CNI Sport News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅

အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်းတွေထံ ကစားသမားတွေ စေလွှတ်မယ့်အချိန်ကို ဖီဖာက အံ့အားသင့်ဖွယ် ရွှေ့ဆိုင်းခဲ့ပြီးနောက် မာလီအသင်းနည်းပြ စိန့်ဖစ်က အာဖရိကဘောလုံးကို လေးစားဖို့ ပြောခဲ့ ပါတယ်။ 

မာလီအသင်းနည်းပြက “ကမ္ဘာကြီးက အာဖရိကဘောလုံးကို လေးစားသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ပြီးပြည့် စုံတဲ့ ဖြေရှင်းချက်ဆိုတာ ဘယ်တော့မှရှိမှာ မဟုတ်ပါဘူး။ ဘောလုံးက အီတလီ၊ ဂျာမနီနဲ့ အင်္ဂလန်မှာတင် ကစားနေတာ မဟုတ်ပါဘူး။ အာဖရိကက သူတို့အကောင်းဆုံးလို့ ခံစားရတာကို လုပ်ရမယ်လို့ထင်ပြီး ရာသီဥတု နဲ့လည်း သက်ဆိုင်ပါတယ်။ ကျနော်ကတော့ အာဖရိကကို လေးစားဖို့ စသင်တင့်တယ်လို့ထင်ကြောင်း” Reuters နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။ 

ဖီဖာက အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲအတွက် ကစားသမားတွေကို စေလွှတ်ရမယ့် အချိန်ထက် တစ်ပတ် နောက်ကျပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှသာ စေလွှတ်ဖို့ ကလပ်အသင်းတွေကို ပြောခဲ့တာဖြစ်ပါတယ်။ 

အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကျင်းပတဲ့ အချိန်ဟာ ဥရောပထိပ်သီး လိဂ်တွေရဲ့ အရှိန်အကောင်းဆုံး အချိန် ဖြစ်နေတာကြောင့် ကလပ်အသင်းတွေဟာ သူတို့ရဲ့ ကစားသမားတွေကို စောစီးစွာစေလွှတ်ဖို့ တွန့်ဆုတ်နေ ကြတာပါ။ 

မာလီအသင်းနည်းပြကို တွေ့ရစဉ်

မာလီအသင်းနည်းပြကတော့ ဖီဖာရဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်နေပြီး ပြိုင်ပွဲမတိုင်မီ စီစဉ်ထားတဲ့ သူတို့ရဲ့ ခြေစမ်းပွဲတွေကို ဖျက်ခဲ့ရပါတယ်။ 

မာလီအသင်းဟာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲမှာ အိမ်ရှင် မော်ရိုကို၊ ဇမ်ဘီယာ၊ ကိုမိုရို့စ်အသင်းတို့နဲ့ အုပ်စု A မှာ ကျရောက်နေတာပါ။ 

မာလီအသင်း နည်းပြကတော့ မော်ရိုကိုအသင်းဟာ ဒီပြိုင်ပွဲမှာ ရေပန်းအစားဆုံး အသင်းဖြစ်ပေမယ့် သူတို့ ကြောက်နေမှာ မဟုတ်ဘဲ ပွဲတိုင်းကို အကောင်းဆုံး ယှဉ်ပြိုင်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

၂၀၂၅ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲကို ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်အထိ ကျင်းပ သွားမှာဖြစ်ပြီး မာလီအသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၂ ရက်မှာ ဇမ်ဘီယာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: CNA