CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၂

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် (Abhay Thakur)သည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းဆိုင်ရာနှင့်လျှပ်စစ်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့သည်။

သံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၁ ရက်က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ 

နယူးဒေလီမြို့တွင် ယခုလ အစောပိုင်းက လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ကော်မတီ အစည်းအဝေးကို ကျင်းပခဲ့သေးသည်။

ထို့နောက် အိန္ဒိယသံအမတ်ကြီးနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်လာခဲ့သည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်ပဋိပက္ခများကြောင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုများ ရှိနေပြီး အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားကို ဖြန့်ဝေနေရသည်။