CNI Sport News

၂၀၂၄ ခုနှစ်၊ သြဂုတ် ၃၀

ဆမ်ဒိုးရီးယားအသင်းဟာ စီးရီးဘီရာသီအစကို ရလဒ်ဆိုးတွေနဲ့ စတင်ခဲ့ပြီးနောက် နည်းပြ ပီယာလိုကို ရာထူးက ထုတ်ပယ်ခဲ့ပါတယ်။ 

ဆမ်ဒိုးရီးယားအသင်းဟာ ရာသီအစပွဲစဉ် ၃ ပွဲ ကစားအပြီးမှာ ၂ ပွဲရှုံး ၁ ပွဲသရေ ရလဒ်နဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေတာပါ။ 

အသက် ၄၅ နှစ်အရွယ်ရှိ ပီယာလိုဟာ ဆမ်ဒိုးရီးယားအသင်း စီးရီးအေပြိုင်ပွဲကနေ တန်းဆင်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်မှာ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

ပီယာလိုဟာ ဆမ်ဒိုးရီးယားအသင်းကို ၄၅ ပွဲ ကိုင်တွယ်ခဲ့ပြီး အနိုင် ၃၅.၅၆ ရာခိုင်နှုန်းသာ ရယူပေးနိုင်ခဲ့တာပါ။ 

ဆမ်ဒိုးရီးယားအသင်းက ပီယာလိုနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေ ကလပ်မှာ အလုပ်လုပ်ခဲ့ချိန်အတွင်း ပြသခဲ့တဲ့ ကတိကဝတ်နဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုတွေအတွက် ကျေးဇူးတင်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ ပီယာလိုဟာ ၂၀၂၀ ခုနှစ်မှာ ဂျူဗင်တပ်စ်အသင်းကို ကိုင်တွယ်ကာ သူ့ရဲ့နည်းပြဘဝကို စတင်ခဲ့တာပါ။

ပီယာလိုကို တွေ့ရစဉ်

ပီယာလိုဟာ ဂျုဗင်တပ်စ်အသင်းကို တစ်ရာသီကြာသာ ကိုင်တွယ်ပြီး အီတလီစူပါဖလားနဲ့ ကိုပါအီတာလီယာ ဖလား ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ပီယာလိုဟာ ဂျူဗင်တပ်စ်အသင်းက ထွက်ခွာအပြီးမှာ တူရကီကလပ် ဖာတစ်အသင်းကိုလည်း တစ်ရာသီကြာသာ ကိုင်တွယ်ခဲ့တာပါ။

ဖာတစ်အသင်းက ထွက်ခွာအပြီးမှာ ဆမ်ဒိုးရီးယားအသင်းကို ကိုင်တွယ်ခဲ့ပေမယ့် တစ်ရာသီကြာ ကိုင်တွယ် အပြီးမှာ ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပီယာလိုဟာ ကစားသမားဘဝမှာ ဘရက်ရှား၊ ရက်ဂျီနာ၊ အင်တာမီလန်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်အသင်းနဲ့ အနားမယူခင် နယူးယော့ခ်စီးတီးအသင်းတို့မှာ ကစားခဲ့တာပါ။ 

ပီယာလိုဟာ ကစားသမားဘဝမှာ အီတလီအသင်းနဲ့ ၂၀၀၆ ကမ္ဘာ့ဖလား ချန်ပီယံဆုအပြင် စီးရီးအေဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် အပါအဝင် ဆုဖလား အများအပြား ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

Source: BBC