CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၆
ယူနိုက်တက်အသင်း ကစားသမားတွေဟာ နည်းပြအာမိုရင်ရဲ့ နည်းစနစ်ပိုင်း ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး ယုံကြည်မှုတွေ ပျောက်ဆုံးနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ဟာ သူ့ရဲ့နည်းစနစ် အတွေးအခေါ်တွေကို ပြောင်းလဲသွားမှာ မဟုတ်ဘဲ ဒါကို ပြောင်းလဲချင်ရင် သူ့ကိုထုတ်ပယ်မှ ရမယ်လို့ မန်စီးတီးအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်အပြီးမှာ ပြောခဲ့တာပါ။
အာမိုရင်ဟာ ယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲပေါင်း ၃၁ ပွဲ ကိုင်တွယ်ထားတာမှာ ၈ ပွဲသာ အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ပြီး မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်နေတာဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ဂန္ထဝင်တွေက အာမိုရင်ရဲ့ လက်ထက်မှာ အသင်းရဲ့ အခြေအနေဟာ တိုးတက်မှု မရှိလာဘဲ ပိုပြီးဆိုးရွားလာတယ်လို့ ထောက်ပြခဲ့ပြီး သူ့ရဲ့နည်းစနစ်ကို အပြောင်းအလဲ ပြုလုပ်ဖို့လည်း အကြံပေးခဲ့ကြတာပါ။
ဒါပေမယ့် အာမိုရင်ကတော့ သူ့ရဲ့နည်းစနစ်ကို အပြောင်းအလဲ ပြုလုပ်ဖို့ ငြင်းဆန်ထားတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို တွေ့ရစဉ်
ဒေးလီးမေးလ်က ယူနိုက်တက်အသင်း ကစားသမားတွေဟာ နည်းပြအာမိုရင်ရဲ့ နည်းစနစ်မှာ အဆင်ပြေမှု မရှိကြောင်းနဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ကိုယ်တိုင်က သူကစားနေရတဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မပျော်ရွှင်ဘူး ဖြစ်နေတယ်လို့ ဖော်ပြထားတာပါ။
ယူနိုက်တက်အသင်းဟာ ဒီရာသီအစ ပရီးမီးယားလိဂ် ၄ ပွဲမှာ ရမှတ် ၄ မှတ်သာ ရယူနိုင်ပြီး နှစ်ပေါင်း ၃၃ နှစ် အတွင်း အဆိုးရွားဆုံး ရာသီစတင်မှုနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် နည်းပြအာမိုရင်ဟာ ဖိအားတွေ ခံစားနေရပေမယ့် အသင်း အကြီးအကဲတွေက သူ့ကို ထောက်ခံမှုပေးထားပြီး ရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ် မရှိသေးတာပါ။
ပရီးမီးယားလိဂ် အမှတ်ပေး ဇယားအဆင့် ၁၄ နေရာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ် အဖြစ် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Goal