CNI New
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၄
မြန်မာနိုင်ငံတွင် လျှပ်စစ်မီတာခများ မြင့်တက်လာနေသော်လည်း မည်သည့် အနေအထားမျိုးကို မည်သည့်နှုန်း ထား တိုးမြင့်ကောက်ခံနေသလဲဆိုသည်ကို လျှပ်စစ်ဝန်ကြီးဌာနက ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ပြည်သူလူထုကို အသိပေး ချပြရန်လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့်အများပြည်သူက ထောက်ပြကြသည်။
လျှပ်စစ်မီတာခနှုန်းထားများ တိုးမြင့်လာခြင်းကြောင့် အခြေခံ လူတန်းစားများ အပါအဝင် လုပ်ငန်းရှင်များသည် လူနေမှုကုန်ကျစရိတ်နှင့် လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ မြင့်တက်လာမှုဒဏ်ကို ကြုံတွေ့လာကြရသည် ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပထမဆုံး လျှပ်စစ်မီတာနဲ့ပတ်သက်လို့ ပြောမယ်ဆိုရင် အစ်ကိုတို့နိုင်ငံမှာ ပေးနေတဲ့ လျှပ်စစ်ကကျတော့ နည်းလမ်း ၃ ခုနဲ့ အစိုးရကဖြန့်ချီတယ် ပထမဆုံး ရေအားလျှပ်စစ်ရယ်၊ သဘာဝဓာတ်ငွေ့ကနေ မောင်းတဲ့ စနစ်ရယ်၊ ဒီကျောက်မီးသွေးပေါ့နော် ဒီ ၃ မျိုးကနေရတယ်။ အများဆုံး ရနေတာကတော့ ရေအားလျှပ်စစ်ကနေရတယ် အဲဒီရတဲ့ လျှပ်စစ်က မြန်မာနိုင်ငံရဲ့ ဒီသုံးစွဲမှုနဲ့ယှဥ်မယ်ဆိုလို့ရှိရင် သူက လက်ရှိ ကာလမှာဆိုရင် တစ်ဝက် လောက်ပဲ ပေးနိုင်သေးတဲ့အခါကြတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့သုံးမြို့ကို သူက ရာခိုင်နှုန်းအလိုက် သူက ခွဲပြီး ပေးတယ်။ သူ ကသုံးစွဲမှု မီးအားပမာဏအရ လျှပ်စစ်ဖြန့်ဝေပေးတဲ့ အဖြေ အခုလောလောဆယ် လျှပ်စစ်မီတာခ တွေ တိုးရတဲ့အပိုင်းက ဘယ်လိုတိုးတာလဲ ဆိုတာကို လောလောဆယ်မှာ အစ်ကိုတို့ တိတိကျကျ မသိရသေးဘူး။ ပုံမှန်အားတော့ အိမ်တွေမှာ လျှပ်စစ်မီတာဘေ တက်လာတယ်၊ အစ်ကိုတို့လည်း ကြားရတယ်။ သို့သော် ဘာကြောင့် တိုးသွားတယ် ဘယ်လောက် တိုးကောက်တယ်ဆိုပြီးတော့ ထုတ်ပြန်လာတာမျိုး မရှိသေးဘူးပေါ့ နော်။ သတ်မှတ်ချက်တွေ မတွေ့ရသေးဘူးဆိုတဲ့ အခါကျတော့ ကောက်ခံမှုစနစ်တစ်ခု ဘယ်လိုပြောင်းလဲသွားလဲ ပေါ့နော်။ ဆိုတော့ မီတာဘေတွေ တိုးနေတယ်ဆိုတာကိုတော့ကြားတယ်။ ဒါပေမဲ့ ဘယ်လိုအပိုင်းကြောင့် တိုးသွား လည်း အရင်တုန်းကလိုမျိုးပေါ့နော် ယူနစ် ၁၀၀ ကျော်သွားလို့ရှိရင် တိုးကောက်တာမျိုးကနေ ယူနစ် ၅၀ ကျော်ရုံနဲ့ ပမာဏ တိုးကောက်နေသလားပေါ့။ လျှပ်စစ်ဝန်ကြီးဌာန အနေနဲ့လည်း ဒီကိစ္စကို သတင်းထုတ်ပြန်ပေးဖို့ လိုအပ် တယ်။ ပြည်သူကို ပွင့်ပွင့်လင်းလင်းနဲ့ ဒီလိုမျိုးကြောင့် တိုးထားတာဖြစ်တယ်။ မတိုးရင်လည်း မတိုးပါဘူးဆိုတဲ့ အကြောင်းပေါ့နော်။ ဒါမီးသုံးစွဲမှုများလို့သာ မီတာဘေ တိုးဆောင်ရတာ ဖြစ်တယ်ဆိုတာမျိုး တိတိကျကျကို ပြည်သူစိတ်ထဲမှာ ရှင်းဖို့လိုအပ်တယ်၊ လက်ရှိလိုကာလမှာ ဒါက အခြေခံလူတန်းစားတွေ အနေနဲ့ ခက်ခဲတဲ့ အခြေ အနေမျိုးမှာ တိုးပြီး ပေးရတယ်ဆိုရင် ပြည်သူတွေအတွက်တော့ အခက်ခဲတွေ ဖြစ်လာနိုင်တယ်”ဟု ပြောသည်။
