CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၂၉
ငလျင်ဘေးဒဏ်သင့် မြန်မာနိုင်ငံကို အကူအညီ အထောက်အပံ့များ ပေးသွားမည်ဖြစ်ပြီး နစကနှင့် စကာားပြောပြီးပြီဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၂၈ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီးမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အလွန်အားပြင်း သည့် ငလျင်လှုပ်ခတ်သွားသည့်အတွက် လူပေါင်း ၁၀၀ ကျော်သေဆုံးပြီး ၇၀၀ ကျော်ဒဏ်ရာရရှိခဲ့သလို လူနေအိမ် များ၊ အဆောက်အအုံများ၊ လမ်းတံတားများ ပြိုကျပျက်စီးခဲ့သည်။
ထို့နောက် ပြည်တွင်း/ပြည်ပ အကူအညီများ လိုအပ်ကြောင်းနှင့် အကူအညီပေးမည့် မည်သည့် အဖွဲ့အစည်းမဆို အကုန်လမ်းဖွင့်ပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ပြည်သူလူထုသို့ အသိပေး ပြောကြားခဲ့သည်။
နစကဥက္ကဋ္ဌ၏ ကမ်းလှမ်းချက်ထွက်ပေါ်ပြီးနောက် ရုရှား၊ အိန္ဒိယ၊ တရုတ်၊ အာဆီယံတို့က ကူညီကယ်ဆယ်ရေး အဖွဲ့များနှင့် အထောက်အပံ့ ပစ္စည်းများကို မတ်လ ၂၉ ရက်တွင် ရောက်ရှိလာခဲ့သည်။