင့်စနစ်ကို စနစ် ၂ မျိုးဖြင့် ကျင့်သုံးခြင်းက မော်တော်ယာဉ် မောင်းနှင်သူများနှင့် လမ်းဖြတ်ကူးသူများ အတွက် အခက်အခဲကြုံတွေ့နေရသလို ယာဉ်ထိန်းရဲများက မီးပွိုင့်ကို လိုသလို သုံး၍ မော်တော်ယာဉ်များ မီးဝါ- မီးနီ ဖြတ်မောင်းသည်ဟုဆို ငွေကြေးတောင်းခံမှုများ ပြုလုပ်လာနေသည်။
ဦးထက်အောင်ကျော်က “အခုဆိုရင် တအား ရုပ်ပျက်နေတဲ့ ဟာလည်းရှိတယ်။ တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာ ရှိတယ်။ တက္ကသိုလ်ရိပ်သာလမ်းကနေ အင်းယားလမ်းကိုကူးမဲ့ မီးပွိုင့်၊ အဲမှာသူက မီးပွိုင့် ပြီးတာနဲ့ လူတွေဟာ ကားမှတ်တိုင် ဖြတ်တယ်။ ထိပ်နားလေးမှာ မော်တော်ပီကယ်က အဲမှာ စောင့်ပြီးတော့ စောင့်ဖမ်းတာပေါ့နော်။ ဝန်ထမ်းတွေဘက်က ပိုက်ဆံမလောက်လို့ပဲ ငွေရှာနေကြသလားလို့ပဲ ထင်မိတော့တယ်။ ပြီးရင် မော်တော်ပီကယ် တွေကလည်း ပေါ်ပေါ်ထင်ထင် စောင့်ဆိုင်းပြီးတော့မှ ဥပဒေအရေးကို တည့်မတ်အောင် ကြပ်မှတ် နေတယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ လူထုက အမှားဖြစ်အောင် စောင့်ပြီး အဲအမှားပေါ်မှာ သက်သက်လာပြီး ငွေရှာတဲ့ သဘောဖြစ်နေတာ စည်းမျည်းစည်းကမ်းကို လူထုအားလုံး လိုက်နာရန် တာဝန်ရှိပြီး။ အဲဒီဟာကို Law & informant ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဟာမျိုးတွေ သေသေချာချာ လုပ်မှရမယ်ပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မီးပွိုင့်စနစ်ကို ဝါ-စိမ်း-နီ အရောင်လိုက် ဂဏန်း(နံပါတ်)ဖြင့် အချိန်းအပြောင်း လုပ်သည့်စနစ်ကို ကျင့်သုံးသင့်ကြောင်း၊ ထိုစနစ်ကို ကျင့်သုံးပါက မီးပွိုင့်အလွတ် ဖြတ်ကျော်မောင်းနှင်မှုကနေ ပေါ်ပေါက်လာမည့် ယာဉ်မတော်တဆမှုများကို လျှော့ချနိုင်သလို စည်းကမ်းဖောက်ဖျက်မှုများကိုလည်း အရေးယူနိုင်မည်ဖြစ်ကြောင်း မော်တော်ယာဉ်မောင်းနှင်သူများက ထောက်ပြကြသည်။

ဝါ-စိမ်း-နီ အရောင်လိုက် ဂဏန်း(နံပါတ်)ဖြင့် အချိန်းအပြောင်းလုပ်သော မီးပွိုင့်စနစ်ကို တွေ့ရစဉ်
အလားတူ ဝါ-စိမ်း-နီ အရောင်လိုက် အချိန်းအပြောင်း လုပ်သည့်စနစ်ကို ကျင့်သုံးပါက ယာဉ်မတော်တဆမှုများ ဖြစ်နိုင်သလို ယာဉ်ထိန်းရဲများက မီးပွိုင့်စနစ်ကို လိုသလို အသုံးပြု၍ မော်တော်ယာဉ်မောင်းနှင်သူများထံမှ ငွေ ညစ်မှုများ လုပ်ဆောင်နေခြင်းကိုလည်း တားဆီးနိုင်မည်ဖြစ်ကြောင်း မော်တော်ယာဉ်မောင်းနှင်သူများက ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ မီးပွိုင့်စနစ်တွင် နံပါတ်ဖြင့် ဝါ-စိမ်း-နီ မီးပွိုင့်ဆိုလျှင် နံပါတ်စနစ်ဖြင့်သာ သွားသင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နံပါတ်နဲ့က ချိန်လို့ရတယ်လေ၊ သဘောက ဘယ်လောက် ကျန်သေးလည်း အချိန်နီတော့မယ်ဆိုရင် ဝါတော့မယ်ဆိုရင် အရှိန်လျှော့လို့ရတာပေါ့။ နံပါတ်မရှိတဲ့ အခါကြတော့ ဒါဘယ်လို ပြောမလဲ၊ ဘယ်လိုခေါ်မလဲ ဥပမာ ဆက်စိမ်းမယ်ထင်ပြီး ဖြတ်လိုက်ပြီးတော့မှ အလယ်ခေါင် ရောက်တော့မှ ဝါတာတို့၊ နီတာတို့ ဖြစ်လာရင် ဒါပြဿနာတွေ ရှိတာပေါ့။ ဥပဒေအရလည်း အဝါဖြတ်ရင်ဖမ်းလို့ စီးလို့ရတာပေါ့။ ကောင်းတာကတော့ နံပါတ် စနစ်နဲ့ သွားသင့်တာပေါ့လေ။တချို့ မီးပွိုင့်တွေရှိတယ်လေ၊ control လုပ်လို့ရတဲ့ မီးပွိုင့်တွေရှိတာပေါ့။ ရဲက မီးပွိုင့်ကို သူတို့က switch on, switch off လုပ်လို့ရတာပဲလေ မြေနီကုန်းတို့ ဘာတို့ဆိုတာ အဲလိုလုပ်လို့ရတာပဲ လေ။ သဘောက ဥပဒေရဲ့ သဘောတရားက ဘာလဲ။ အခါကြတော့ မလိုက်နာရင် အရေးယူရတာပေါ့။ လိုက်နာ နိုင်အောင်လည်း ဥပဒေက အရင်လုပ်ပေးထားရတာကို လိုက်နာနိုင်အောင် မလုပ်ပေးထားပဲနဲ့ ဖမ်းတာကြတော့။ ဒါပြဿနာ အနည်းနဲ့အများ ညှိနှိုင်းမှုလိုတာပေါ့။ အခုက ပြဿနာက ဘာလဲဆိုတော့ ဒါမော်တော်ပီကယ်တင် မဟုတ်ပါဘူး။ အားလုံးဖြစ်နေတဲ့ကိစ္စက အခြေအမြစ် ပြဿနာပြောရမယ်ဆိုရင် မက်လုံးစနစ်က တစ်မျိုးကြီး ဖြစ်နေတာပေါ့။ လောက်ငဖူလုံတဲ့ လစာရှိရင်တော့ တချို့ဟာတွေက အများကြီး လျော့သွားမှာပေါ့။ ပြဿနာက ဘာလဲဆိုတော့ ဘယ်လိုခေါ်မလဲ အားလုံးသိနေတဲ့ တချို့ ဇာတ်လမ်းတွေ ရှိတာပဲလေ။ ဆိုတော့ ဖြစ်လာတယ်ဆို တာကလည်း အဓိက,က မလောက်င မဖူလုံတာကနေ စတာပေါ့။ အဲတော့ ဒီဥစ္စာက လူမှုစီးပွားရေးစနစ်နဲ့ဆိုင်တာ လူမှုစီးပွားရေး ပြဿနာတွေ ဖြေရှင်းပေးနိုင်မှပဲ ကျန်တဲ့ဆင့်ပွား ပြဿနာတွေက ပြီးသွားမှာပေါ့”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် ဖြစ်ပေါ်နေသော မီးပွိုင့်စနစ် ၂ မျိုး ဖြစ်နေခြင်းနှင့် အောက်ခြေတွင် ယာဉ်ထိန်းရဲများက မီးပွိုင့်စနစ်၏ အားနည်းချက်ကနေ ငွေကြေးတောင်းခံနေခြင်းများကို မည်သို့ ကိုင်တွယ် ဖြေရှင်းသွားရန် ရှိပါသလဲဆိုသည်ကို နစကထံ CNI သတင်းဌာနက မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြား ခြင်းမရှိသေးပေ။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ယာဉ်တိုက်မှုပေါင်း (၄၃၃)ကြိမ်ဖြစ်ပွားခဲ့ရာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက အကြိမ် ရေအနည်းငယ် မြင့်တက်လာကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ယာဉ်တိုက်မှုများကြောင့် သေဆုံးသူဦးရေမှာ ၂၃၆ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူဦးရေမှာ ၅၆၄ ဦး ရှိခဲ့ကြောင်း အဆိုပါ ဝန်ကြီးဌာနက ဆိုသည်။
- By CNI
- Category: လူမှုဘဝ
- Hits: 690
CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် (Abhay Thakur)သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာနှင့်လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့သည်။
သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

နယူးဒေလီမြို့တွင် ယခုလ အစောပိုင်းက လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ကျင်းပခဲ့သေးသည်။
ထို့နောက် အိန္ဒိယသံအမတ်ကြီးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်လာခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများကြောင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများ ရှိနေပြီး အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဝေနေရသည်။
