CNI Sport News

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၃၁

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ပီအက်စ်ဂျီအသင်း ကွင်းလယ်လူ အူဂါတေးကို ခေါ်ယူခဲ့ပြီး တိုမီနေးကို နာပိုလီအသင်းထံ အပြီးသတ်ရောင်းချကာ ဆန်ချိုကို ချယ်လ်ဆီးအသင်းထံ အငှားချခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီအသင်း ကွင်းလယ်လူ အူဂါတေးကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၂.၁ သန်း၊ စွမ်းဆောင်ရည်အပေါ်မူတည်ကာ အပိုဆုကြေးပေါင် ၈.၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။ 

ယူနိုက်တက်အသင်းဟာ အသက် ၂၃ နှစ်အရွယ်ရှိ ဥရုဂွေးကစားသမားကို ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် ၁ နှစ်သက်တမ်းတိုးခွင့်ရှိနေတာ ဖြစ်ပါတယ်။ 

အူဂါတေးဟာ ဒီနွေရာသီမှာ ဇာ့ခ်ဇီ၊ယိုရို၊ဒီလစ်၊မက်ဇ်ရာအူရီတို့ပြီးနောက် ယူနိုက်တက်အသင်းကို ရောက်ရှိလာတဲ့ ၅ ဦးမြောက်ကစားသမား ဖြစ်တာပါ။ 

ယူနိုက်တက်အသင်း အကယ်ဒမီထွက် ကွင်းလယ်လူ တိုမီနေးက နာပိုလီအသင်းထံ ပေါင် ၂၅.၇ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့ခဲ့ပါတယ်။ 

အသက် ၅ နှစ်အရွယ်ကတည်းက ယူနိုက်တက်အသင်းကို ရောက်ရှိခဲ့တဲ့ တိုမီနေးဟာ အသင်းကြီးအတွက် ၂၀၁၇ ခုနှစ်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး ပွဲပေါင်း ၂၅၅ ပွဲပါဝင်ကစားကာ ၂၉ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

 ဆန်ချိုကို တွေ့ရစဉ်

တိုမီနေးဟာ ယူနိုက်တက်အသင်းနဲ့အတူ ကာရာဘောင်းဖလား၊ FA ဖလားတို့ကို ရယူနိုင်ခဲ့ပြီး ဒီရာသီမှာ အသင်းအတွက် ၃ ပွဲ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ 

ဒီနွေရာသီ အပြောင်းအရွှေ့မှာ အသင်းကြီးအများအပြားနဲ့ သတင်းတွေထွက်ခဲ့တဲ့ တောင်ပံကစားသမား ဆန်ချိုဟာ ချယ်လ်ဆီးအသင်းထံ ရာသီအကုန်ထိ အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ဆန်ချိုကို အငှားစာချုပ် ကုန်ဆုံးချိန်မှာ ယူနိုက်တက်အသင်းကနေ ပေါင် ၂၃ သန်းနဲ့ မဖြစ်မနေဝယ်ယူဖို့လည်း သဘောတူညီမှုထဲမှာ ပါဝင်တာဖြစ်ပါတယ်။ 

ဆန်ချိုဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေခဲ့လို့ ဇန်နဝါရီမှာ ဒေါ့မွန်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ဒါပေမယ့် ဆန်ချိုဟာ ရာသီကြိုကာလမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ ဆွေးနွေးမှုပြုလုပ်ခဲ့တာမှာ အဆင်ပြေပြီးနောက် လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင်ခဲ့သလို ခြေစမ်းပွဲတွေမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ 

အင်္ဂလန်ကစားသမားဟာ ယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲစလုံးမှာ ပါဝင်ခဲ့ခြင်းမရှိတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့လုပ်ဆောင်ခဲ့ပြီး ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့တာပါ။ 

၂၀၂၁ ခုနှစ်က ဒေါ့မွန်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဆန်ချိုဟာ ယူနိုက်တက်အသင်းအတွက် ၈၃ ပွဲပါဝင်ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ 

Source: BBC