CNI Sport News
၂၀၂၅ ခုနှစ်၊ မေလ ၂၇
ဘက်တစ်အသင်း ကွင်းလယ် တိုက်စစ်ကစားသမား အစ္စကိုဟာ နေးရှင်းလိဂ် နောက်ဆုံးအဆင့်ပွဲတွေ ကစားမယ့် စပိန်အသင်း လူစာရင်းထဲ ပြန်ပါဝင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။
အစ္စကိုက “နှစ်ပေါင်းများစွာအကြာမှာ လူစာရင်းထဲ ပြန်ပါဝင်ခဲ့တဲ့အတွက် ပျော်ရွှင်ပါတယ်။ နိုင်ငံအသင်းနဲ့ ကစားဖို့ ပြန်လာခွင့်ရတာက ကောင်းမွန်တဲ့ ရည်မှန်းချက်ပန်းတိုင်ပါ။ ဒီမှာရှိရတာကို အလွန်ဂုဏ်ယူပါတယ်။
အရာအားလုံးကို ကောင်းမွန်စွာပြီးမြောက်ပြီး အခြေချနိုင်ဖို့ ကျနော်မျှော်လင့်ပါတယ်”လို့ ပြောခဲ့တာပါ။
အသက် ၃၃ နှစ်အရွယ်ရှိ အစ္စကိုဟာ ဒီရာသီမှာ ဘက်တစ်အသင်းအတွက် ၃၂ ပွဲကစားထားပြီး ၁၂ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပြီး ခြေစွမ်းပြသနေတာ ဖြစ်ပါတယ်။
ဘက်တစ်အသင်းကို ကွန်းဖရန့်လိဂ် ဗိုလ်လုပွဲ ရောက်ရှိအောင် ပို့ဆောင်ပေးထားနိုင်တဲ့ အစ္စကိုဟာ ၂၀၁၉ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် စပိန်အသင်း လူစာရင်းထဲမှာ ပြန်လည် ရွေးချယ်ခံခဲ့ရတာပါ။
အစ္စကို ကိုတွေ့ရစဉ်
အစ္စကိုဟာ စပိန်အသင်းအတွက် ၃၈ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။
စပိန်အသင်း လူစာရင်းထဲမှာ ဘာစီလိုနာကြယ်ပွင့် ဂါဗီလည်း ပြန်လည်ပါဝင်လာခဲ့တာပါ။
အသက် ၂၀ နှစ်အရွယ်ရှိ ဂါဗီဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် လပေါင်းများစွာကြာ အနားယူခဲ့ရပြီး စပိန် အသင်းအတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာက နောက်ဆုံးပွဲစဉ် ပါဝင်ကစားထားတာ ဖြစ်ပါတယ်။
ယူရို ၂၀၂၄ ချန်ပီယံစပိန်အသင်းဟာ ဒဏ်ရာကနေ သက်သာလာပေမယ့် ကြံ့ခိုင်မှုပြည့်ဝခြင်း မရှိသေးတဲ့ မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီကိုတော့ လူစာရင်းထဲမှာ ရွေးချယ်ခဲ့ခြင်းမရှိပါဘူး။
စပိန်အသင်းဟာ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဇွန်လ ၅ ရက်မှာ ပြင်သစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: besoccer