CNI Sport News

၂၀၂၄ခုနှစ်၊ သြဂုတ် ၅

ချယ်လ်ဆီးကစားသမား ဂယ်လာဂါဟာ အက်သလက်တီကို အသင်းကို ပြောင်းရွှေ့ဖို့ စပိန်မြေကို ထွက်ခွာတော့ မှာပဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ဂယ်လာဂါအတွက် ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

အသက် ၂၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ကစားသမားဟာ တနင်္လာနေ့နံနက် အစောပိုင်းမှာ စပိန်ကိုထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ဂယ်လာဂါဟာ ကိုယ်ရေးကိုယ်တာ စည်းကမ်းချက်တွေကို အပြီးသတ်ဖို့ အက်သလက်တီကိုနဲ့ နောက်ထပ် ဆွေးနွေးမှုတွေ ပြုလုပ်မှာဖြစ်ပြီး အားလုံးအဆင်ပြေပြီဆိုတာနဲ့ ကျန်းမာရေး ဆေးစစ်မှု ခံယူရမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနွေရာသီမှာ ဂယ်လာဂါအတွက် အက်စတွန်ဗီလာထံက ပိုမိုကြီးမားတဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပေမယ့် ဗီလာပါ့ခ်ကို ပြောင်‌ရွှေ့ဖို့ ငြင်းပယ်ပြီး စတန်းဖို့ဒ်ဘရစ်ချ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ဂယ်လာဂါ ကို တွေ့ရစဥ်(Fabrizio Romano)

စပါးအသင်းကလည်း ဂယ်လာဂါကို စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းက သူ့ကို ပရီးမီးယားလိဂ် ပြိုင်ဘက်ထက် ပြည်ပကလပ် အသင်းတစ်သင်းကိုဘဲ ရောင်းချချင်ခဲ့တာ ဖြစ်ပါတယ်။

Source: Sky Sports