CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀

စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ မေဂျာလိဂ်ရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ ရင်ဆိုင်ဖို့ ဆော်ဒီပရိုလိဂ်ထံ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ 

ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ဆာချာတာဗိုလီရီက ရာမို့စ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အိုရိုဘတ်အသင်းထံ ပြောင်းရွှေ့မယ်လို့ ဖော်ပြထားတာပါ။ 

အယ်လ်အိုရိုဘတ်အသင်းဟာ ဒီရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို တန်းတက်ခဲ့ပြီးနောက် ခရစ္စတီယန်တယ်လိုကို လည်း ခေါ်ယူထားတာ ဖြစ်ပါတယ်။ 

ရာမို့စ်ဟာ ဆီဗီလာအသင်းကနေ ထွက်ခွာကြောင်း ကြေညာပြီးကတည်းက အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ ထင်ကြေးတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပြီး ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းကလည်း သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စား ခဲ့တာပါ။ 

ရာမို့စ်ဟာ အယ်လ်နာဆာအသင်းထံ ပြောင်းရွှေ့ဖို့ ချိတ်ဆက်ခဲ့ပေမယ့် အပြောင်းအရွှေ့ အကောင်အထည်ဖော် ခြင်း မရှိခဲ့ပါဘူး။ 

ဒါအပြင် မေဂျာလိဂ် အပြောင်းအရွှေ့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပေမယ့် ဆွေးနွေးမှုတွေဟာ ပျက်ပြယ်ခဲ့တာပါ။ 

ရာမို့စ်ကို တွေ့ရစဉ်

ရာမို့စ်ဟာ သူ့ရဲ့ကစားသမားဘဝမှာ အောင်မြင်မှုတွေ အများအပြား ရယူထားတဲ့သူဖြစ်ပြီး ရီးရယ်လ်အသင်းမှာ ကစားခဲ့တဲ့ ၁၆ နှစ်ကြာ ကာလအတွင်း ၆၇၁ ပွဲ ပါဝင်ကစားခဲ့တာမှာ ၁၀၁ ဂိုးသွင်းပြီး ဂိုး ၄၀ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရာမို့စ်ဟာ ရီးရယ်လ်အသင်းမှာ လာလီဂါဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာပါ။ 

ရာမို့စ်ဟာ ရီးရယ်လ်အသင်းက ထွက်ခွာပြီးနောက် ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တဲ့ ၂ ရာသီအတွင်းမှာ ပြင်သစ် လီဂူး-၁ ဖလား အပါအဝင် ဆုဖလား ၃ ခု ရယူနိုင်ခဲ့ပါတယ်။ 

ရာမို့စ်ဟာ ဆီဗီလာအသင်းထံ ပြန်ရောက်ချိန်မှာ အောင်မြင်မှု မရခဲ့ပေမယ့် သူ့ရဲ့ငယ်ဘဝ ကလပ်မှာ ထပ်ပြီး ကစားချင်တဲ့ဆန္ဒ ပြည့်သွားခဲ့တာပါ။ 

အယ်လ်အိုရိုဘတ်အသင်းနဲ့ အပြောင်းအရွှေ့ ဖြစ်ခဲ့မယ်ဆိုရင် ဒီအသင်းဟာ အသက် ၃၈ နှစ်အရွယ်ရှိ ရာမို့စ် အတွက် နောက်ဆုံးအသင်း ဖြစ်သွားနိုင်ပါတယ်။ 

ဘောလုံးပရိသတ်တွေ အတွက်လည်း ပြည်တွင်းပြိုင်ပွဲတွေမှာ အယ်လ်နာဆာအသင်းနဲ့ အယ်လ်အိုရိုဘတ် အသင်းတို့ ယှဉ်ပြိုင်ချိန် ရီးရယ်လ်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ရာမို့စ်တို့အကြား ပြိုင်ဆိုင်မှုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ 

Source: Goal