CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅

စပါးအသင်းဟာ အီတလီဂိုးသမား ဗီကာရီယိုရဲ့ နေရာကို အစားထိုးဖို့အတွက် မန်စီးတီးအသင်း ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်နဲ့ ဘရိုက်တန်အသင်း ဂိုးသမား ဗာဘရူဂန်တို့ကို ပစ်မှတ်ထားနေပါတယ်။ 

၂၀၂၃ ခုနှစ် နွေရာသီမှာ အမ်ပိုလီအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဗီကာရီယိုဟာ စပါးအသင်းအတွက် ၉၄ ပွဲ ကစားထားပြီး အသင်းရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ် သတ်မှတ်ခံထားရတာပါ။

ဒါပေမယ့် ဗီကာရီယိုဟာ ကြီးမားတဲ့ အမှားအယွင်းတွေ ပြုလုပ်လာခဲ့တာကြောင့် သူ့ရဲ့နေရာအတွက် စိုးရိမ်စရာ တွေ ရှိလာခဲ့ပါတယ်။ 

ဗီကာရီယိုဟာ စပါးအသင်းက ဖူလ်ဟမ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှား အယွင်း ပြုလုပ်ခဲ့ပြီး သွင်းဂိုးခွင့် ပြုခဲ့ရတာကြောင့် စပါးအသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုတွေ ခံခဲ့ရတာပါ။ 

စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ဗီကာရီယိုကို ကာကွယ်မှု ပြုလုပ်ခဲ့ပြီး ပွဲချိန်အတွင်း လှောင်ပြောင်မှု ပြုလုပ်တာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

စပါးအသင်း ခေါ်ယူဖို့လုပ်နေတဲ့ ဂိုးသမားကို တွေ့ရစဉ်

ဗီကာရီယိုဟာ နယူးကာဆယ်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ စပါးအသင်းရဲ့ ဂိုးပေါက်ကို ဆက်ပြီး တာဝန်ယူခဲ့ ရပေမယ့် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေ ရှိနေတာပါ။ 

TEAMtalk က စပါးအသင်းဟာ ဗီကာရီယိုရဲ့ နေရာကို အစားထိုးဖို့အတွက် ဂျိမ်းစ်ထရက်ဖို့ဒ်နဲ့ ဗာဘရူဂန်တို့ကို ရွေးချယ်စရာအဖြစ် စဉ်းစားနေတယ်လို့ ဖော်ပြထားပါတယ်။ 

စပါးအသင်းဟာ ဗီကာရီယိုကို ၂၀၂၆ ခုနှစ်မှာ ရောင်းချခဲ့မယ်ဆိုရင် အေစီမီလန်နဲ့ အင်တာမီလန်အသင်းတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

လန်ဒန်ကလပ်ဟာ မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့် ဆုံးရှုံးခဲ့တာကြောင့် ပြန်ထွက်ခွာချင်နေတဲ့ ဂျိမ်းစ်ထရက်ဖို့ဒ်ကို ဦးစားပေးအဖြစ် စောင့်ကြည့်နေပါတယ်။

စပါးအသင်းဟာ ဗာဘရူဂန်ရဲ့ လက်စွမ်းကိုလည်း နှစ်သက်ပေမယ့် သူ့ကိုခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ် အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။ 

ဘရိုက်တန်အသင်းကတော့ ၂၀၂၈ ခုနှစ် နွေရာသီအထိ စာချုပ်ရှိနေတဲ့ ဗာဘရူဂန်အတွက် မြင့်မားတဲ့ပြောင်းရွှေ့ ကြေးကို တောင်းဆိုဖို့ ရှိနေတာဖြစ်ပါတယ်။ 

Source: Sportsmole