CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၂

ဝိန်းရွန်နီဟာ ပလိုင်းမောက်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးပွဲမှာ ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့တာ ကြောင့် ဒေါသထွက်ပြီး စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။ 

ဝိန်းရွန်နီက “ဒီဂိုးရလဒ်နဲ့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ စိတ်ပျက်ပြီး ဒေါသထွက်သလို အံ့အားလည်း သင့်မိပါ တယ်။ ဒီပွဲမှာ အခြေခံတွေကအစ လုံလောက်မှု မရှိဘူးလို့ ထင်ပါတယ်။ ကျနော့် အတွက်တော့ ဒါဟာ လက်ခံနိုင် စရာ မရှိပါဘူး။ ကျနော်တို့ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်က ပြသခဲ့တဲ့ ယုံကြည်မှုအတိုင်းလည်း မကစား နိုင်ခဲ့ပါဘူး။ ဒီပွဲက စွမ်းဆောင်ရည်ဟာ ကျနော် မြင်တွေ့ချင်တဲ့ အရာမဟုတ်ပါဘူး။ ဒီလိုမျိုးထပ်ပြီး မဖြစ်အောင် လုပ်ရမယ်”လို့ Sky Sports ကို ပြောခဲ့တာပါ။

ချန်ပီယံရှစ်ပွဲစဉ် ၁ အဖြစ်ကစားခဲ့တဲ့ ဒီပွဲမှာ ပလိုင်းမောက်အသင်းဟာ ရှက်ဖီးဝက်နက်စ်ဒေးအသင်းကို ၄ ဂိုး-ဂိုး မရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တာပါ။

ပလိုင်းမောက်အသင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ရှက်ဖီးဝက်နက်စ်ဒေးအသင်းကို ၁ ဂိုးသာ ခွင့်ပြုခဲ့ရပေမယ့် ဒုတိယပိုင်းအစမှာ ကိုယ့်ဂိုးကိုယ် သွင်းယူမှု၊ ပွဲပြီးခါနီးမှာ ၂ ဂိုး ပေးခဲ့ရတာတွေကြောင့် ဂိုးပြတ်ရှုံးပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။

ဝိန်းရွန်နီဟာ ပလိုင်းမောက်အသင်းရဲ့ ဂိုးပြတ်ရှုံးပွဲကြောင့် စိတ်ပျက်နေခဲ့တာပါ။ 

ဝိန်းရွန်နီကို တွေ့ရစဉ်

ဝိန်းရွန်နီဟာ ပြီးခဲ့တဲ့မေလကမှ ပလိုင်းမောက်အသင်းရဲ့ နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခံထားရတာ ဖြစ်ပါတယ်။ 

ဝိန်းရွန်နီဟာ ပလိုင်းမောက်အသင်းကို ရလဒ်ကောင်းတွေ ရယူပေးနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် ချန်ပီယံရှစ် ပွဲဦးထွက် ပွဲစဉ်မှာတင် စိတ်ပျက်စရာ ကြုံတွေ့ခဲ့ရတာပါ။ 

ကစားသမားဘဝမှာ ယူနိုက်တက်အသင်းနဲ့အတူ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ ဝိန်းရွန်နီဟာ နည်းပြ ဘဝမှာ ရလဒ်တွေ ဆိုးရွားနေပြီး အခုနှစ် အစောပိုင်းကမှ ဘာမင်ဂမ်အသင်း နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပလိုင်းမောက်အသင်းဟာ ရှက်ဖီးဝက်နက်စ်ဒေးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံရှစ် အမှတ်ပေးဇယား ရဲ့ အောက်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

ပလိုင်းမောက်အသင်းဟာ ကြားရက်ထဲမှာ ကာရာဘောင်းဖလား ပထမအဆင့်ပွဲစဉ်အဖြစ် ချယ်လ်တန်ဟမ် တောင်း အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal