CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၃

မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် သံလွင်မြစ်ရေကြီးကာ ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းသို့ ဝင်ရောက် လာသည့်အတွက် ယနေ့ (စက်တင်ဘာ ၁၃ ရက်) နေ့လယ် ၁၁ နာရီခွဲက ဘားအံမြို့အတွင်း ရေကြီးရေလျှံ ဖြစ်ပေါ်နေသည်။

ဘားအံမြို့မှ သံလွင်တံတားကိုအထွက် တိုင်းရင်းဆေးရုံရှေ့ မြင်ကွင်းကို အောက်ပါပုံများအတိုင်း တွေ့ရသည်။

ဘားအံမြို့ဒေသခံ တစ်ဦးက “ သံလွင်မြစ်ရေ မြို့ထဲကို အရှိန်နဲ့စီးဝင်နေပါတယ်။ ကားအနိမ့်တွေ ဖြတ်သန်းလို့ အဆင်မပြေပါ”ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

လက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံမှုများဖြစ်ကာ ရေဘေးအန္တရာယ် သတိပေးမှုများ ထုတ်ပြန် ထားရပြီး ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေကြရသည်။