CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅
ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်မှာ တစ်ဦးလျော့ အဲဗာတန်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် နည်းပြအာမိုရင်က သူတို့ဟာ ရှုံးနိမ့်ဖို့ ထိုက်တန်သလို ပြီးခဲ့တဲ့ရာသီကလို ထပ်မံဖြစ်မှာကို ကြောက်ရွံ့နေဆဲဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
အာမိုရင်က “ကျနော်တို့ဟာ လိဂ်မှာ အကောင်းဆုံးနေရာအတွက် တိုက်ပွဲဝင်ရမယ့် အခြေအနေနဲ့တောင် နီးစပ်မှု မရှိပါဘူး။ ဒီ ၅ ပတ်အတွင်းမှာ လူတိုင်းက ကျနော်တို့ရဲ့ တိုးတက်မှုကို ချီးကျူးမှုတွေ ပြုလုပ်နေပေမယ့် ကျနော် ကတော့ အမြဲတမ်း တူညီတဲ့အရာတွေကိုပဲ ပြောနေတာပါ။ ပြီးခဲ့တဲ့ရာသီက ခံစားချက်ပြန်ရမှာကို ကျနော် ကြောက်ရွံ့ မိပါတယ်။ အဲ့ဒါက ကျနော့်ရဲ့အကြီးမားဆုံးစိုးရိမ်မှုပါ”လို့ ပြောခဲ့တာပါ။
အဲဗာတန်အသင်းနဲ့ ပွဲမတိုင်မီ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲစလုံး ရှုံးနိမ့်ခဲ့ခြင်းမရှိတဲ့ ယူနိုက်တက် အသင်းဟာ ဒီပွဲမှာအနိုင်ရခဲ့ရင် ချန်ပီယံလိဂ် ဝင်ခွင့်နေရာနဲ့ နီးစပ်မယ့် အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်း ယှဉ်ပြိုင်နေစဉ်
ဒီပွဲစဉ်မှာ အဲဗာတန်အသင်းဟာ ကွင်းလယ်လူဂွီယီက အသင်းဖော် နောက်ခံလူ မိုက်ကယ်ကိန်းကို ပါးရိုက်ခဲ့ တာကြောင့် တိုက်ရိုက် အနီကတ်ပြသခံခဲ့ရလို့ ပွဲချိန် ၁၃ မိနစ်မှာကတည်းက တစ်ဦးလျော့နဲ့ ကစားခဲ့ရတာပါ။
ဒါပေမယ့် ပွဲချိန် ၂၉ မိနစ်မှာ ဘူရီဟောလ်က အဲဗာတန်အသင်းအတွက် အဖိုးတန်အနိုင် ဂိုးသွင်းယူပေးခဲ့ပြီး ယူနိုက်တက်အသင်းဟာ ချေပဂိုးတောင် ပြန်မသွင်းနိုင်ခဲ့တဲ့အတွက် အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်တွေဆိုးပြီး အဆင့် ၁၅ နဲ့ ရာသီသိမ်းခဲ့တဲ့ ပုံစံလို ထပ်ဖြစ်မှာကို နည်းပြအာမိုရင်က ကြောက်ရွံ့နေပါတယ်။
အာမိုရင်က သူ့ရဲ့ကစားသမားတွေဟာ ဘောလုံးဆုံးရှုံးတဲ့အချိန်မှာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ကြဖို့ မျှော်လင့် ကြောင်းနဲ့ အနာဂတ်မှာ ပိုပြီးကောင်း အောင်လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: ESPN
