CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ 

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်မှာ စတူအာဘူခါရက်စ်အသင်းကို ၂ ဂိုး-ဂိုး မရှိနဲ့ အနိုင်ရရှိကာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် အသင်းဟာ ဆုဖလားရယူနိုင်ဖို့ ပစ်မှတ်ထား ရမယ်လို့ နည်းပြအာမိုရင်က ပြောခဲ့ပါတယ်။

အာမိုရင်က “ကျနော်တို့ရဲ့ ကစားပုံက ကြီးကြီးမားမား ကွာခြားတာကို မမြင်တွေ့ခဲ့ပေမယ့် ဒီပွဲမှာ စဉ်းစားဖို့ အချိန်ပိုရခဲ့ပြီး လှုပ်ရှားမှု အချို့ကို မြင်တွေ့နိုင်သလို အတွေးအခေါ်တွေလည်း ရှိနေပါတယ်။ ကျနော်တို့ဟာ တစ်ပွဲပြီးတစ်ပွဲ အနိုင်ရယူနိုင်မယ်လို့ ထင်ပါတယ်။ ခင်ဗျားအနေနဲ့ ဘယ်လို အခြေအနေပဲရှိရှိ ယူနိုက်တက်မှာ ရှိနေတယ်ဆိုရင် ဆုဖလားတွေ ရယူနိုင်ဖို့ တိုက်ပွဲဝင်ရမှာပါ။ ဘယ်အသင်းနဲ့မဆို အနိုင်ယူနိုင်တယ်ဆိုတာ သက်သေပြရမယ်”လို့ ပြောခဲ့တာပါ။ 

ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်ရဲ့ ယူနိုက်တက်အသင်း နည်းပြဘဝ အစပိုင်းဟာ ရုန်းကန်နေရပေမယ့် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲဆက်တိုက် နိုင်ပွဲပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။

အာမိုရင်ဟာ ယူနိုက်တက်အသင်းကို သူကိုင်တွယ်ခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ် ၄ ပွဲစလုံး အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ စတူအာဘူခါရက်စ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၃ နေရာ ရပ်တည်ကာ ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပလေးအော့ဖ်အဆင့်ကို ရှောင်နိုင်ခဲ့တာကြောင့် နည်းပြအာမိုရင်က ဒါဟာ သူတို့အတွက် အလွန်အရေးပါပြီး ပွဲအတွက် ပြင်ဆင်နိုင်ဖို့ အချိန်ပိုရသလို ကစားသမားတွေ အကြောင်းကို ပိုပြီးနားလည်နိုင်မှာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။

ယူနိုက်တက်အသင်းဟာ မတ်လရောက်ရှိမှသာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်တွေကို ပြန်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ နောက်တဆင့် တက်ခဲ့ပြီးဖြစ်လို့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ပြန်ရယူနိုင်ဖို့ အာရုံစိုက်ရတော့မှာပါ။ 

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ ဖေဖော်ဝါရီ ၂ ရက်မှာ ပဲလေ့စ်အသင်းကို အိမ်ကွင်း လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

 Source: ESPN