CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅

ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲ အာဆင်ဝင်းဂါးက ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၄၈ သင်းအထိ အရေအတွက် တိုးပြီးကျင်းပတဲ့အပေါ် ကာကွယ်ခဲ့ပြီး ဒါက ပြိုင်ပွဲရဲ့ အရည်အသွေးကို လျော့ကျ စေမှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ 

အာဆင်ဝင်းဂါးက “အသင်း ၄၈ သင်းဟာ သင့်တော်တဲ့ ကိန်းဂဏန်းလို့ ကျနော် ယုံကြည်ပါတယ်။ ဒါက ဖီဖာနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံပေါင်း ၂၁၁ နိုင်ငံရဲ့ ၂၅ ရာခိုင်နှုန်း အောက်ပဲရှိပါတယ်။ အသင်း ၄ သင်းထဲက ၁ သင်း ယှဉ်ပြိုင်ခွင့်ရတဲ့ အဓိပ္ပါယ်ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းကတော့ ယှဉ်ပြိုင်ခွင့် မရပါဘူး။ ကျနော်ကတော့ ဒါကို အကောင်း မြင်မှုရှိပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းပေါင်း ၃၂ သင်းနဲ့ ကျင်းပခဲ့ပေမယ့် အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပ မယ့် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမှာပါ။

ဒီလိုအသင်း အရေအတွက် တိုးပြီးကျင်းပတာက ပြိုင်ပွဲရဲ့ အရည်အသွေးကို လျော့ကျစေမယ့်အပေါ် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ 

ဖီဖာဥက္ကဋ္ဌကို တွေ့ရစဉ် 

ဒါပေမယ့် အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးကတော့ အသင်း အရေအတွက် တိုးပြီးကျင်းပတာကို ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ 

ဖီဖာဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပခဲ့ တာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ သင်းစီ ပါဝင်တဲ့ အုပ်စု ၁၂ ခု ခွဲသွားမှာဖြစ်ပြီး အုပ်စုထိပ်ဆုံး ၂ သင်းစီအပြင် အုပ်စုတတိယ အကောင်းဆုံးအသင်း ၈ သင်းက နောက်တစ်ဆင့် တက်ခွင့်ရမှာဖြစ်ပါတယ်။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုတွေကို ဒီဇင်ဘာ ၅ ရက်မှာ ပြုလုပ်သွားမှာပါ။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ 

Source: ESPN