CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၉

ချယ်လ်ဆီးအသင်းဟာ အသလက်တီကိုအသင်းရဲ့ တိုက်စစ်မှူး အိုမိုရိုဒွန်ကို ခေါ်ယူနိုင်ဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဇွန်လက အိုမိုရိုဒွန်အတွက် ယူရို ၃၂.၅ သန်း (ပေါင် ၂၇.၄ သန်း) နဲ့ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရတာပါ။

ဒါကြောင့် ဒုတိယအကြိမ် ကမ်းလှမ်းမှုမှာတော့ အိုမိုရိုဒွန်ကို ပေါင် ၃၄.၅ သန်း (ယူရိုသန်း ၄၀) နဲ့ ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ အသလက်တီကို အသင်းတို့ကြား သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။

အိုမိုရိုဒွန်ဟာ စာချုပ်သက်တမ်းတိုးပါက ၂၀၃၂ ခုနှစ်အထိ သက်တမ်းတိုးမယ့် နောက်ထပ်တစ်နှစ် ရွေးချယ်ခွင့်နဲ့ ၇ နှစ်စာချုပ်ကို လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။

အသလက်တီကိုအသင်းဟာ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အိုမိုရိုဒွန်ကို ‌ရောင်းချပြီး ရန်ပုံ‌ငွေရှာမှာ ဖြစ်ပါတယ်။

အိုမိုရိုဒွန်ဟာ ဂရန်နာဒါအသင်းကနေ ပြီးခဲ့တဲ့နွေရာသီက အသလက်တီကိုအသင်းထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အိုမိုရိုဒွန် ကို တွေ့ရစဥ်

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ အိုမိုရိုဒွန်ဟာ ပြီးခဲ့တဲ့ရာသီက အသလက်တီကိုအသင်းကနေ အလာဗက်စ် အသင်းဆီကို အငှားသွားရောက်ကစားခဲ့ပြီး ၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။

အခုနွေရာသီအထိ ချယ်လ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား ကီနန်ဒီဘရီဟော်လ်၊ ရီနာတို ဗေဂါ နဲ့ အိုမာရီ ကယ်လ်လီမန်၊ ဂိုးသမား ဖီလစ် ဂျော်ဂျန်ဆန်၊ နောက်ခံလူ တိုဆင် အာဒါရာ ဘီအိုယိုနဲ့ ကဲဘ်လက်ဘ် ဝိုင်လီ၊ တောင်ပံကစားသမား အက်စတီဗာအို ဝီလျံ နှင့် တိုက်စစ်မှူး မာ့ခ်ဂီယူ တို့အတွက် ပေါင် ၁၁၅ သန်းခန့် အသုံးပြုခဲ့ ပါတယ်။ 

ဒီနောက်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ အီယန် မာ့တ်ဆန်၊ လူးဝစ် ဟော်လ်နဲ့ အိုမာရီ ဟတ်ချီဆန်၊ တိုက်စစ်မှူး ဟာ့ခ်ခင်းမ် ဇီရက်ချ်၊ မယ်လန် ဆာရ်နဲ့ သီယာဂိုဆေးဗားတို့ဟာ ချယ်လ်ဆီးအသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့ကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီကို လက်ရှိချန်ပီယံ မန်စီးတီးအသင်းနဲ့ သြဂုတ်လ ၁၈ ရက်နေ့မှာပဲ အိမ်ကွင်းမှာ စတင်ကစားရမှာ ဖြစ်ပါတယ်။

Source: The Athletic