CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၂
ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုရဲ့ အကြီးဆုံးသားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာဟာ တူရကီနိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲအတွက် ပေါ်တူဂီ ယူ-၁၆ အသင်း လူစာရင်းထဲ ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရပါတယ်။
အယ်လ်နာဆာ လူငယ်အသင်းမှာ ကစားနေတဲ့ ခရစ္စတီယာနိုဂျူနီယာဟာ ပေါ်တူဂီ ယူ-၁၅ အသင်းအတွက် ပါဝင်ကစားပြီး ခြေစွမ်းပြသထားပါတယ်။
ခရစ္စတီယာနိုဂျူနီယာဟာ ဂျပန် ယူ-၁၅ အသင်းကို ၄ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီ ယူ-၁၅ အသင်း အတွက် ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့ပြီး ခရိုအေးရှားအသင်းကို အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမှာ အသင်းအတွက် ၂ ဂိုး သွင်းယူပေးခဲ့ကာ ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။
ခရစ္စတီယာနိုဂျူနီယာဟာ ဒီပြိုင်ပွဲမှာ ယူနိုက်တက်နဲ့ အခြားဥရောပ ထိပ်တန်းကလပ်တွေက ကင်းထောက်တွေရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရပါတယ်။
ခရစ္စတီယာနိုဂျူနီယာကို တွေ့ရစဉ်
ရော်နယ်လ်ဒိုကတော့ သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာ ပေါ်တူဂီအတွက် ပွဲဦးထွက်ခဲ့ပြီးနောက် အလွန်ဂုဏ်ယူမိ တယ်လို့ ပြောခဲ့ပါတယ်။
သူဟာ အယ်လ်နာဆာ လူငယ်အသင်းမှာ ခြေစွမ်းပြသနေတာကြောင့် ပေါ်တူဂီ ယူ-၁၆ အသင်းရဲ့ ကစားသမား ၂၂ ဦးလူစာရင်းထဲ ခေါ်ယူခြင်းကို ခံခဲ့ရပြီး နိုင်ငံအသင်းအတွက် နောက်ထပ် ခြေစွမ်းပြသနိုင်ဖို့ အခွင့်အရေးရရှိခဲ့ ပါတယ်။
ပေါ်တူဂီ ယူ-၁၆ အသင်းဟာ Federations Cup Tournament ပြိုင်ပွဲအဖြစ် အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ တူရကီ၊ ဝေးလ်စ်၊ အင်္ဂလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ပေါ်တူဂီအသင်းဟာ အောက်တိုဘာ ၃၀ ရက်မှာ တူရကီအသင်း၊ နိုဝင်ဘာ ၁ ရက်မှာ ဝေးလ်စ်အသင်း၊ နိုဝင်ဘာ ၄ ရက်မှာ အင်္ဂလန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source:besoccer