CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၁ 

ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ် များတွင် ရေမြင့်တက်လျက်ရှိနေသည့်အတွက် အနီးအနားရှိ ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ် သတိ ထား နေထိုင်ကြရန် မိုးဇ/လက တိုက်တွန်း ထုတ်ပြန်ခဲ့သည်။

ရာဂီမုန်တိုင်း အရှိန်ကြောင့် နေပြည်တော် ဒေသနှင့် အရှေ့ဘက် ကုန်းမြင်ဒေသများတွင် မိုးရွာသွန်းမှုများပြား လျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်း လောင်မြစ်များတွင် ရေမြင့်တက်လျက်ရှိသည်။

ထို့ကြောင့် ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများအနေဖြင့် ရေဘေးအန္တရာယ် သတိပြုနေထိုင်ကြရန် မိုးဇ/လက တိုက်တွန်းခဲ့ခြင်းဖြစ်သည်။