- By CNI
- Category: ရာသီဉတု
- Hits: 855
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီး၍ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ-တာချီလိတ်သွား လမ်းမကြီး ပျက်စီးသွားသည်ကို တွေ့ရသည်။

ကျိုင်းတုံ-တာချီလိတ်သွား လမ်းမြင်ကွင်းကို တွေ့ရစဉ် (CJ)
- By CNI
- Category: ရာသီဉတု
- Hits: 2392
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေကြီးမှုကြောင့် မြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

တာချီလိတ်မြို့က ရေပြန်ကျပြီးနောက် မြင်တွေ့ရစဉ် (CJ)
ထို့နောက် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဆန်ဆိုင်းဘုန်းကြီးကျောင်း အနီးဝင်ကျင်တွင် စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ရေပြန်ကျသွားပြီးနောက် အခြေအနေကို အောက်ပါပုံများအတိုင်း မြင်တွေ့ရသည်။
- By CNI
- Category: ရာသီဉတု
- Hits: 2913
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့သည် တောင်ကျရေကြီးမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး အင်တာနက်နှင့် ဖုန်းလိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် နေပြည်တော်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း (တာချီလိတ်၊ ကျိုင်းတုံ)၊ မန္တလေးတိုင်းဒေသကြီး ညောင်းဦးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ပျော်ဘွယ်မြို့နယ် စသည့် ဒေသများ တွင် ရေကြီးရေလျှံဖြစ်ကာ ရေဘေး ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေကြရသည်။
- By CNI
- Category: ရာသီဉတု
- Hits: 4424
CNI International News
ဟနွိုင်း၊ စက်တင်ဘာ ၁၃
ဗီယက်နမ်နိုင်ငံတွင် အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း ယာဂီ (Yagi) တိုက်ခတ်ခဲ့ပြီးနောက် သေဆုံးသူ အရေအတွက် ၁၉၉ ဦးအထိရှိလာခဲ့ကာ ပျောက်ဆုံးသူ ၁၂၈ ဦးရှိနေကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ဗီယက်နမ်၏ VN Express သတင်းစာတွင် ဖော်ပြချက်အရ ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် စက်တင်ဘာ ၁၂ ရက်နေ့အထိ ရရှိထားသည့် သတင်းများအရ လူ ၁၉၉ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၈၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
ဟနွိုင်း (Hanoi) မြို့တော်တွင် မြစ်နီ (Red River) မြစ်မှ ရေများလျှံမှုကြောင့် နေရာဒေသ အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသည်။
ရေလွှမ်းမိုးနေသည့် နေရာဒေသများတွင် နေထိုင်သော ဒေသခံများကို စက်တင်ဘာ ၁၀ ရက်က ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး စက်တင်ဘာ ၁၁ ရက်အထိ လျှပ်စစ်ဓာတ်အားများနှင့် သောက်သုံးရေများ ပြတ်လပ်လျက်ရှိ သည်။

