CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇

ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က ယူနိုက်တက်အသင်းဟာ ကြီးမားတဲ့ကလပ် ဖြစ်ပေမယ့် ကြီးမားတဲ့အသင်း မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

အာမိုရင်က “ဒါက အလွန်ရှင်းပါတယ်။ ယူနိုက်တက်က ကြီးမားတဲ့ကလပ် ဖြစ်ပေမယ့် ကြီးမားတဲ့အသင်း မဟုတ် ပါဘူး။ ဒါကို ကျနော်တို့သိတဲ့အတွက် ပြောဖို့ ပြဿနာမရှိပါဘူ။ ကျနော်တို့ဟာ လိဂ်ရဲ့အကောင်းဆုံး အသင်း တစ်သင်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ကျနော်တို့ ဒါကို ရှင်းရှင်းလင်းလင်း ပြောဖို့လိုပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာ အတိတ်တုန်းက လိဂ်ရဲ့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်နိုင်ပါတယ်။ ကျနော်တို့ဟာ အသေးစိတ် အချက်အလက်တွေကို အာရုံစိုက်ပြီးရင် အသင်းလိုက်တိုး တက်လာမှာပါ”လို့ ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အမှတ်ပေးဖလားကို အကြိမ် ၂၀ အထိရယူပြီး အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည် နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အမှတ်ပေးဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်ကစားသမားတွေကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ကြားရက်မှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာ ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၃ နေရာအထိ ကျဆင်းသွားခဲ့တာပါ။ 

အာမိုရင်အတွက်လည်း ယူနိုက်တက်အသင်း နည်းပြဘဝမှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။

အာမိုရင်က ယူနိုက်တက်အသင်း ကစားသမားတွေဟာ ကြိုးစားအားထုတ်မှု ပြုလုပ်တာကို မြင်တွေ့နေရပေမယ့် တိုးတက်ဖို့ နေရာတွေ အများကြီးရှိသလို ပရီးမီးယားလိဂ်ဖလားကို ရယူချင်တယ်ဆိုရင် ခွေးရူးတွေလို ပြေးရမှာ ဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် နော်တင်ဟမ်ဖောရက်စ်အသင်းကို အိမ်ကွင်း ယှဉ်ပြိုင်ရမှာပါ။ 

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရယူထားပြီး ပရီးမီးယားလိဂ်အဆင့် ၇ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ 

Source: BBC