CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသဖြစ်သည့် ပုဂံဒေသနှင့် နေပြည်တော်ကောင် စီ နယ်မြေအတွင်းက ရေဘေးသင့်ဒေသများကို နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက်တင်ဘာ ၁၅ ရက် နေ့က သွားရောက်ခဲ့ပြီး ပြန်လည်ထူထောင်ရေး အရှိန်မြှင့်လုပ်ဆောင်ရန် ပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ပျက်စီးသွားသော လမ်းတံတားများ၊ ရေထိန်းတမံများ၊ စိုက်ပျိုရေး၊ မွေးမြူရေးလုပ်ငန်းများ အခြေအနေကို သွားရောက် လေ့လာခဲ့ပြီး အမြန်ဆုံး ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် ပြောကြားခဲ့သည်။

ထို့နောက် ပုဂံဒေသသို့ သွားရောက်ပြီး ဘုရားစေတီ ပုထိုးများ ပျက်စီးမှုများကို သွားရောက်လေ့လာခဲ့ပြီး ပြန်လည် ထိန်းသိမ်း ပြုပြင်နိုင်ရေး လုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ယာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့နယ် ၃၄ မြို့နယ်တွင် ရေဝင်ရောက် ခဲ့မှုကြောင့် ပြည်သူလူထု ၂ သိန်းကျော် ရေဘေးသင့်ခဲ့ကြသည်။

ထို့ကြောင့် နစကသည် ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်နိုင်ရေးအတွက် နိုင်ငံတစ်ဝန်း ကူညီကယ် ဆယ်ရေးစခန်း ၁၈၇ ခု ဖွင့်လှစ်ပြီး အိမ်ထောင်စု ၅၉၄၁၃ စု၊ လူဦးရေ ၂၃၆၆၄၉ ဦးကို ပြောင်းရွှေ့ပေးခဲ့ရ သည်။

လက်ရှိတွင် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရေဘေးသင့် ဒေသများအတွင်း ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင်နှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အမြန်ဆုံးရရှိအောင် ကြပ်မတ် ဆောင်ရွက်လျက်ရှိ သည်။