CNI Sport News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁

အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၉ ဂိုး သွင်းယူထား ပေမယ့် ကစားသမားဟောင်း ဟာမန်းက သူ့ကို စာချုပ်သစ် မကမ်းလှမ်းဖို့ ဘိုင်ယန်မြူးနစ်အသင်းကို ပြောခဲ့ပါ တယ်။ 

ဟာမန်းက “စာချုပ်သက်တမ်းတိုးတာက ရူးသွပ်မှုပဲဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ သူဟာ အသက် ၃၄ နှစ်ရှိပြီ ဖြစ်ပါတယ်။ လပေါင်း ၂၀ လောက် ကျန်သေးတဲ့ စာချုပ်ကို သက်တမ်းတိုးခဲ့ရင် ဒါက ရူးသွပ်မှုပဲ ဖြစ်မှာပါ။ ဥရောပ ချန်ပီယံရှစ်ပြိုင်ပွဲမှာဆိုရင် ဟာရီကိန်း ထွက်ခွာခဲ့တဲ့ ပွဲတွေမှာ အင်္ဂလန်အသင်း အနိုင်ရခဲ့ပြီး သူဟာ PSG ၊ အာဆင်နယ်အသင်းတို့လို အကောင်းဆုံး အသင်းတွေနဲ့ ရင်ဆိုင်ချိန်မှာ ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့် ရမယ်”လို့ ပြောခဲ့တာပါ။

လာမယ့် ၂၀၂၇ ရာသီကုန်ရင် စာချုပ်ကုန်ဆုံးတော့မယ့် ဟာရီကိန်းကို ဘိုင်ယန်မြူးနစ်အသင်းက စာချုပ်သစ် ကမ်းလှမ်း ဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောထားပါတယ်။ 

ဟာရီကိန်းကလည်း ဘိုင်ယန်မြူးနစ်အသင်းမှာ ပျော်ရွှင်နေပြီး အသင်းနဲ့အတူ အောင်မြင်မှုတွေ အများအပြား ရယူချင်တယ်လို့ ပြောထားတာပါ။ 

ဟာရီကိန်းကို တွေ့ရစဉ်

ဒီအချိန်မှာ ဟာမန်းက ဟာရီကိန်းကို စာချုပ်သစ် ကမ်းလှမ်းမှု မပြုလုပ်ဖို့ အသင်းဟောင်းကို ပြောလာခဲ့တာ ဖြစ်ပါတယ်။ 

ဟာရီကိန်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စာချုပ်ထဲမှာ အသင်းကနေ ထွက်ခွာနိုင်တဲ့ အချက်တွေ ပါဝင်ပေမယ့် သူကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်လာနိုင်မယ့် အခွင့်အရေးတွေကို ငြင်းပယ်ထားပါတယ်။

စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က သူအပါအဝင် စပါးအသင်း ပရိသတ်တွေဟာ တိုက်စစ်မှူး ဟာရီကိန်း အသင်းထံ ပြန်လာမှာကို မြင်တွေ့ချင်တယ်လို့ ပြောထားတာပါ။ 

၂၀၂၃ ခုနှစ် နွေရာသီက စပါးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဟာရီကိန်းဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၀၇ ပွဲ ကစားထားပြီး ၁၀၄ ဂိုးသွင်းယူကာ မကြာသေးမီက ကလပ်ကစားသမားဘဝ သွင်းဂိုး ၄၀၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ 

Source: Dailymail