CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅
ယူနိုက်တက်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းအသင်းကို နောက်ကျ ချေပဂိုး ပေးခဲ့ရတာကို ကြည်ခဲ့ရပြီးနောက် စိတ်ပျက်ကာ ဒေါသထွက်မိတယ်လို့ ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ပြောခဲ့ပါတယ်။
အာမိုရင်က “ဒီပွဲအပေါ် အကဲဖြတ်ရမယ်ဆိုရင် စိတ်ပျက်ပြီး ဒေါသထွက် နေပါတယ်၊ ဒါပါပဲ။ ကျနော်တို့ဟာ ပွဲကိုထိန်းချုပ်နိုင်မှု ဆုံးရှုံးသလို ဘောလုံးတွေလည်း ဆုံးရှုံးခဲ့ပါတယ်။ ကျနော်တို့ တည်ငြိမ်မှု မရှိပေမယ့် အရာ အားလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ပိုပြီးကောင်းအောင် လုပ်ရမှာပါ။ ကျနော်တို့ အနေနဲ့ နိုင်ပွဲတွေရဖို့အတွက် သွင်းဂိုးတွေ ပိုပြီးသွင်းယူရမယ်ဆိုတာ သေချာတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီပွဲမှာ ဒါလော့ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဝက်စ်ဟမ်းအသင်းကို နောက်ကျ ချေပဂိုး ပေးခဲ့ရတာကြောင့် ၁ မှတ်စီခွဲယူခဲ့ရတာပါ။
ယူနိုက်တက်အသင်းဟာ ဒီပွဲအနိုင်ရရင် ပရီးမီးယားလိဂ်အဆင့် ၅ နေရာအထိ တက်နိုင်မှာဖြစ်ပေမယ့် သရေကျ ခဲ့တာကြောင့် ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း ယှဉ်ပြိုင်နေစဉ်
ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ၁ ပွဲသာအနိုင်ရပြီး ရမှတ်တွေ ဆုံးရှုံး နေတာပါ။
အာမိုရင်ဟာ ဒီပွဲမှာ အသင်းခံစစ်က မရှင်းထုတ်နိုင်ခဲ့တာကြောင့် ပေးခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ နောက်ကျ သွင်းဂိုးကို အလွန်စိတ်ပျက်နေခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်မှာ မေးခွန်းတွေ အများကြီး ရှိနေပြီး ဒီအသင်းအတွက် ကစားပေးနေရတဲ့ အကြောင်းရင်းက ဒီလိုအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး လာမယ့်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
