CNI Sport News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၆

ဆန်မာရီနိုအသင်းဟာ နေးရှင်းလိဂ်ပွဲစဉ်မှာ လက်ချင်စတိန်းအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီးနောက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ 

ဒီပွဲစဉ်ရဲ့ ပွဲချိန် ၅၃ မိနစ်မှာသွင်းယူခဲ့တဲ့ ဆန်ဆိုလီရဲ့ သွင်းဂိုးကြောင့် ဆန်မာရီနိုအသင်းဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ပြိုင်ပွဲတစ်ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။

ဆန်မာရီနိုအသင်း နောက်ဆုံးနိုင်ပွဲ ရယူနိုင်ခဲ့တာက ၂၀၀၄ ခုနှစ်က ခြေစမ်းပွဲမှာ လက်ချင်စတိန်းအသင်းကိုပဲ ဖြစ်ပါတယ်။ 

ဆန်မာရီနိုအသင်းဟာ ဒီပွဲနောက်ပိုင်းမှာ နိုင်ပွဲတစ်ပွဲ ပြန်လည်ရယူနိုင်ဖို့အတွက် ပွဲပေါင်း ၁၄၀ အထိ ကစားခဲ့ရ တာပါ။

ဆန်မာရီနိုအသင်းဟာ နိုင်ပွဲကြောင့် အကြီးအကျယ် အောင်ပွဲခံမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဆန်မာရီနိုအသင်း ယှဉ်ပြိုင်နေစဉ်

ဒီပွဲမှာ ဆန်မာရီနိုအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အသက် ၁၉ နှစ်အရွယ်ရှိ ဆန်ဆိုလီဟာ နိုင်ငံအသင်း ပထမဆုံးနိုင်ပွဲရယူချိန်မှာ မွေးဖွားခြင်းတောင် မရှိသေးပါဘူး။

ဆန်မာရီနိုအသင်းဟာ နိုင်ငံသမိုင်းမှာ ပွဲပေါင်း ၂၀၆ ပွဲ ကစားထားတာမှာ ၂ ပွဲနိုင်၊ ၉ ပွဲသရေနဲ့ ၁၉၅ ပွဲ အရေးနိမ့် ထားတာပါ။ 

ဆန်မာရီနိုအသင်းဟာ ၂၀၂၄-၂၅ နေးရှင်းလိဂ်ပြိုင်ပွဲ D ရဲ့ အုပ်စု ၁ မှာ ဂျီဘရောတာ၊ လက်ချင်စတိန်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

ဆန်မာရီနိုအသင်းအနေနဲ့ ဒီအုပ်စုတွင်းမှာ ထိပ်ဆုံးနေရာ ရယူနိုင်မှသာ နေးရှင်းလိဂ်ပြိုင်ပွဲ C ကို တိုက်ရိုက် တန်းတက်နိုင်မှာပါ။ 

ဆန်မာရီနိုအသင်းဟာ စက်တင်ဘာ ၁၀ ရက်မှာ ခြေစမ်းပွဲအဖြစ် မော်လ်ဒိုဗာအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN