CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၈
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁)၌ ကရင် ပြည်သူ့ပါတီ (KPP) နှင့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ( KNDP)တို့၏ မဲရလဒ် အခြေအနေ မည်ကဲ့သို့ ရှိသလဲဆိုသည့်အပေါ် မေးခွန်းထုတ်လျက်ရှိနေသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ရွေးကောက်ပွဲ အပိုင်း(၁)ကို စတင် ကျင်းပခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီ ၂၅ ရက်၌ ရွေးကောက်ပွဲ အပိုင်း (၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။
ရွေးကောက်ပွဲ အပိုင်း(၁)၌ ကရင်ပြည်သူ့ပါတီ အနေဖြင့် ဧရာဝတီတိုင်းတွင်သာ ဝင်ရောက်ယှဥ်ပြိုင်ပြီး တိုင်းရင်း သား ရေးရာ နေရာတွင် မဲရလဒ်၂၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ခရိုင် ၃ ခုတွင် ဒုတိယ အဆင့်ဖြင့် ရှုံးနိမ့်ခဲ့သည်ဟု ကရင်ပြည်သူ့ပါတီ(KPP)မှဥက္ကဋ္ဌ ဒေါ်နန့်ခင်အေးဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခရိုင်အလိုက်ဆိုရင် တို့က ဝင်ရတာ မအူပင်ခရိုင်၊ ပုသိမ်ခရိုင် နောက်တစ်ခါ မြောင်းမြခရိုင် သုံးခုပဲဝင်နိုင် တယ်။ အားလုံး ဧရာဝတီမှာ ၆ ခရိုင်ရှိတယ်။ ဆရာမတို့က ၄ ခရိုင်လောက် ဝင်နိုင်မယ်လို့ မျှော်လင့်ထားတဲ့ဟာ အဲဒီဥပဒေ၊ နည်းဥပဒေတွေကြောင့်မို့လို့ UEC ရဲ့ ပထမထုတ်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကြောင့် ဆရာမတို့က သုံးခရိုင်ပဲ ဝင်နိုင်တယ်။ ဆရာမတို့က ဒုတိယရတယ်ကွယ်၊ ပြောရရင်တော့ ဒီတိုင်းမှာ ဧရာဝတီတိုင်းမှာ။ ဒုတိယ ရတယ်။ ဒါပေမယ့် တချို့မြို့နယ်တွေက မဲပြတ်တယ်။ မဲမပြတ်တဲ့ မြို့နယ်တွေလည်း ရှိတယ်ပေါ့။ ကျုံပျော်တို့ ဘာတို့ဆို မဲသိပ်မပြတ်ဘူးပေါ့၊ နိုင်ခြေရှိရာကနေမှ ပြန်ရှုံးသွားရတာပေါ့နော်။ အဲဒီတော့ ကျုံပျော်တို့၊ မြောင်းမြတို့ မဆိုးဘူးပေါ့။ အခုလည်း ဆရာမတို့ ဒုတိယပိုင်းမှာလည်းပဲ နည်းနည်း အားကောင်းမယ့် အပိုင်းရှိတယ်။ တိုင်းဒေသကြီးအတွက် ပြောတာနော်။ ဆရာမတို့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို မဝင်နိုင်ပါ ဘူး။ ဘာလို့ဆို မြို့နယ်တွေ အများကြီး ပေါင်းထားတော့ ဆရာမတို့ပါတီက ဧရာဝတီတိုင်းတစ်တိုင်းထဲ ယူထား တယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော်က ပြည်သူ့လွှတ်တော်ကိုတော့ ၇ ယောက်လောက်ပဲ ဝင်နိုင် တယ်။ နောက် အမျိုးသားလွှတ်တော်တော့ လုံးလုံး မဝင်နိုင်ဘူးပေါ့။ ပြည်သူ့လွှတ်တော်ကလည်း ရှုံးကြတာ ချည်းပဲပေါ့နော်။ ရှုံးတယ်ဆိုတာ ဒုတိယနဲ့ ရှုံးတာပေါ့နော် ဒုတိယနဲ့ ရှုံးတယ်။ တိုင်းရင်းသားရေးရာ မဲမှာတော့ ဆရာမတို့က ၂၀,၀၀၀ ကျော်တယ်။ ၂၀,၀၀၀ တော်တော်လေး ကျော်တယ်ပေါ့နော်။ အဲဒါနဲ့ နည်းနည်းနိုင်နေ တယ်ပေါ့” ဟု ပြောသည်။

ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို တွေ့ရစဉ်
မကြာသေးခင်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အပိုင်း(၁)တွင် မြဝတီမြို့နယ်၌ မဲပေးသူဦးရေ ထောင်ဂဏန်း ဝန်းကျင်သာရှိကြောင်း၊ ဘားအံမြို့နယ်တွင်လည်း မဲလာရောက်ပေးမှု ၅၀ ရာခိုင်နှုန်း ဝန်းကျင်သာရှိသည်ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) မှ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဒုတိယနေရာလောက် ရတယ်လို့ ပြောလို့ရတယ်ဗျ။ ကျနော်တို့ ဘားအံမြို့နယ်ကတော့ ပြည်ခိုင်ဖြိုးပြီးရင် ကျနော်တို့က မဲအများဆုံးပဲ။ ကျနော်တို့ သုံးမြို့နယ်မလား၊ သံတောင်ရယ်၊ မြဝတီရယ်၊ ဘားအံရယ်။ ဘားအံကတော့ ဒုတိယရတယ်။ မြဝတီကတော့ ကျနော်တို့ တတိယလောက်ပဲရတယ်။ သံတောင် ကတော့ ကျနော်တို့ မဝင်ဘူးလေ။ ဒါပေမယ့် မြဝတီရဲ့ မဲပေးသူဦးရေက နည်းနည်းပါးပါးပဲလေ၊ ထောင်ဂဏန်း ပဲလေ အဲဒီလို ဖြစ်နေတယ်။ မြဝတီမှာက မဲရုံဖွင့်လှစ်တာ မဲပေးခွင့်ပြုတာက များသောအားဖြင့် တပ်ရှိတဲ့ နေရာ တွေပဲများတာကို တပ်ရှိတဲ့ နေရာတွေ များတယ်။ နောက် မြို့ပေါ် နည်းနည်းပါးပါးပေါ့နော်။ သင်္ဃန်းညီနောင် တောင်မှ မပါဘူးဆိုတဲ့ အခါကျတော့ မဲပေးမှု အခြေအနေကတော့ နည်းနည်း နည်းတယ်ပေါ့။ ထောင်ဂဏန်း လောက်ပဲ ရှိမယ်ထင်တယ် အားလုံး စုစုပေါင်းမှ။ ဘားအံကတော့ ပေးလို့ရတယ်၊ ဒါပေမယ့် ဥပဒေအရ ပေးချင် လည်း ပေးမယ်၊ မပေးချင်လည်း နေလို့ရတယ်ဆိုတော့ မဲပေးမှုကတော့ ကျနော် ကြည့်တာတော့ ၅၀ ရာခိုင်နှုန်း ဝန်းကျင်လောက်တော့ရှိမယ်။ နည်းရင်လည်း နည်းမယ်ပေါ့လေ ၅၀ အထက်တော့ မရှိလောက်ဘူး။ မြဝတီက တော့ ကျနော် ကြားရသလောက်ပေါ့လေ၊ မဲမပေးခင်နေ့မှာ အသံလေး နည်းနည်း ကြားတယ်ပေါ့ နောက်ပိုင်းဘာမှ မကြားရတော့ပါဘူး” ဟု ပြောသည်။
လက်ရှိ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သော ရွေးကောက်ပွဲအပိုင်း(၁)၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိထားကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ အားလုံး အနိုင်ရထားကြောင်း သိရသည်။
ထို့နောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)က ဒုတိယနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ နာဂ အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရှမ်နီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီတို့က တတိယအဖြစ် အနိုင်ရရှိထားသည်။
