CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၉
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီးမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာနိုင်ငံတွင် သေဆုံးထိခိုက်မှုများနှင့် အဆောက်အအုံများ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့သည်။
ထို့ကြောင့် စင်္ကာပူအစိုးရက ငလျင်ဘေးသင့် မြန်မာပြည်သူများကို ကူညီကယ်ဆယ်နိုင်ရေးအတွက် စ္ကာပူအရပ်ဖက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) ၏ ဦးဆောင်မှုအောက်ရှိ Operation Lionheart( OLH) ကူညီကယ်ဆယ်ရေး အဖွဲ့တစ်ဖွဲ့ကို မတ်လ ၂၉ ရက်က မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။
အဆိုပါအဖွဲ့တွင် ကယ်ဆယ်ရေးလုပ်ငန်းကျွမ်းကျင်သူများ၊ ဆရာဝန်များ၊ ဆေးဘက်အကူများ၊ ရှာဖွေရေးလုပ်ငန်း အထူးကျွမ်းကျင်သူများ၊ အန္တရာယ်ရှိပစ္စည်းများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သူများနှင့် အထူးလေ့ကျင့်ပေးထားသည့် ခွေး ၄ ကောင်တို့ ပါဝင်ကြောင်း စင်္ကာပူသံရုံးက ထုတ်ပြန်ခဲ့သည်။