ဗီယက်နမ်မှာ မုန်တိုင်းကြောင့် ရေကြီးရေလျှံဖြစ်နေစဉ်
ယာဂီမုန်တိုင်းသည် ဆယ်စုနှစ်များအတွင်း အရှေ့တောင်အာရှတွင် တိုက်ခတ်သည့် အင်အားအပြင်းဆုံး တိုင်ဖွန်း မုန်တိုင်း ဖြစ်ခဲ့သည်။ စက်တင်ဘာ ၇ ရက်က ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ကာ လေတိုက်နှုန်း တစ်နာရီ ၁၄၉ ကီလိုမီတာ (၉၂ မိုင်) ရှိခဲ့သည်။
ထိုမုန်တိုင်းသည် စက်တင်ဘာ ၈ ရက်တွင် အားပျော့သွားသော်လည်း ဒေသတွင်းနိုင်ငံများ၌ မိုးများ ဆက်လက် ရွာသွန်းနေပြီး ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားနေသည်။
ယာဂီမုန်တိုင်းသည် ဖိလစ်ပိုင်၊ တရုတ်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနှင့် မြန်မာနိုင်ငံတို့တွင်ပါ မိုးသည်းထန်စွာ ရွာသွန်းမှုများ၊ ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေသည်။
ထိုမုန်တိုင်းကြောင့် ဖိလစ်ပိုင်တွင် သေဆုံးသူ ၂၀ ၊ တရုတ်တွင် သေဆုံးသူ ၄ ဦး၊ ဗီယက်နမ်တွင် သေဆုံးသူ ၁၉၉ ဦးနှင့် ထိုင်းတွင် သေဆုံးသူ ၈ ဦးရှိခဲ့သည်။
သမုဒ္ဒရာရေများ ပူးနွေးလာမှုက မုန်တိုင်းများကို ပိုမိုအားကောင်းစေခဲ့ကာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ကြောင့် တိုင်ဖွန်းယာဂီကဲ့သို့ မုန်တိုင်းများသည် ယခင်ကထက် ပိုမိုဆိုးရွား ပြင်းထန်လာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
Source: အေပီ
- By CNI
- Category: ရာသီဉတု
- Hits: 3671
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၂
နေပြည်တော်နှင့်အနီး တဝှိုက်ရှိ ရေဘေးအန္တရာယ် ကြုံတွေ့နေရသော ပြည်သူများအနေဖြင့် အောက်ပါ ပရဟိတအဖွဲ့များထံ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်နှင့် အနီး တဝှိုက်မှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေခြင်းကြောင့် ဒေသတွင်းနေ ပြည်သူများသည် ရေဘေးဒုက္ခသည်များအဖြစ် အကူအညီများ လိုအပ်လျက်ရှိနေသည်။
- By CNI
- Category: ရာသီဉတု
- Hits: 3556
CNI News
၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁
ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ် များတွင် ရေမြင့်တက်လျက်ရှိနေသည့်အတွက် အနီးအနားရှိ ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ် သတိ ထား နေထိုင်ကြရန် မိုးဇ/လက တိုက်တွန်း ထုတ်ပြန်ခဲ့သည်။
ရာဂီမုန်တိုင်း အရှိန်ကြောင့် နေပြည်တော် ဒေသနှင့် အရှေ့ဘက် ကုန်းမြင်ဒေသများတွင် မိုးရွာသွန်းမှုများပြား လျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်း လောင်မြစ်များတွင် ရေမြင့်တက်လျက်ရှိသည်။

ထို့ကြောင့် ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြရန် မိုးဇ/လက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
- By CNI
- Category: ရာသီဉတု
- Hits: 1817
CNI International News
ဟနွိုင်း၊ စက်တငဘာ ၁၀
ယခုနှစ်အတွင်း အာရှတိုက်တွင် အင်အားအပြင်းထန်ဆုံး မုန်တိုင်းဖြစ်သည့် တိုင်ဖွန်းယာဂီသည် ဖိလစ်ပိုင်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဝင်ရောက်တိုက်ခတ်သွားခဲ့သဖြင့် လူပေါင်းများစွာ သေဆုံးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
တိုင်ဖွန်းယာဂီသည် ဗီယက်နမ်နိုင်ငံတွင် ဆယ်စုနှစ်များအတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းဖြစ်ပြီး စက်တင်ဘာ ၇ ရက်က ဗီယက်နမ်နိုင်ငံမြောက်ပိုင်းသို့ လေတိုက်နှုန်း တစ်နာရီလျင် ၁၄၉ ကီလိုမီတာ (၉၂ မိုင်) ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
ထိုမုန်တိုင်း တိုက်ခတ်မှုကြောင့် ဟနွိုင်း (Hanoi) မြို့တော်တွင် လျှပ်စစ် ဓာတ်အားလိုင်းများနှင့် ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်ကာ ရေလွှမ်းမိုးမှုများ၊ သစ်ပင်များလဲပြိုမှုများ၊ လူနေအိမ်များ ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
တိုင်ဖွန်းယာဂီ မုန်တိုင်းသည် ပြီးခဲ့သည့် သီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံကို စတင်ဝင်ရောက်ခဲ့သဖြင့် လူ ၂၀ ခန့် သေဆုံးကာ ၂၂ ဦး ပျောက်ဆုံးခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ကျွန်းကို ဝင်ရောက်ခဲ့သဖြင့် လူ ၄ ဦး သေဆုံးခဲ့သည်။