လျှပ်စစ်မီတာခ တိုးမြင့်ကောက်ခံခြင်း ထုတ်ပြန်ထားစဉ်
လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်မီတာခများကို အိမ်သုံးအမျိုးအစားအတွက် ဓာတ်အားခ ၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နှင့်အထက်ကို ၃၀၀ ကျပ် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၀ ရက် ထုတ်ပြန်ခဲ့သည်။
ထို့နောက် လုပ်ငန်းသုံးအမျိုးအစားအတွက်ကို ၁ ယူနစ်မှ ၅၀၀၀ ယူနစ်အထိ ၂၅၀ ကျပ်၊ ၅၀၀၁ ယူနစ်မှ ၂၀၀၀၀ ယူနစ်အထိ ၄၀၀ ကျပ်၊ ၂၀၀၀၁ ယူနစ်နှင့်အထက် ၅၀၀ ကျပ် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စီးပွားရေး အခြေအနေ ဆိုးနေချိန်ဖြစ်၍ လျှပ်စစ်မီတာခနှုန်းများ တိုးမြင့်ကောက်ခံလာမှုများက မဖြစ်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
လျှပ်စစ်မီတာဘေ စာရွက်ကိုတွေ့ရစဉ်
၎င်း က“ဒီလျှပ်စစ်ပစ္စည်းဆိုတာ private course ပဲ၊ public ကို ဖြန့်ပြီးတော့ ကုန်ပစ္စည်းခွဲခြား နားလည်မှရမှာ ဥပမာ BL ကို YBS plaster ဒုတိယကို ဒါပါဆိုတာကို public က သုံးတာမှန်တယ်။ course ကို အမျိုးအစားခွဲတော့ သူက private course ပဲ။ ပြောချင်တာက ဘာလဲဆိုတော့ အမြတ်မရပဲ ရည်ရှည်ရပ်တည်လို့ မရတဲ့အလုပ်တွေ ပေါ့။ အဲတာ အမျိုးအစားကွဲဖို့ လိုတာပေါ့။ လက်ရှိ အခြေအနေမှာ စီးပွားရေး ပတ်ဝန်းကျင် မကောင်းတဲ့ အခါကြ တော့ လူတန်းစား အားလုံးပါပဲ နောက်တစ်ခါ လူလတ်တန်းစားတွေကလည်း အများကြီးပဲပေါ့ ဒီအခြေအနေ မျိုးမှာကြတော့ တော်တော်လေးခက်တာပေါ့၊ စားရိတ်စားခ ရုန်းကန်ဖို့ကလေ၊ ဒီ introduction လုပ်ငန်းတွေကြ တော့ ပိုသိသာတာပေါ့။ အိမ်ကတော့ထားပေါ့။ ဒါက မိုးတွင်းဆိုတော့လည်း ဒါကလျှပ်စစ်က သဘာဝတရားကြီး ဖြစ်နေတော့ ကျနော်တို့ နိုင်ငံမှာပြန်ရတာပေါ့။ ပြောချင်တဲ့သဘောက စီးပွားရေး အခြေအနေ သိပ်မကောင်းတဲ့ အချိန်မှာ တိုးတာတော့ ဒါက သိပ်အဆင်မပြေဘူးပေါ့။ ဒါပေမယ့် တိုးတယ်ဆိုတဲ့ သဘောတရားတစ်ခုက ဘာကြောင့်လဲဆိုတော့ သူသည် private course, private course ဆိုတဲ့ သဘောတရားတစ်ခုက အဓိက,က ဘာလဲဆိုတော့ ဒီလူသုံးရင် နောက်လူသုံးဖို့အတွက် လျော့သွားစေတာပေါ့။”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်မီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မပေးနိုင်သေးကြောင်း၊ ရန်ကုန်၊ မန္တလေးမြို့ကြီး များ၌ တစ်ရက်လျှင် ၄ နာရီလာ ၄ နာရီပျက် စနစ်ဖြင့် အလှည့်ကျပေးနေကြောင်း သိရသည်။
လက်ရှိတွင် လျှပ်စစ်မီတာခနှုန်းများသည် ထက်ဝက်လောက် မြင့်တက်လာနေကြောင်း၊ ယခင်က မီတာခ ၄၀၀၀၀ ကျပ်သာ ကျသော်လည်း လက်ရှိမှာတော့ ၈၀၀၀၀ ကျပ်အထိ ဘေလ်ဆောင်ရမှုများဖြစ်လာနေသည်ဟု အိမ်ရှင်မ တစ်ဦးက ပြောသည်။