CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄

အင်တာမိုင်ယာမီအသင်းက စင်စင်နာတီအသင်းကို ၄ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကွန်းဖရန့် ဗိုလ်လုပွဲ ရောက်တဲ့ပွဲမှာ မက်ဆီဟာ ဂိုးသွင်း၊ ဂိုးဖန်တီးမှုပြုလုပ်ပြီး မေဂျာလိဂ်ဖလား ပလေးအော့ဖ်မှာ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ 

မက်ဆီဟာ ဒီပွဲမှာ ၁ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် မေဂျာလိဂ်သမိုင်းမှာ ရာသီအလွန် တစ်ခုတည်းအတွက် သွင်းဂိုး ပါဝင်ပတ်သက်မှု ၁၂ ဂိုးအထိပြုလုပ်နိုင်ခဲ့တာပါ။ 

မက်ဆီဟာ ၂၀၂၅ မေဂျာလိဂ်ဖလား ပလေးအော့ဖ်ပွဲတွေမှာ ၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

အဲ့ဒါကြောင့် မက်ဆီဟာ ၁၉၉၉ ခုနှစ်မှာ ချီကာဂိုဖားရားအသင်းက ရာဇော့ဗ်တင်ခဲ့တဲ့ ဂိုးပါဝင်ပတ်သက်မှု ၁၀ ဂိုး ကို ကျော်ဖြတ်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာပါ။ 

မက်ဆီကို တွေ့ရစဉ် 

ဒါ့ပြင် မက်ဆီဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ဂိုးပါဝင်ပတ်သက်မှု ၁,၃၀၀ ပြည့်သွားပြီး သူဟာ ဒီ ၁,၃၀၀ မှာ ၈၉၆ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄၀၄ ကြိမ် ပြုလုပ်ထားပါတယ်။ 

မက်ဆီ ရောက်ရှိလာအပြီးမှာ လိဂ်ဖလားနဲ့ မေဂျာလိဂ် Supporter’s Shield တို့ကို ရယူထားနိုင်ခဲ့တဲ့ အင်တာမိုင် ယာမီ အသင်းဟာ မေဂျာလိဂ်ဖလား အရှေ့ပိုင်း ကွန်းဖရန့် ဗိုလ်လုပွဲကို အသင်းသမိုင်းတစ်လျှောက်မှာ ပထမဆုံး အကြိမ် တက်နိုင်ခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုက ဗိုလ်လုပွဲ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြတဲ့ ကစား သမားတွေ အားလုံးကို ချီးကျူးခဲ့ပြီး အသင်းပူးတွဲပိုင်ရှင် ဂျော့ချ်မတ်စ်က အသင်းဟာ မေဂျာလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ 

အင်တာမိုင်ယာမီအသင်းဟာ အရှေ့ပိုင်း ကွန်းဖရန့် ဗိုလ်လုပွဲအဖြစ် နယူးယော့ခ် စီးတီးအသင်းနဲ့ နိုဝင်ဘာ ၂၉ ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။  

Source: ESPN