CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၁
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက စပိန်ကွင်းလယ်လူ ရိုဒရီဟာ တံကောက်ကြော ဒဏ်ရာကနေ ပြန်လည် ကောင်းမွန်အောင် လုပ်ဆောင်နေတဲ့အတွက် အက်စတွန်ဗီလာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ရိုဒရီဟာ အချိန်အကြာကြီး အနားယူရမှာ မဟုတ်ပေမယ့် ကြွက်သားတွေ ဖြစ်တဲ့အတွက် ဂရုစိုက် ရမှာပါ။ ကျနော်တို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး စွန့်စားမှုတွေ မပြုလုပ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီအရာကို မစီမံနိုင်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။
ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ရာသီက မန်စီးတီးအသင်းရဲ့ ပွဲအများအပြားကို လွဲချော်ခဲ့တဲ့ ရိုဒရီဟာ အောက်တိုဘာ ၅ ရက်က ဘရန်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဒဏ်ရာရခဲ့တာကြောင့် လူစားလဲခံခဲ့ရပါတယ်။
အဲဒါကြောင့် ရိုဒရီဟာ စပိန်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မယ့် လူစာရင်းကနေ နုတ်ထွက်ခဲ့ တာပါ။
ရိုဒရီကို တွေ့ရစဉ်
ရိုဒရီဟာ ဒဏ်ရာကနေ အပြည့်အဝ သက်သာမှုမရှိလို့ အဲဗာတန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်၊ ဗီလာရီးရယ်လ် အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ မန်စီးတီးအသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
ရိုဒရီဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲ အပါအဝင် ပြိုင်ပွဲစုံ ၇ ပွဲအထိ ပါဝင် ကစားထားတာပါ။
မန်စီးတီးအသင်းဟာ ရိုဒရီ မပါဝင်နိုင်ပေမယ့် အသင်းရဲ့ ကွင်းလယ်ခံ စစ်နေရာအတွက် ဒဏ်ရာကနေ ပြန်သက် သာလာတဲ့ ကိုဗာချစ်နဲ့ နီကိုဂွန်ဇာလက်ဇ်တို့ကို အသုံးပြုလို့ရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲ ကစားအပြီးမှာ ရမှတ် ၁၆ မှတ် ရရှိထားကာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
Source: CNA