CNI International News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂
ဆူဒန်နိုင်ငံအနောက်ပိုင်း Marra တောင်တန်းများအတွင်းက ရွာတစ်ရွာတွင် မြေပြိုကျမှုကြောင့် လူ ၁,၀၀၀ ထက်မနည်း သေဆုံးခဲ့ပြီး တစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း ဆူဒန်လွတ်မြောက်ရေးလှုပ်ရှားမှု/ တပ်မတော်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်၌ ပြောကြားခဲ့သည်။
ရက်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် သြဂုတ် ၃၁ ရက်တွင် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း Abdelwahid Mohamed Nour ဦးဆောင်သည့်အဖွဲ့မှ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဒါဖာဒေသတွင် တည်ရှိသည့် နယ်မြေကို ထိန်းချုပ်ထားသော ဆူဒန်လွတ်မြောက်ရေးလှုပ်ရှားမှု/တပ်မတော်က အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူ ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများသို့ တောင်းဆိုခဲ့သည်။