CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၂

စပိန်တိုက်စစ်မှူး အိုမိုရိုဒီယန်ရဲ့ ချယ်လ်ဆီးအသင်းသို့ အပြောင်းအရွှေ့ ပျက်ပြယ်သွားခဲ့ပြီးနောက် ချယ်လ်ဆီးနဲ့ အသလက်တီကိုအသင်းတို့ဟာ ဂျာအိုဖီးလစ်ရဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါ တယ်။

အိုမိုရိုဒီယန်ဟာ လန်ဒန်ကို သွားရောက်ပြီးနောက် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့မှုကို အပြီးသတ်ဖို့ မျှော်လင့်ခဲ့ ပေမယ့် ကလပ်နှစ်သင်းကြား ဆွေးနွေးမှုတွေဟာ အဆင်မပြေခဲ့တဲ့အတွက် ပျက်ပြယ်သွားခဲ့တာပါ။ 

အသလက်တီကိုအသင်းဟာ ဂယ်လာဂါနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ခေါ်ယူဖို့ လုပ်ဆောင်နေတာကြောင့် အိုမိုရိုဒီယန်ကို ရောင်းချချင်ခဲ့တာ ဖြစ်ပါတယ်။ 

ချယ်လ်ဆီးအသင်းဟာ ဒီအပြောင်းအရွှေ့ ပျက်ပြယ်အပြီးမှာ အသင်းမှာ အငှားနဲ့ လာရောက် ကစားခဲ့ဖူးတဲ့ ဂျာအိုဖီးလစ်ရဲ့ အပြောင်းအရွှေ့အတွက် အသလက်တီကိုအသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာပါ။

အသက် ၂၄ နှစ်အရွယ်ရှိ ဂျာအိုဖီးလစ်ဟာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီက ချယ်လ်ဆီးအသင်းမှာ ၆ လကြာ အငှားကစား ခဲ့ပြီး ပွဲပေါင်း ၂၀ ပါဝင်ကစားကာ ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ပေါ်တူဂီကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းမှာ အငှားသွားရောက် ကစားခဲ့တာပါ။ 

ဂျာအိုဖီးလစ်ကို တွေ့ရစဉ်

ဘာစီလိုနာအသင်းဟာ ဒီရာသီမှာ ဂျာအိုဖီးလစ်ကို ပြန်လည် ခေါ်ယူချင်နေပေမယ့် အငှားနဲ့သာ ခေါ်ယူဖို့ ကြိုးပမ်း ခဲ့တာ ဖြစ်ပါတယ်။ 

ဂျာအိုဖီးလစ်ဟာ အသလက်တီကိုအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ကစားပြီး ဂိုးသွင်းယူနေပေမယ့် သူ့ရဲ့အနာဂတ်ဟာ မရေမရာဖြစ်နေတာပါ။

အသလက်တီကိုအသင်းဟာ ဂျာအိုဖီးလစ်ကို ဒီနွေရာသီမှာ အငှားထပ်မချချင်တော့ဘဲ အပြီးသတ် ရောင်းချချင် နေတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ကစားသမား အများအပြား ခေါ်ယူထားပြီး ဝုလ်ဗ်စ်အသင်း တောင်ပံ ကစားသမား ပက်ဒရိုနက်တိုကို နောက်ဆုံး ခေါ်ယူထားတာပါ။ 

ချယ်လ်ဆီးအသင်းဟာ ရာသီကြိုခြေစမ်းပွဲတွေမှာတော့ ရလဒ်တွေ ဆိုးခဲ့ပြီး ၆ ပွဲကစားခဲ့တာမှာ ၁ ပွဲနိုင် ၂ ပွဲသရေ ၃ ပွဲရှုံးနိမ့်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ သြဂုတ် ၁၈ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြ စ်ပါတယ်။

Source: Dailymail