CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄

ဘီလ်ဘာအိုအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာရခဲ့တဲ့ ညာနောက်ခံလူ အာနိုးလ်ရဲ့ ဒဏ်ရာကို ရီးရယ်လ်အသင်း စိုးရိမ်မှုရှိနေပြီး သူ့ရဲ့ဒဏ်ရာ အခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့ရှိနေပါတယ်။ 

ဒီပွဲမှာ ဘတ်ပီသွင်းယူတဲ့ အဖွင့်ဂိုးကို ဖန်တီးပေးပြီး ရီးရယ်လ်အသင်း ကစားသမားဘ၀ အကောင်းဆုံး စွမ်းဆောင် ရည်တွေထဲက တစ်ခုကို ပြသခဲ့တဲ့ အာနိုးလ်ဟာ ဒဏ်ရာကြောင့် ပွဲချိန် ၅၅ မိနစ်မှာ အဆန်စီယိုနဲ့ လူစားလဲ ခံခဲ့ရ ပါတယ်။

အာနိုးလ်ဟာ ကြွက်သားပြဿနာ ခံစားခဲ့ပုံရပြီး လူစားလဲဖို့ တောင်းဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီမှာ လီဗာပူးလ်အသင်းကနေ ရောက်လာခဲ့တဲ့ အာနိုးလ်ရဲ့ ရီးရယ်လ်အသင်း ကစားသမားဘဝ ပွဲဦးထွက်ကတော့ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ 

ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရီးရယ်လ်အသင်းအတွက် စတင်ပါဝင်ခဲ့တဲ့ အာနိုးလ်ဟာ စက်တင်ဘာမှာ ပေါင်ဒဏ်ရာရခဲ့လို့ ၁ လကြာ အနားယူခဲ့ရပါတယ်။

အာနိုးလ်ကို တွေ့ရစဉ် 

အာနိုးလ် အနားယူနေရတဲ့အချိန်မှာ အသင်းခေါင်းဆောင် ကာဗာဟယ်လ်လည်း မပါဝင်နိုင်တာကြောင့် ကွင်းလယ်လူ ဗယ်လ်ဗာဒီဟာ ညာနောက်ခံနေရာမှာ ကစားနေခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့လမှာ ဒဏ်ရာကနေ ပြန်ကောင်းမွန်လာခဲ့တဲ့ အာနိုးလ်ဟာ ရီးရယ်လ်အသင်းမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ သူ့ရဲ့ စွမ်းဆောင်ရည်အတွက် ဝေဖန်မှုတွေခံခဲ့ရပါတယ်။ 

အာနိုးလ်ဟာ ဘီလ်ဘာအိုလ် အသင်းနဲ့ပွဲမှာ အများကြီး တိုးတက်မှု ရှိလာခဲ့ပေမယ့် ဒဏ်ရာရသွားခဲ့ပြီး ၂၀၂၅ ခုနှစ်ထဲမှာ ရီးရယ်လ်အသင်းအတွက် ပါဝင်ကစားနိုင်ဖွယ် မရှိတော့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

အာနိုးလ်ဟာ ဒီရာသီမှာ ရီးရယ်လ်အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာ ပြုလုပ်ထား နိုင်ပါတယ်။ 

ရီးရယ်လ်အသင်းဟာ ဘီလ်ဘာအိုအသင်းကို အနိုင်ရခဲ့တာကြောင့် လာလီဂါမှာ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့တာပါ။ 

အဆင့် ၁ နေရာက ဘာစီလိုနာအသင်းနဲ့ ၁ မှတ်အကွာ လာလီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည် နေတဲ့ ရီးရယ်လ်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် ဆယ်လ်တာဗီဂိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: ESPN