တိုင်ဖွန်းယာဂီမုန်တိုင်း တိုက်ခိုက်ခဲ့စဉ်
တရုတ်ကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီးနောက် ဗီယက်နမ်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဗီယက်နမ်တွင် မိုးသည်း ထန်စွာ ရွာသွန်းမှုများ၊ မြေပြိုမှုများနှင့် ရေလွှမ်းမိုးမှုများဖြစ်ပွားကာ သေဆုံးသူ ၅၉ ဦးအထိရှိခဲ့ကြောင်း နောက်ဆုံး ရရှိသည့် သတင်းများတွင် ဖော်ပြထားသည်။
ထိုမုန်တိုင်း တိုက်ခတ်မှုကြောင့် စက်တင်ဘာ ၉ ရက်က ဗီယက်နမ်နိုင်ငံ၊ ဖူသို ( Phu Tho) ခရိုင်ရှိ မြစ်နီ (Red River) ပေါ်တွင် ဖြတ်သန်းဖောက်လုပ်ထာသည့် ဖွန်ချာအူ (Phong Chau) တံတားတစ်စင်း ကျိုးကျခဲ့သည်။
အဆိုပါ မုန်တိုင်းသည် စူပါတိုင်ဖွန်း မုန်တိုင်းအဖြစ်မှ အားလျော့လာခဲ့ပြီးနောက် စက်တင်ဘာ ၈ ရက်တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ အားလျော့သွားခဲ့ပြီး အနောက်ဘက်သို့ ဦးတည်ရွေ့လျားသွားခဲ့သည်။
မုန်တိုင်း အားလျော့သွားသည့်တိုင် နိုင်ငံအတွင်း မိုးသည်ထန်စွာ ရွာသွန်းမှု၊ ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း ဗီယက်နမ် မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: ရာသီဉတု
- Hits: 2162
CNI News
၂၀၂၄ခုနှစ်၊ ဇူလိုင် ၃၁
တနင်္သာရီမြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ၄ ပေခန့် ရောက်ရှိလာ၍ မြိတ်- မောတောင်ကုန်သွယ်ရေးလမ်း သွားလာမရတော့သည့်အတွက် ပိတ်ထားရကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင်နှင့် ကုန်သွယ်မှုပြုလုပ်နေသည့် ထိုင်းနိုင်ငံ ဆင်းခွန်နယ်စပ် ကုန်သွယ်ရေးလမ်းတွင် တနင်္သာရီ မြစ်ရေကြီးမှုကြောင့် ကုန်သွယ်မှု လမ်းကြောင်း ယာယီ ပြတ်တောက်နေသည်။
ဇူလိုင် ၂၉ ရက် မနက်ပိုင်း တိုင်းထွာချက်အရ တနင်္သာရီမြစ်ရေသည် ၂၇ ပေ ၇ လက်မအထိ ကျော်လာခဲ့သည်။
တနင်္သာရီမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၀ ရွာ ရေနစ်မြုပ်နေသလို တနင်္သာရီမြို့နေရာ အများစုလည်း ရေနစ်မြုပ် နေကြောင်း သိရသည်။
အဓိက ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော မြိတ်-မောတောင် ကုန်သွယ်ရေးလမ်းကြောင်းသည် ဇူလိုင် ၂၈ ရက်နေ့ ညနေပိုင်းက စတင်ပြီး ကုန်ကားကြီးများ သွားလာ၍ မရတော့ခြင်းဖြစ်သည်။

တနင်္သာရီမြစ်ရေ မြင့်တက်မှုကြောင့် ကားလမ်းရေကျော်နေသည်ကို တွေ့ရစဥ်
လက်ရှိတွင် မြိတ်-ရန်ကုန် ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုသွားလာနိုင်သော်လည်း မြိတ်-တနင်္သာရီ-မောတောင်၊ မြိတ်-တနင်္သာရီ-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးမှာ အသုံးပြု၍ မရတော့ပဲ ပိတ်ဆို့နေ သည်။
မြိတ်-မောတောင် ကုန်သွယ်ရေးလမ်းကြောင်းသည် မြိတ်-ပရာကျွတ်ခီရီခံ(မြန်မာ - ထိုင်း) ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် တည်ရှိသည်။
ထိုလမ်းကြောင်းသည် မြိတ်ခရိုင်အတွက် အဓိကအားထားရသည့် ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည်။
ထိုင်းနိုင်ငံသို့ မြိတ်ခရိုင်ဘက်မှ တင်ပို့နေသည့် ကုန်ပစ္စည်းအများစုမှာ ပင်လယ်စာပစ္စည်းများဖြစ်သည်။
တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေအမှတ်မှာ ၂၄ ပေဖြစ်ကာ ယခု တနင်္သာရီ မြစ်ရေမှာ ၂၇ ပေ ၇ လက်မကျော် ရှိနေကြောင်း သိရသည်။
