CNI Sport News

၂၀၂၆ ခုနှစ်၊ မေလ ၁၅

ရီးရယ်လ်အသင်းက အိုဗီဒိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ လာလီဂါပွဲမှာ တိုက်စစ်မှူး ဘာပေဟာ ကွင်းထဲ ဝင်ရောက်လာချိန် အသင်းပရိသတ်တွေရဲ့ ကျယ်လောင်စွာ လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။

ရီးရယ်လ်အသင်းရဲ့ ပြီးခဲ့တဲ့ပွဲတွေကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ဘာပေဟာ ဒီပွဲရဲ့ပွဲချိန် ၆၉ မိနစ်မှာ ဂွန်ဇာလိုဂါစီယာရဲ့ နေရာ လူစားလဲ ဝင်ရောက်လာခဲ့တာပါ။ 

ဘာပေဟာ ပွဲချိန်မိနစ် ၈၀ မှာ သွင်းယူခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ 

ဘာပေဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ဖို့ အနားပေးခံရချိန်မှာ အပန်းဖြေနေတဲ့ပုံတွေ ထွက်ပေါ်လာတာကြောင့် ရီးရယ်လ်အသင်း ပရိသတ်တွေက ဒေါသထွက်ပြီး သူ့ကိုအသင်းကနေ ထွက်ခွာဖို့ တောင်းဆိုမှုတွေ ရှိနေတာပါ။ 

ဘာပေကတော့ အားလပ်ရက်ခရီးကို ကလပ်က ခွင့်ပြုထားကြောင်းနဲ့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို သူလက်ခံရမယ်လို့ ပြောခဲ့ပါတယ်။ 

ဘတ်ပီကို တွေ့ရစဉ်

ဘာပေက “ဒါက ဘဝဖြစ်ပြီး လူတွေ ဒေါသထွက်နေချိန်မှာ သူတို့ရဲ့စိတ်ကို ပြောင်းလဲလို့ မရပါဘူး။ ဒါဟာ ရီးရယ်လ် ကစားသမားတစ်ဦးနဲ့ ကျနော့်လို နာမည်ကြီး ကစားသမားတစ်ဦးရဲ့ဘဝပါ။ လှောင်ပြောင်မှုတွေကို လက်ခံကာ ရှေ့ဆက်ပြီး အခြေအနေတွေကို ပြောင်းလဲရမယ်”လို့ ပြောခဲ့တာပါ။ 

ဒါ့အပြင် ဘာပေက သူဟာ ၁၀၀ ရာခိုင်နှုန်း ကောင်းနေပြီဖြစ်ကြောင်းနဲ့ နည်းပြက သူ့ကို တိုက်စစ်မှာ စတုတ္ထ မြောက် ရွေးချယ်မှုဖြစ်ကြောင်း ပြောခဲ့တဲ့အတွက် ပွဲထွက်လူစာရင်းထဲ ပြန်ပါဝင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောခဲ့ပါတယ်။

ရီးရယ်လ်အသင်း နည်းပြ အာဘီလိုအာက သူဟာ ဘာပေကို စတုတ္ထမြောက် ရွေးချယ်မှုဖြစ်တယ်လို့ မပြောခဲ့ ကြောင်းနဲ့ သူဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုခဲ့လဲဆိုတာ မသိဘူးလို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီရာသီ လာလီဂါနောက်ဆုံး ၂ ပွဲအဖြစ် ဆီဗီလာ၊ ဘီလ်ဘာအိုအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

Source: CNA