CNI Sport News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈

ယူနိုက်တက်အသင်းဟာ ကာရာဘောင်းလိဂ်ဖလား ဒုတိယအဆင့်မှာ လိဂ်တူးကလပ် ဂရင်စဘီအသင်းကို အရေး နိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြအာမိုရင်က ကစားသမားတွေကို ဝေဖန်ခဲ့ပြီး အကောင်းဆုံး အသင်းက အနိုင်ရခဲ့တယ်လို့ ပြောခဲ့ပါတယ်။ 

အာမိုရင်က “ကျနော်တို့ရဲ့ ပရိသတ်တွေကို ကျနော်တောင်းပန်ချင်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျနော့်ရဲ့ ကစားသမားတွေဟာ သူတို့လိုချင်နေတဲ့ အရာကို အသံကျယ်လောင်စွာ ပြောခဲ့တယ်လို့ ကျနော် ခံစားရပါတယ်။ အကောင်းဆုံးအသင်းက အနိုင်ရခဲ့တာဖြစ်ပြီး ကျနော်တို့ဟာ အပြောင်းအလဲလုပ်ဖို့ လိုအပ်မယ်ထင်ပါတယ်။ အခု အချိန်မှာ ကျနော်တို့ဟာ လာမယ့်ပွဲကို အာရုံစိုက်ပြီး စဉ်းစားမှုတွေ ပြုလုပ်ရပါမယ်။ ဒီနေ့ဘောလုံးပွဲက အလွန် မျှတပြီး အကောင်းဆုံးအသင်းက အနိုင်ရခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီပွဲစဉ်မှာ ဂရင်စဘီအသင်းရဲ့ ၂ ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် အမ်ဘူမိုနဲ့ မက်ဂွဲယားတို့က အနောက်ကနေလိုက်ပြီး ချေပဂိုးတွေ သွင်းယူနိုင်ခဲ့တဲ့အတွက် ပွဲချိန်အတွင်း ၂ ဂိုးစီ သရေကျ ခဲ့တာပါ။ 

အဲဒါကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာမှာ ဂရင်စဘီအသင်းက ၁၂ ဂိုး-၁၁ ဂိုးနဲ့ အနိုင်ရပြီး တတိယ အဆင့်ကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းကို တွေ့ရစဉ် 

ပင်နယ်တီ အဆုံးအဖြတ်မှာ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်တွေဖြစ်တဲ့ ကွန်ညာနဲ့ အမ်ဘူမိုတို့ လွဲချော် ခဲ့ပြီး ဂိုးသမား အိုနာနာကလည်း ပင်နယ်တီ ၁ ကြိမ်သာ ကာကွယ်နိုင်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၂ ပွဲမှာ နိုင်ပွဲပျောက်ဆုံးနေသလို ကာရာဘောင်းလိဂ် ဖလားကနေလည်း စောစီးစွာ ထွက်ခွာခဲ့ရတာကြောင့် နည်းပြအာမိုရင်ဟာ ဖိအားတွေ ခံစားနေရပြီ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပေါင်သန်း ၂၀၀ ကျော်အသုံးပြုပြီး တိုက်စစ် ကစားသမား တွေ အားဖြည့်ထားပေမယ့် အသင်းဟာ တိုးတက်မှုရရှိဖို့ ရုန်းကန်နေရတာပါ။ 

ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က နွေရာသီတစ်ခုတည်းမှာ အရာအားလုံးကို ပြောင်းလဲလို့ မရပေမယ့် ပွဲတွေကို အနိုင်ရဖို့လိုအပ်သလို ဒီလိုမျိုးစွမ်းဆောင်ရည်ကို မပြသသင့်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါအပြင် အာမိုရင်က ဂိုးသမားတစ်ဦးတည်းက ပြဿနာဖြစ်နေတာ မဟုတ်ဘဲ အရာအားလုံးမှာ ပြဿနာရှိနေ တယ်လို့လည်း ပြောခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာ ရလဒ် မကောင်းခဲ့ရင် နည်းပြအာမိုရင်ဟာ ရာထူးကနေ ထုတ်ပယ်ခံရဖွယ်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထား ပါတယ်။ 

Source: ESPN