CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၂

ဖူလ်ဟမ်အသင်းက ယူနိုက်တက်ကစားသမား တိုမီနေးကို ပေါင်သန်း ၂၀ ခန့်နဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ တိုမီနေးကို ‌ရောင်းထုတ်ဖို့ စိတ်ကူးထားပေမယ့် ပေါင် ၂၅ သန်းမှ ပေါင် ၃၀ သန်းအထိ ပြောင်းရွှေ့ကြေးကို သတ်မှတ်ထားပါတယ်။

နောက်ထပ်တစ်နှစ် သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိနေတဲ့ စကော့တလန် ကွင်းလယ် ကစားသမားကို ဂါလာတာဆာရေးနဲ့ ဖီနာဘာချီတို့ကလည်း စိတ်ဝင်စားနေကြပါတယ်။

မက်တိုမီနေးကို တွေ့ရစဥ်

ပြီးခဲ့တဲ့ရာသီက ၁၀ ဂိုး သွင်းယူခဲ့တဲ့ တိုမီနေးကို အဲရစ်တန်ဟတ်က သဘောကျပေမယ့် ယူနိုက်တက်အသင်းသာ အားကောင်းလာမယ်ဆိုရင် ရောင်းထုတ်မှာဖြစ်ပါတယ်။

ဒါကြောင့် ဖူလ်ဟမ်အသင်းဟာ သူတို့ရဲ့ ကမ်းလှမ်းမှုကို တိုးမြှင့်ဖို့ ယူနိုက်တက်အသင်းက မျှော်လင့်နေတာပါ။

အဲဒီနောက် ဖီနာဘာချီနဲ့ ဂါလာတာဆာရေးတို့က သူတို့ရဲ့ စိတ်ဝင်စားမှုကို အလေးအနက်ထား ကမ်းလှမ်းမလား ဆိုပြီးတာတော့ စောင့်ကြည့်ရဦးမှာပါ။

တိုမီနေးဟာ ပြီးခဲ့တဲ့ ရာသီက ကွင်းလယ်ခံစစ်ကနေ ရှေ့တန်းအထိ အခန်းကဏ္ဍ အမျိုးမျိုးမှာ ပါဝင်ကစားခဲ့ပါ တယ်။

Source: The Guardian