CNI Sport News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈
ဖီနာဘာချီအသင်းဟာ ဘင်ဖီကာအသင်းကို ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်မှာ အရေးနိမ့်ခဲ့ပြီးနောက် နည်းပြ မော်ရင်ဟိုက သူတို့ဟာ ယူရိုပါလိဂ်မှာ ပိုပြီးကောင်းမွန်တဲ့ ရလဒ်တွေရရှိအောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါ တယ်။
မော်ရင်ဟိုက “ကျနော်တို့ဟာ လိဂ်ဖလားကို နှစ်အတော်ကြာအောင် မရရှိခဲ့တဲ့အတွက် ဒါက အမြဲတမ်း ရည်မှန်း ချက် ပန်းတိုင်ပါ။ ယူရိုပါလိဂ်က ကျနော်တို့ရဲ့ အလားအလာနဲ့ ပိုပြီးကိုက်ညီတဲ့ ပြိုင်ပွဲတစ်ခုပါ။ မနှစ်ကလည်း ယူရိုပါလိဂ်မှာ ကောင်းမွန်စွာ ကစားနိုင်ခဲ့ပေမယ့် ရိန်းဂျားစ်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ အခုနှစ် မှာ ဒီထက်ပိုပြီး ကောင်းမွန်အောင် ကြိုးစားသွားမှာပါ။ ယူရိုပါလိဂ်မှာ အသင်းကောင်းတွေရှိနေပြီး ပေါ်တိုအသင်း က အလွန်တောင့်တင်းပါတယ်”လို့ ပြောခဲ့တာပါ။
ဖီနာဘာချီအသင်းဟာ ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့် ဒုတိယအကျော့မှာ ဘင်ဖီကာအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ပထမအကျော့ ပွဲစဉ်တုန်းက ဂိုးမရှိ သရေကျခဲ့တဲ့အတွက် နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုး-ဂိုးမရှိနဲ့ ဘင်ဖီကာအသင်း အနိုင်ရပြီး ချန်ပီယံလိဂ် အုပ်စုအဆင့် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တာပါ။
ဖီနာဘာချီအသင်းကတော့ ယူရိုပါလိဂ်ကို ဆင်းပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဖီနာဘာချီနဲ့ပေါ်တို အသင်းယှဉ်ပြိုင်နေစဉ်
ဖီနာဘာချီအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပေါ်တို၊ အက်စတွန်ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်၊ နိုက်စ်၊ ဘိုလော့ဂ်နာ အသင်းတို့နဲ့ တွေ့ဆုံရဖွယ်ရှိနေတာပါ။
ဖီနာဘာချီအသင်း နည်းပြမော်ရင်ဟိုက သူတို့ဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရရှိအောင် ကြိုးစား သွားမှာဖြစ်ပြီး အသင်းဟောင်း ပေါ်တိုအသင်းက ဒီပြိုင်ပွဲမှာ အတောင့်တင်းဆုံးအသင်းလို့ ပြောခဲ့ပါတယ်။
ဒါအပြင် မော်ရင်ဟိုက သူတို့ဟာ ချန်ပီယံလိဂ် ပလေးအော့ဖ်အဆင့်မှာ ပိုကောင်းတဲ့ ဘင်ဖီကာအသင်းကို အရေးနိမ့်ခဲ့ပြီး ဘင်ဖီကာအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့် ရောက်ရှိဖို့ ထိုက်တန်တယ်လို့ ပြောခဲ့တာပါ။
ဖီနာဘာချီအသင်းဟာ ဒီရာသီ တူရကီစူပါလိဂ်ပွဲစဉ် ၂ ပွဲ ကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
Source: Metro