CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂
ယူနိုက်တက်အသင်းဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အမ်ဘူမို၊ အာမက်နဲ့ မက်ဇရာအူရီတို့ကို အာဖရိကနိုင်ငံများဖလားပြိုင်ပွဲထံ နောက်ကျပြီးမှ စေလွှတ်ဖို့ ကြိုးပမ်းနေပါတယ်။
ပြိုင်ပွဲရဲ့စည်းမျဉ်းအရ ယူနိုက်တက်အသင်းဟာ ကင်မရွန်း၊ အိုင်ဗရီကို့စ်နဲ့ မော်ရိုကို လက်ရွေးစင်အသင်းတွေရဲ့ ပထမဆုံးပွဲတွေ မတိုင်မီ နှစ်ပတ်အလိုမှာ ဒီကစားသမား ၃ ဦးကို စေလွှတ်ပေးရမှာပါ။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဒီဇင်ဘာ ၈ ရက် ဝုလ်ဗ်စ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် အချိန်မှာ သူတို့ကို နိုင်ငံအသင်းတွေထံ ထွက်ခွာခွင့် ပေးရမှာဖြစ်ပါတယ်။
မက်ဇရာအူရီရဲ့ မော်ရိုကိုအသင်းဟာ ဒီပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး သူတို့ဟာ ဒီဇင်ဘာ ၂၁ ရက်မှာ ကိုမိုရို့စ်အသင်းနဲ့ အဖွင့်ပွဲစဉ်ကစားရမှာပါ။
အာမက်နဲ့ အမ်ဘူမိုတို့ရဲ့ အိုင်ဗရီကို့စ်နဲ့ ကင်မရွန်းအသင်းတို့ဟာ ဒီဇင်ဘာ ၂၄ ရက်မှာ သူတို့ရဲ့ အဖွင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်မှာ ကျင်းပမှာဖြစ်လို့ သူတို့ရဲ့အသင်းတွေဟာ ဗိုလ်လုပွဲအထိ ရောက်ခဲ့ရင် ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ် ၈ ပွဲနဲ့ FA ဖလား တတိယအဆင့်ကိုပါ လွဲချော်မှာပါ။
အဲ့ဒါကြောင့် ယူနိုက်တက်အသင်းဟာ ဒီကစားသမား ၃ ဦးကို ဒီဇင်ဘာ ၁၅ ရက် ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်ပြီးမှသာ စေလွှတ်ပေးနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ သူတို့ရဲ့ ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်အသင်းနည်းပြ အာမိုရင်က ကစားသမားတွေကို အသင်းမှာ အနည်းငယ် ပိုပြီးကြာကြာထားဖို့ ကြိုးစားနေပေမယ့် ဒါက သူတို့လက်ထဲမှာ မရှိတဲ့အတွက် စောင့်ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
