CNI Sport News

၂၀၂၄ခုနှစ်၊ သြဂုတ် ၁

‌ချယ်လ်ဆီးအသင်း ကစားသမား ကော်နာဂယ်လာဂါကို ခေါ်ယူဖို့ အသလက်တီကို အသင်းက ကမ်းလှမ်းခဲ့တာမှာ ချယ်လ်ဆီးအသင်းက လက်ခံခဲ့လို့ သဘောတူညီမှုရရှိသွားပြီ ဖြစ်ပါတယ်။

ဂယ်လာဂါဟာ ဗုဒ္ဓဟူးနေ့က ချယ်လ်ဆီးအသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီးနောက် အခုလို အသလက်တီကိုအသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဂယ်လာဂါဟာ ချယ်လ်ဆီးအသင်းရဲ့ ၃ နှစ်သက်တမ်းတိုးဖို့( ၂ နှစ်နှင့် နောက်ထပ်ရွေးချယ်ခွင့် )ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ကစားသမားရဲ့ အနာဂတ်ကို ကူညီဖြေရှင်းပေးဖို့ အသလက်တီကို အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါသည်။

ဂယ်လာဂါဟာ အသလက်တီကိုသို့ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပြီး ချယ်လ်ဆီးအသင်းကလည်း သူလိုချင်တဲ့ အတိုင်း စပိန်ကို ပြောင်းရွှေ့နိုင်ဖို့အတွက် တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်လို့ ပြောထားပါတယ်။

ကော်နာ ဂယ်လာဂါ ကိုတွေ့ရစဥ်

အသက် ၂၄ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကစားသမားဟာ ၂၀၂၂ ခုနှစ် ဆောင်းဦးပေါက်မှာ စာချုပ်သက်တမ်းတိုးဖို့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ အခုနှစ် နွေရာသီမှာ ဂယ်လာဂါအတွက် အက်စတွန်ဗီလာထံကနေ ပိုမိုကြီးမားတဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ အက်ကစတွန်ဗီလာအသင်းရဲ့ ကမ်းလှမ်းမှုကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဂယ်လာဂါကို ပရီးမီးယားလိဂ် ပြိုင်ဘက်ထက် ပြည်ပကလပ် အသင်းတစ်သင်းထံကိုပဲ ရောင်းချဖို့ လိုလားနေတာ ဖြစ်ပါတယ်။

Source: SkySport