CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆

ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ပွဲစဉ်တွေယှဉ်ပြိုင်ဖို့ UEFA ထံ လူစာရင်းတင်သွင်းခဲ့တာမှာ ကြယ်ပွင့် ကိုးလ်ပါလ်မာအပါအဝင် ဗဟိုခံစစ် ဖိုဖာနာနဲ့ ကွင်းလယ်လူ လာဗီးယားတို့ကို ချန်လှပ်ခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်ပြိုင်ပွဲအတွက် ကစားသမား ၂၉ ဦးစာရင်းထုတ်ပြန်ခဲ့ပြီး ကစားသမားသစ် တွေဖြစ်တဲ့ နက်တို၊ဂျာအိုဖီးလစ်နဲ့ ဆန်ချိုတို့ပါဝင်လာခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းအနေနဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့်တက်မယ်ဆိုရင် လူစာရင်းအသစ်ပြန်လည်တင်သွင်းလို့ရပြီး ဒီအချိန်ဆိုရင် ကိုးလ်ပါလ်မာဟာ အသင်းလူစာရင်းထံ ပြန်လည်ပါဝင်လာနိုင်တာဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်အဆင့်မှာ ဂျန့်၊ပါနာသီနိုင်ကို့စ်၊နိုအာ၊ဟိုင်ဒန်ဟိုင်း၊ အက်စ်တာနာ၊ ရှမ်ရော့ခ်ရိုဗာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ 

ကိုးလ်ပါလ်မာဟာ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးနဲ့ အင်္ဂလန်အသင်း အတွက် ပွဲပေါင်း ၄၅ ပွဲပါဝင်ကစားခဲ့ရပြီး ဒီရာသီမှာလည်း နောက်ထပ်ရှည်ကြာတဲ့ ရာသီတစ်ခုကို ထပ်ပြီး ဖြတ်သန်းရဖို့ ရှိနေပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ လာမယ့်နွေရာသီ အမေရိကန်နိုင်ငံမှာ ဖီဖာကကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအသစ်ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတာပါ။

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲ ၅ ပွဲကနေ ပွဲပေါင်း ၈၀ အထိ ကစားရနိုင်တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ်လူစာရင်းမှာ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ကို ဆက်ပြီးချန်လှပ်ခဲ့တာပါ။ 

ဒီရာသီ နည်းပြ မာရက်စ်ကာရဲ့ အစီအစဉ်မှာ လုံးဝပါဝင်ခြင်းမရှိတော့တဲ့ ဘန်ချီဝဲလ်ဟာ အပြောင်းအရွှေ့ ဖွင့်လှစ်နေဆဲဖြစ်တဲ့ တူရကီလိဂ်ထံပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေရှိနေတာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ရမှတ် ၄ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းနဲ့ အဝေးကွင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source:ESPN