CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၁

လက်နက်ကိုင် ပဋိပက္ခများကြောင့် ပိတ်ထားရသည့် ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းဖြစ်သည့် အာရှလမ်းမကြီး ကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်တွင် ပြန်လည် ဖွင့်တော့မည်ဖြစ်သည်။

အဆိုပါ ဘားအံ-ကော့ကရိတ်-မြဝတီ(အာရှလမ်း)ကြီး ဖွင့်လှစ်ခြင်းကို တံတားဦးကျေးရွာ(လွန်းညရေပြာအိုင်အနီး) မှာ အခမ်းအနားဖြင့် ကျင်းပမည်ဖြစ်သည်။

ထိုင်း-မြန်မာ ကုန်သွယ်‌ရေးလမ်းဖြစ်သည့် အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်မည်ဆိုလျှင် ကုန်စည်စီးဆင်းမှု ပြန်လည် ကောင်းမွန်လာ၍ ကုန်စျေးနှုန်းများလည်း ပြန်လည် ကျဆင်းလာမည်ဟု ကုန်သည်များက ပြောသည်။

ထိုအာရှလမ်းမကြီးကို ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက စိုးမိုး ထားသည့်အတွက် ပိတ်ထားရသည့်မှာ ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ ဧပြီ ၂ ရက်နေ့မှာတော့ အစိုးရ ဘက်က ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။